< Aịzaya 63 >
1 Onye bụ onye a si nʼEdọm na-abịa, onye si Bozra, nke uwe ya dị ọbara ọbara? Onye bụ onye a, yi uwe mara oke mma, onye na-azọ ije dịka ịba ụba nke ike ya si dị? “Ọ bu mụ onwe m, onye na-ekwu okwu nʼezi omume, onye dị ike ịzọpụta!”
၁တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။
2 Gịnị mere uwe gị ji na-acha ọbara ọbara, dịka uwe onye na-azọcha mkpụrụ vaịnị?
၂ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း။
3 “Azọchaala m ebe ịzọcha mkpụrụ vaịnị, naanị m zọchara ya; o nweghị onye sị na mba niile dị iche iche bịa nyere m aka. Azọchara m ha nʼiwe m, zọpịasịakwa ha nʼime oke ọnụma m; ọbara ha gbasasịrị nʼuwe m, ma metọsịa uwe m niile.
၃စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။
4 Nʼihi na ọ bụ ụbọchị m ji abọ ọbọ; afọ mgbapụta m kwadoro eruola.
၄အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။
5 Elere m anya ma o nweghị onye bịara inyere m aka. O juru m anya, jukwa m ọnụ, na o nweghị onye pụtara inyere m aka. Nʼihi ya, aka m wetara m mmeri. Ọ bụkwa ọnụma juru m obi gbara m ume imezu ya.
၅ငါကြည့်ရှု၍ မစသော သူမရှိ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။
6 Nʼiwe m, azọpịara mba niile dị iche iche; esitere m nʼọnụma juru m obi zọpịasịa ha. Emekwara ka ọbara ndụ ha bụrụ ihe a wụsiri nʼala.”
၆လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။
7 Aga m ekwupụta ihe banyere ịhụnanya Onyenwe anyị. Aga m eto ya nʼihi ihe niile o mere. Aga m aṅụrị ọṅụ nʼihi ịdị mma ya nʼebe Izrel nọ, e, nʼihi ọtụtụ ihe ọma o mere nʼihi mmeso ọma niile o mesoro ụlọ Izrel, nke ọ na-emeso ha dịka obi ebere ya na ọmịiko ya si dị.
၇ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို၎င်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို၎င်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။
8 Nʼihi na Onyenwe anyị sịrị, “Ndị a bụ nke m; e, ha agakwaghị agọnarị m ọzọ.” Ya mere, ọ ghọọrọ ha Onye nzọpụta.
၈အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူ သဖြင့်၊ သူတို့ကို ကယ်နှုတ်တော်မူ၏။
9 Nʼime mkpagbu ha niile, a kpagbukwara ya onwe ya, ọ bụkwa mmụọ ozi nke ihu ya zọpụtara ha. Nʼime ịhụnanya ya na obi ebere ya, ọ gbapụtara ha, bulie ha elu, kuru ha ogologo ụbọchị ndị a niile ndị gara aga.
၉အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
10 Ma ha nupuru isi megide ya, meekwa ka obi jọọ Mmụọ Nsọ ya njọ. Ọ bụ ya mere o ji ghọọ onye iro ha, lụsokwa ha ọgụ nʼonwe ya.
၁၀သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။
11 Mgbe ahụ, ndị ya chetara ụbọchị ndị ahụ gara aga, ụbọchị Mosis na ndị nke ya. Olee ebe onye ahụ nọ nke mere ka ha si nʼoke osimiri rigopụta, ya na onye ọzụzụ atụrụ nke igwe atụrụ ya? Olee ebe onye ahụ tinyere Mmụọ Nsọ ya nʼetiti ha nọ.
၁၁ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊
12 Olee onye ahụ ike ya mere ka osimiri kewaa abụọ nʼihu ha, mgbe Mosis weliri aka ya elu, meekwa ka aha ya dịgide ruo ebighị ebi?
၁၂မောရှေ၏လက်ျာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှါ၊ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့်၊
13 Onye duuru ha gafee mmiri dị oke omimi? Dịka ịnyịnya na-agba ọsọ nʼọzara, ike agwụghị ha.
၁၃လွင်ပြင်၌ မြင်းကို နှင်သကဲ့သို့၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း။
14 Dịka ehi na-ata ahịhịa na ndagwurugwu, Mmụọ Onyenwe anyị nyere ha izuike. Otu a ka i si duo ndị gị, ime ka aha gị bụrụ ihe a na-asọpụrụ asọpụrụ.
၁၄ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
15 Onyenwe anyị, biko site nʼeluigwe, ebe obibi nsọ gị, lee anyị anya. Olee ebe nʼịnụ ọkụ nʼobi na ike gị dị? Olee ebe obi ebere gị na ọmịiko gị dịkwa?
၁၅ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော် အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။
16 Ma gị onwe gị, bụ Nna anyị, a sịkwarị na Ebraham amaghị anyị maọbụ Izrel agọnarị anyị, gị onwe gị, Onyenwe anyị, bụ Nna anyị, onye Mgbapụta anyị ka ị na-azakwa siterị na mgbe ochie.
၁၆အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ၏။
17 Onyenwe anyị, gịnị mere i ji na-eme ka anyị si nʼụzọ gị kpafuo na-eme ka obi anyị sie ike otu a, na anyị adịghị atụ egwu gị? Lọghachi nʼihi ndị ohu gị, nʼihi ebo ndị ahụ bụ ihe nketa gị.
၁၇အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်ုပ်တို့အတွက်၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ။
18 Ọ bụ naanị nwa oge nta ka ndị gị nwetara ebe nsọ gị, ma ugbu a, ndị iro anyị azọdala ebe nsọ gị.
၁၈ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
19 Anyị bụ nke gị site na mgbe ochie, ma ị naghị achị nʼebe ha nọ, ha bụ ndị a na-akpọkwasịghịkwa aha gị.
၁၉အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပါ၏။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း။