< Jenesis 38 >
1 Nʼoge ahụ, Juda hapụrụ ụmụnne ya gaa binyere otu nwoke onye Adulam a na-akpọ Hira.
၁၎င်းအချိန်လောက်တွင်ယုဒသည်သူ၏ညီအစ် ကိုတို့ထံမှထွက်ခွာ၍ အဒုလံမြို့သားဟိရ ထံ၌သွားရောက်နေထိုင်လေ၏။-
2 Nʼebe ahụ, Juda hụrụ otu nwaagbọghọ, nwa otu nwoke onye Kenan, aha ya bụ Shua. Ọ lụrụ ya ma bakwuru ya.
၂ထိုအရပ်တွင်ယုဒသည် ခါနာန်အမျိုးသား ရှုအာဆိုသူ၏သမီးကိုတွေ့မြင်၍ထိမ်းမြား လေ၏။-
3 Ọ tụụrụ ime mụọ nwa nwoke, onye Juda gụrụ aha Ịa
၃သူ့မယားသည်သားတစ်ယောက်ကိုဖွားလျှင် ထိုသားကိုဧရဟုနာမည်မှည့်လေ၏။-
4 Nwunye ya dịkwara ime ọzọ mụta nwa nwoke nke ya bụ nwunye ya gụrụ Onan.
၄တစ်ဖန်သားတစ်ယောက်ဖွားလျှင်သြနန်ဟု နာမည်မှည့်လေသည်။-
5 Ọ mụkwara nwa nwoke ọzọ, onye ọ kpọrọ Shela. Ọ bụ na Kezib ka ọ mụrụ ya.
၅နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
6 Juda lụtaara Ịa, ọkpara ya, nwunye onye aha ya bụ Tama.
၆ယုဒသည်သူ၏သားဦးဧရကိုတာမာနာမည် ရှိသောအမျိုးသမီးနှင့်ထိမ်းမြားပေးလေ၏။-
7 Ma nʼihi na Ịa, ọkpara Juda, dị njọ nʼanya Onyenwe anyị. Onyenwe anyị gburu ya.
၇ဧရသည်ထာဝရဘုရားရှေ့တော်တွင်အကျင့် ဆိုးသောသူဖြစ်ခြင်းကြောင့် ထာဝရဘုရား သည်သူ့အားအသက်တိုစေတော်မူ၏။-
8 Mgbe ahụ, Juda sịrị Onan, “Bakwuru nwunye nwanne gị ka ịkuchie ya, ka i si otu a wulite mkpụrụ maka nwanne gị.”
၈ထိုအခါယုဒသည်သားသြနန်အား``သင် သည်အစ်ကို၏ဇနီးအားမတ်တစ်ယောက် အနေဖြင့်တာဝန်ရှိသူဖြစ်သောကြောင့် သူ နှင့်အိမ်ထောင်ပြု၍အစ်ကိုအတွက်မျိုးဆက် ပွားစေလော့'' ဟုဆိုလေ၏။-
9 Onan ma na mkpụrụ a agaghị abụ nke ya. Nʼihi ya, mgbe ọbụla ọ bakwuru nwunye nwanne ya, ọ na-anyụsa mkpụrụ nwa ya nʼala, ime ka ọ ghara inye nwanne ya nwoke nwa.
၉သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
10 Ma ihe a o mere jọrọ njọ nʼanya Onyenwe anyị. Nʼihi ya Onyenwe anyị gbukwara ya.
၁၀သြနန်ထိုကဲ့သို့ပြုခြင်းကိုထာဝရဘုရား မနှစ်သက်သဖြင့် သူ့ကိုလည်းအသက်တိုစေ တော်မူ၏။-
11 Juda sịrị nwunye nwa ya, bụ Tama, “Laa nʼụlọ nna gị nọrọ dịka nwanyị di ya nwụrụ tutu Shela nwa m nwoke etoo.” Ma echiche ya bụ, “ka ọ ghara ịnwụ dịka ụmụnne ya.” Tama lara gaa biri nʼụlọ nna ya.
၁၁ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
12 Mgbe ọtụtụ oge gasịrị, nwunye Juda nwa Shua nwụrụ. Mgbe oge nkasiobi ya gasịrị, Juda jere Timna, ya na enyi ya Hira, onye Adulam, ilekọta ndị na-akpụchapụ igwe ewu na atụrụ ya ajị.
၁၂ကာလအတန်ကြာလေသော်ယုဒ၏မယား ရှုအာကွယ်လွန်လေ၏။ ယုဒသည်မယားအတွက် ငိုကြွေးမြည်တမ်းရာနေ့ရက်ပြီးဆုံးသောအခါ မိမိမိတ်ဆွေအဒုလံအမျိုးသားဟိရနှင့် အတူမိမိ၏သိုးများကိုအမွေးညှပ်ရန် တိမနတ်မြို့သို့သွားလေ၏။-
13 A gwara Tama sị ya, “Nna di gị na-aga Timna ịkpacha atụrụ ya ajị.”
၁၃တစ်စုံတစ်ယောက်ကတာမာအား``သင်၏ယောက္ခမ သည်တိမနတ်မြို့သို့သိုးမွေးညှပ်ရန်သွားလေ ပြီ'' ဟုသတင်းပေးလေ၏။-
14 O yipụrụ uwe mkpe ya, were akwa mkpuchi kpuchie onwe ya gaa nọdụ ala nʼọnụ ụzọ ama Enayim, nke dị nʼụzọ e si aga Timna. O mere otu a nʼihi na ọ matara na Shela etoola, ma enyeghị ya ka ọ bụrụ nwunye ya.
၁၄ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
15 Mgbe Juda hụrụ ya, o chere na ọ bụ otu nwanyị akwụna, ebe ọ bụ na o kpuchiri ihu ya.
၁၅ယုဒသည်တာမာကိုမြင်လျှင်မျက်နှာကိုပုဝါ နှင့်ဖုံးထားသောကြောင့် ပြည့်တန်ဆာမတစ်ယောက် ဟုထင်မှတ်လေ၏။-
16 Ma ebe ọ mataghị na ọ bụ nwunye nwa ya, o jekwuru ya ebe ọ nọdụrụ ala nʼakụkụ ụzọ sị ya, “Bịa, kwere ka mụ na gị dinaa.” Tama jụrụ, “Gịnị ka ị ga-enye m ma ọ bụrụ na m kwere ka mụ na gị dinaa?”
၁၆သူသည်လမ်းဘေး၌ထိုင်နေသောတာမာထံသို့ သွားပြီးလျှင်``ငါသင်နှင့်အိပ်လိုသည်'' ဟုဆို လေ၏။ (ထိုမိန်းမသည်သူ၏ချွေးမဖြစ်မှန်း မသိချေ။) မိန်းမကသူ့အား``ကျွန်မနှင့်အိပ် လိုလျှင်မည်သည့်အခကိုပေးမည်နည်း'' ဟု မေးလေ၏။
17 Ọ zara, “Aga m ezitere gị otu nwa ewu site nʼigwe ewu na atụrụ m.” Ọ jụrụ, “Ị ga-enye m ihe akaebe ruo mgbe ị ga-ezite ya?”
၁၇သူက``ငါ၏တိရစ္ဆာန်ထဲမှဆိတ်ငယ်တစ်ကောင် ကိုပို့လိုက်မည်'' ဟုပြန်ဖြေ၏။ မိန်းမက``ဆိတ်ငယ်ကိုမပို့သေးမီအာမခံပေး လျှင် သဘောတူပါမည်''ဟုဆို၏။
18 Ọ sịrị, “Kedụ ihe akaebe m ga-enye gị?” Ọ zara, “Mgbaaka akara gị na eriri ya, na mkpanaka dị gị nʼaka.” O nyere ya ihe ndị a. Ọ bakwuru ya nke mere na ọ tụụrụ ime.
၁၈သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။ မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။-
19 Mgbe o si nʼebe ahụ pụọ, o yipụrụ akwa ahụ o ji kpuchie ihu ya, yirikwa uwe mkpe ya.
၁၉တာမာသည်အိမ်သို့ပြန်၍ပုဝါကိုချွတ်ပြီး လျှင် မုဆိုးမအဝတ်ကိုပြန်လည်ဝတ်ဆင် လေ၏။
20 Mgbe Juda zigara enyi ya onye Adulam ka ọ gaa wegara ya nwa ewu ahụ, ma nataghachi ihe ibe ahụ, ọ hụghị ya.
၂၀ယုဒသည်မိန်းမထံမှအာမခံပစ္စည်းများကို ပြန်ယူရန် သူ၏မိတ်ဆွေဟိရကိုဆိတ်ငယ်နှင့် အတူစေလွှတ်လေ၏။ ဟိရသည်မိန်းမကို ရှာမတွေ့လျှင်၊-
21 Ọ jụrụ ndị ikom bi nʼebe ahụ sị, “Olee nwanyị akwụna ụlọ arụsị ahụ na-anọdụ nʼọnụ ụzọ ama Enayim?” Ha sịrị, “O nweghị nwanyị akwụna ụlọ arụsị nọrọla nʼebe a.”
၂၁ဧနိမ်မြို့သားတို့အား``လမ်းဘေး၌ထိုင်လေ့ ရှိသောပြည့်တန်ဆာမအဘယ်မှာရှိသနည်း'' ဟုမေးလေ၏။ သူတို့က``ဤအရပ်တွင်ပြည့်တန်ဆာမဟူ၍ မရှိပါ'' ဟုပြန်ဖြေကြ၏။
22 Ya mere, ọ laghachiri gaa gwa Juda, “Ahụghị m ya. Ọzọkwa, ndị ikom ndị bi nʼebe ahụ sịrị, ‘O nweghị nwanyị akwụna ụlọ arụsị nọrọla nʼebe a.’”
၂၂ထိုအခါသူသည်ယုဒထံသို့ပြန်လာ၍``ကျွန်ုပ် သည်ထိုမိန်းမကိုရှာ၍မတွေ့ပါ။ အရပ်သားတို့ ကလည်းထိုနေရာတွင်ပြည့်တန်ဆာမဟူ၍ မရှိကြောင်းပြောပါသည်'' ဟုဆိုလေ၏။
23 Juda zara, “Ka o jide ihe niile o ji, ma ọ bụghị otu a anyị ga-aghọ ihe ọchị. Lee, ezigarala m ya nwa ewu a, ma gị onwe gị achọtaghị ya.”
၂၃ယုဒက``ထိုပစ္စည်းများကိုသူယူထားပါစေ။ ကျွန်ုပ်တို့ကဲ့ရဲ့ခြင်းကိုမခံလိုပါ။ ကျွန်ုပ်သည် သူ့အားအခပေးရန်ကြိုးစားသော်လည်း သင် သည်သူ့ကိုရှာမတွေ့ခဲ့ပါ'' ဟုဆိုလေ၏။
24 Mgbe ọnwa atọ gasịrị, ozi ruru Juda ntị sị, “Tama nwunye nwa gị gbara akwụna, bịa site nʼịgba akwụna dịrị ime.” Juda sịrị, “Kpọpụtanụ ya ka akpọọ ya ọkụ.”
၂၄သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။
25 Ma mgbe ha kpọ ya na-apụta, o zigara nna di ya ozi, sị, “Ọ bụ nwoke nwee ihe ndị a tụwara m ime. Ọ sịkwara, Leruo anya ma ị ga-amata onye nwe ihe ndị a: mgbaaka akara a na eriri ya, na mkpanaka a.”
၂၅တာမာကိုအပြင်သို့ထုတ်ဆောင်လာကြသော အခါတာမာက``ကျွန်ုပ်သည်ဤပစ္စည်းများကို ပိုင်ဆိုင်သူနှင့်ကိုယ်ဝန်ရှိပါသည်။ ဤတံဆိပ် နှင့်စလွယ်ကြိုး၊ ဤတောင်ဝှေးတို့မှာမည်သူ့ ပစ္စည်းဖြစ်သည်ကိုကြည့်ပါ'' ဟူ၍ယောက္ခမ ထံသို့အကြောင်းကြားလိုက်လေ၏။
26 Juda ghọtara ha, sị, “Ọ bụ onye ezi omume karịa m, ebe ọ bụ na m jụrụ ịkpọrọ ya kpọnye nwa m nwoke Shela ka ọ bụrụ nwunye ya.” O dinakwaghị ya ọzọ.
၂၆ထိုပစ္စည်းများသည်သူ၏ပစ္စည်းဖြစ်မှန်းယုဒ သိသဖြင့်ယုဒက``ငါသည်သူ့အားငါ့သား ရှေလနှင့်ထိမ်းမြားပေးရန်ဝတ္တရားပျက်ကွက် သောကြောင့်ထိုသို့သူပြုမူပုံမှာနည်းလမ်း ကျပေသည်'' ဟုဆိုလေ၏။ ယုဒသည်နောက် တစ်ဖန်သူနှင့်မအိပ်တော့ချေ။
27 Mgbe oge ọmụmụ nwa ya ruru, ejima ka ahụrụ nʼakpanwa ya.
၂၇တာမာသည်သားဖွားချိန်စေ့သောအခါကိုယ်ဝန် တွင်အမြွှာရှိကြောင်းသိရလေသည်။-
28 Mgbe ọ na-amụ ha, otu nʼime ha sepụtara aka ya. Nwanyị na-aghọ nwa weere eriri na-acha uhie uhie kee ya na nkwoji aka kwuo sị, “Ọ bụ nke a bụ ụzọ pụta.”
၂၈မီးဖွားနေစဉ်ကလေးတစ်ယောက်ကလက်ကိုအပြင် သို့ဆန့်ထုတ်လေ၏။ ဝမ်းဆွဲကထိုလက်ကိုဖမ်းကိုင် ၍ကြိုးနီစချည်လျက်``ဤကလေးသည်သားဦး ဖြစ်သည်'' ဟုဆို၏။-
29 Ma nwa ahụ mesịrị sekpuo aka ya, nwanne ya nke ọzọ eburu ya ụzọ pụta. Nwanyị ahụ sịrị, “Ọ bụ otu a ka ị si tikapụta?” A kpọrọ ya Perez.
၂၉သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။-
30 Emesịa, nwanne ya, nke bu eriri uhie uhie ahụ na nkwoji aka pụtakwara. A kpọrọ ya Zera.
၃၀ထိုနောက်လက်တွင်ကြိုးနီချည်ထားသောညီဖွား မြင်လာ၏။ သူ့အားဇာရဟုနာမည်မှည့်လေသည်။