< Lukács 19 >

1 Ezután Jerikóba ért, és átment rajta.
ယေရှုသည် ယေရိခေါ မြို့သို့ ဝင် ၍ ရှောက်သွား တော်မူ၏။
2 Íme, volt ott egy ember, akit Zákeusnak hívtak, aki fővámszedő volt és gazdag.
ထိုအခါ ဇက္ခဲ အမည် ရှိ သော အခွန် ခေါင်းတစ်ယောက်ရှိ ၏။ ထိုသူ သည် ငွေရတတ် သောသူ ဖြစ် ၏။
3 Igyekezett meglátni Jézust, hogy ki az, de a sokaságtól nem láthatta meg, mert kis termetű ember volt.
ယေရှု သည် အဘယ်သို့ သောသူဖြစ် သည်ကို ထိုသူ သည် ကြည့် လို၍ ၊ လူအစုအဝေးများ သောကြောင့် ၊ မိမိ အရပ် လည်း နိမ့် သည်ဖြစ် ၍ မ မြင် နိုင် ။
4 Ezért előrefutott, és felmászott egy eperfügefára, hogy lássa őt, mert arra kellett elmennie.
ထို့ကြောင့် ကြွ တော်မူမည့်လမ်းတွင် ရှေ့ သို့ ပြေး ၍ ကိုယ်တော် ကို မြင် အံ့သောငှာ သဖန်းပင် တပင်ကို တက် လေ၏။
5 Amikor arra a helyre jutott, Jézus feltekintett, és meglátta, és ezt mondta neki: „Zákeus, hamar jöjj le, mert ma nekem a te házadnál kell megszállnom.“
ထိုအရပ် သို့ ယေရှု သည် ရောက် တော်မူသောအခါ မျှော်ကြည့် ၍ ထိုသူ ကို မြင်တော်မူလျှင်၊
6 Ekkor sietve leszállt, és örömmel befogadta.
ဇက္ခဲ ၊ မြန်မြန် ဆင်း လော့။ သင် ၏အိမ် ၌ ယနေ့ ငါ တည်း နေမည် ဟု မိန့် တော်မူ၏။ ဇက္ခဲသည် အလျင်အမြန် ဆင်း ၍ ဝမ်းမြောက် သောစိတ်နှင့် ကိုယ်တော် ကို မိမိအိမ်၌ ဧည့်ခံ လေ၏။
7 Amikor ezt látták, mindnyájan zúgolódtak, és ezt mondták: „Bűnös emberhez ment be szállásra.“
ထိုအကြောင်း ကိုလူအပေါင်း တို့သည်မြင် လျှင် ၊ ဆိုး သောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံ တော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။
8 Zákeus pedig előállt, ezt mondta az Úrnak: „Uram, íme, minden vagyonomnak felét a szegényeknek adom, és ha valakitől valamit kizsaroltam, négyszer annyit adok helyébe.“
ဇက္ခဲ သည်လည်းရပ် နေ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာ တစ်ဝက် ကို ဆင်းရဲ သောသူ တို့အား ပေး ပါ၏။ တစ်စုံတစ်ယောက် သောသူ၏ဥစ္စာအနည်းငယ် ကို အကျွန်ုပ်ယူ မိလျှင် ၊ လေး ဆပြန် ၍ ပေးပါ၏ဟု သခင် ဘုရားကို လျှောက်ဆို ၏။
9 Jézus ezt mondta neki: „Ma lett üdvössége ennek a háznak, mert ő is Ábrahám fia.
ယေရှု ကလည်း ၊ ဤသူ သည် အာဗြဟံ ၏သား ဖြစ် သည်နှင့် အလျောက်၊ ယနေ့ ပင် ကယ်တင် တော်မူခြင်း ကျေးဇူးသည် ဤ အိမ် အပေါ်မှာသက်ရောက် လေ၏။
10 Mert azért jött az Emberfia, hogy megkeresse és megtartsa, ami elveszett.“
၁၀လူ သား သည် ပျောက် သောသူ တို့ကိုရှာ ၍ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။
11 Amikor pedig ezeket hallották, még egy példázatot is mondott, mert közel volt Jeruzsálemhez, és azok azt gondolták, hogy azonnal megjelenik Isten országa.
၁၁ထိုအခါယေရုရှလင် မြို့အနီး သို့ ရောက် တော်မူ၍၊ ဘုရားသခင် ၏နိုင်ငံ တော်သည် ချက်ခြင်း ပေါ်ထွန်း မည်ဟု လူများထင်မှတ် သောကြောင့် ၊ ပရိသတ် အလယ် ၌ မိန့် တော်မူသော ဥပမာ ကား ၊
12 Ezt mondta tehát: „Egy nemesember egy messzi tartományba ment, hogy ott királyságot szerezzen magának, azután majd visszatérjen.
၁၂အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။
13 Hívatta azért tíz szolgáját, és adott nekik tíz minát, és ezt mondta nekik: Kereskedjetek, amíg visszajövök.
၁၃မသွားမှီ မိမိ ငယ်သား တစ်ကျိပ် ကိုခေါ် ၍၊ ငွေတစ် ပိဿာ စီအပ်ပေး လျက် ငါပြန် ၍ မ လာမှီတိုင်အောင်ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထား လေ၏။
14 Alattvalói pedig gyűlölték őt, és követséget küldtek utána, és ezt üzenték: Nem akarjuk, hogy ő uralkodjék rajtunk.
၁၄ပြည်သား အချို့သည် ထိုအမတ် ကို မနာလို ၍ ၊ ထိုသူ ၏ အအုပ်အချုပ် ကို ငါ တို့မ ခံလို ပါဟု တမန် ကို သူ့ နောက် သို့ စေလွှတ် ကြ၏။
15 Történt, amikor megszerezte a királyságot, megparancsolta, hogy szolgáit, akiknek a pénzt adta, hívják oda hozzá, hogy megtudja, ki mint kereskedett.
၁၅ထိုအမတ် သည် မင်းကြီး အရာ ကိုခံ ၍ ပြန်လာ တော်မူသောအခါ၊ ငွေ ခံ သော ငယ်သား တို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရ သည်ကို သိ ခြင်းငှာ သူ တို့ကိုခေါ် ချေဟု အမိန့် တော်ရှိ၏။
16 Eljött az első, és ezt mondta: Uram, a te minád tíz minát nyert.
၁၆ပဌမ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့်အခွက် တဆယ် အမြတ်ရ ပါ ပြီဟု လျှောက် လျှင်၊
17 Ő pedig ezt mondta neki: Jól van, jó szolgám, mivel hű voltál a kevesen, legyen hatalmad tíz város felett.
၁၇သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
18 És jött a második, és ezt mondta: Uram, a te minád öt minát nyert.
၁၈ဒုတိယ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့် ငါး ပိဿာ အမြတ်ရပါပြီဟု လျှောက် လျှင်၊
19 Így szólt ennek is: Neked is legyen hatalmad öt város felett.
၁၉သခင်က၊ သင် သည် မြို့ ငါး မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
20 És eljött a harmadik is, és ezt mondta: Uram itt van a te minád, amelyet kendőbe kötve tartottam.
၂၀အခြား သောသူ သည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ် ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိ ပါ၏။ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့်၊
21 Mert féltem tőled, mert kemény ember vagy, azt is elveszed, amit nem te tettél el, és learatod, amit nem te vetettél.
၂၁ကိုယ်မ သို မထားသော ဥစ္စာကိုသိမ်းယူ ၍ ၊ ကိုယ်မ စိုက် မပျိုးသော လယ်၌ရိတ် တတ်သည်ကို အကျွန်ုပ်ထောက် ၍ ကိုယ်တော်ကို ကြောက် ပါသည်ဟု လျှောက် လျှင်၊
22 Ezt mondta annak: A te szavaid szerint ítéllek meg téged, gonosz szolga. Tudtad, hogy én kemény ember vagyok, aki elveszem, amit nem én tettem el, és learatom, amit nem én vetettem.
၂၂သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊
23 Miért nem tetted azért az én pénzemet a pénzváltók asztalára, hogy amikor megjövök, kamatostul kapjam vissza?
၂၃ငါ့ ငွေ ကိုပွဲစား လက်သို့ အဘယ်ကြောင့် မ အပ် သနည်း။ ထိုသို့အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အဘိုးကို ရ နိုင်သည်ဟု မိန့် တော်မူပြီး သော်၊
24 Az ott állóknak ezt mondta: Vegyétek el ettől a minát, és adjátok annak, akinek tíz minája van.
၂၄အခြွေအရံတို့အား၊ ငွေတပိဿာ ကို သူ့ လက်မှ နှုတ် ကြ။ အခွက် တဆယ် ရှိ သောသူ အားပေး ကြဟု မိန့် တော်မူ၏။
25 És mondták neki: Uram, annak már van tíz minája!
၂၅အခြွေအရံတို့ကလည်း၊ သခင် ၊ ထိုသူ ၌ အခွက် တဆယ် ရှိ ပါ၏ဟု လျှောက် ကြလျှင် ၊
26 De ő ezt mondta: Mondom nektek, hogy mindenkinek, akinek van, adatik, akinek pedig nincs, még amije van, az is elvétetik tőle.
၂၆ငါ ဆိုသည်ကား ၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေး ဦးမည်။ အကြင်သူသည် ဆင်းရဲ ၏။ ထိုသူ၌ ရှိ သမျှကိုပင် နှုတ် လိမ့်မည်။
27 Ellenségeimet pedig, akik nem akarták, hogy rajtuk uralkodjam, hozzátok ide, és öljétek meg előttem.“
၂၇ထိုမှတပါး ငါ ၏အအုပ်အချုပ် ကို မ ခံလို သော ငါ့ ရန်သူ တို့ကို ခေါ် ခဲ့ကြ။ ငါ့ ရှေ့ မှာ သတ် ကြဟု စီရင် တော်မူသည် ဟု မိန့်တော်မူ၏။
28 Miután ezeket elmondta, továbbment Jeruzsálem felé.
၂၈ထိုသို့ မိန့် တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင် မြို့သို့ ခရီးသွား တော်မူ၏။
29 És történt, hogy amikor Betfagéhoz és Betániához közeledett, a hegynél, amelyet Olajfák hegyének neveznek, elküldött kettőt tanítványai közül,
၂၉သံလွင် အမည် ရှိသော တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာအနီးသို့ ရောက်တော်မူ သောအခါ ၊ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍၊
30 és ezt mondta nekik: „Menjetek el az átellenben lévő faluba, amelybe beérve találtok egy megkötött szamárcsikót, amelyen még ember nem ült, oldjátok el, és hozzátok ide.
၃၀သင်တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထို ရွာသို့ ရောက် လျှင် အဘယ်သူ မျှ မစီး ဘူးသောမြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် တွေ့ လိမ့်မည်။ မြည်းကြိုး ကိုဖြည် ၍ ဆောင်ခဲ့ ကြ။
31 Ha pedig valaki megkérdezi, hogy miért oldjátok el, ezt mondjátok annak: Az Úrnak van szüksége rá.“
၃၁သူတစ်ပါး က အဘယ်ကြောင့် မြည်းကြိုးကို ဖြည် သနည်းဟု သင် တို့ကိုဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့ ဟု မှာထား တော်မူ၏။
32 A küldöttek elmentek, és mindent úgy találtak, amint megmondta nekik.
၃၂ထိုသို့ စေလွှတ် သောသူ တို့သည်သွား ၍ စကား တော်အတိုင်း တွေ့ ကြ၏။
33 Amikor a szamárcsikót eloldották, annak gazdái ezt mondták: „Miért oldjátok el a szamárcsikót?“
၃၃မြည်းကြိုးကို ဖြည် စဉ်တွင်မြည်း ရှင် တို့က ၊ အဘယ်ကြောင့် မြည်း ကြိုးကို ဖြည် သနည်းဟုဆို လျှင်၊
34 Ők pedig ezt mondták: „Az Úrnak van szüksége rá.“
၃၄သခင် အလို ရှိ သည်ဟု ပြန်ပြော ကြ၏။ ယေရှု ထံတော်သို့ မြည်းကလေး ကို ဆောင်ခဲ့ ၍ ၊
35 Elvitték azért azt Jézushoz, és felsőruhájukat a szamárcsikóra tették, és felültették rá Jézust.
၃၅မြည်း ကျောပေါ်မှာ မိမိ တို့ အဝတ် ကို တင် ပြီးလျှင် ကိုယ်တော် ကို စီး စေကြ၏။
36 Amint tovább ment, az emberek felsőruhájukat az útra terítették.
၃၆ခရီးသွား တော်မူစဉ် တွင် လူများတို့သည် မိမိ တို့ အဝတ် ကို လမ်း ၌ ခင်း ကြ၏။
37 Amikor már az Olajfák lejtőjéhez közeledett, a tanítványok egész sokasága örvendezve, fennhangon kezdte dicsérni Istent mindazokért a csodákért, amelyeket láttak,
၃၇သံလွင် တောင် ပေါ်က ဆင်း ရာအရပ်သို့ ရောက် တော်မူသောအခါ ၊ တပည့် တော်များ အပေါင်း တို့သည် မိမိတို့ မြင် ခဲ့ပြီးသောတန်ခိုး တော်များ ကိုထောက် ၍ ဝမ်းမြောက် သောစိတ်နှင့် ဘုရားသခင် ကို ထောမနာ ပြု၍၊
38 és ezt mondták: „Áldott a Király, aki az Úr nevében jön! Békesség a mennyben, és dicsőség a magasságban!“
၃၈ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ တော်မူသော ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ် ဝယ် ဘုန်းကြီး ပါစေသတည်းဟု ကြွေးကြော် ကြ၏။
39 A sokaságból néhány farizeus ezt mondta neki: „Mester, utasítsd rendre tanítványaidat!“
၃၉လူအစုအဝေး ၌ ပါသော ဖာရိရှဲ အချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော် ၏တပည့် တို့ကို ဆုံးမ ပါဟု လျှောက် ကြသော်၊
40 Ő így válaszolt nekik: „Mondom nektek, ha ezek elhallgatnak, a kövek fognak kiáltani.“
၄၀ယေရှုကလည်း၊ ငါဆို သည်ကား၊ ဤ သူတို့သည် တိတ်ဆိတ် စွာနေလျှင် ကျောက်ခဲ တို့သည် ချက်ခြင်းကြွေးကြော် ကြလိမ့်မည် ဟု မိန့် တော်မူ၏။
41 Amikor közelebb ért, és meglátta a várost, megsiratta azt.
၄၁ယေရုရှလင်မြို့ အနီး သို့ ရောက်၍ ကြည့် မြင်လျက် ငိုကြွေး တော်မူ၍ ၊
42 Ezt mondta: „Bár felismerted volna ezen a napon te is, ami békességedre szolgál. Most azonban el van rejtve szemed elől.
၄၂အချင်းမြို့၊ သင် ၏ငြိမ်သက် ခြင်းနှင့် စပ်ဆိုင်သောအရာ တို့ကို သင်၏လက်ထက် ယခု ကာလ၌ပင် သင်သည် သိ ရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင် ၏မျက်စိ ရှေ့မှာ မထင်ရှားစေခြင်းငှာဝှက်ထား လျက် ရှိ၏။
43 Mert jönnek majd rád napok, amikor ellenségeid körülötted sáncot építenek, körülvesznek, és mindenfelől szorongatnak;
၄၃အကြောင်းမူကား ၊ သင့် ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင် ၏ ရန်သူ တို့သည် သင့် ပတ်လည် တွင် တပ် တည်၍ လေး မျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
44 a földre tipornak téged és fiaidat, és nem hagynak benned követ kövön, mert nem ismerted fel meglátogatásod idejét.“
၄၄သင်၏ကိုယ် မှစ၍ သင် ၏ သားသမီး တို့ကို မြေ နှင့်တညီတည်းညှိသဖြင့် ၊ သင် ၏ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှထပ်ဆင့်၍ မ ကျန်ရစ် စေခြင်းငှာပြုကြသောအချိန် ကာလသည် ရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
45 Azután bement a templomba, és kezdte kiűzni azokat, akik ott adnak és vesznek,
၄၅ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန်တော်၌ ရောင်း ဝယ်သောသူတို့ ကို နှင်ထုတ် လျက်၊
46 és ezt mondta nekik: „Meg van írva: »Az én házam imádságnak háza, ti pedig azt latrok barlangjává tettétek.«“
၄၆ငါ့ အိမ် သည် ဆုတောင်း ရာအိမ် ဖြစ် ၏ဟု ကျမ်းစာ ၌ လာသော်လည်း၊ သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။
47 Aztán naponként tanított a templomban. A főpapok, az írástudók és a nép előkelői azon voltak, hogy elpusztítsák.
၄၇ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း ၊
48 De nem találtak megoldást arra, hogy mit cselekedjenek, mert az egész nép rajongva hallgatta őt.
၄၈လူ အပေါင်း တို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင် သောကြောင့် သတ်နိုင်သောအခွင့် ကို မ တွေ့ မရကြ။

< Lukács 19 >