< Zakariás 6 >

1 Majd megfordulék és felemelém szemeimet, és látám, hogy ímé négy szekér jön vala ki két hegy közül, és azok a hegyek ércz-hegyek.
တဖန် ငါ မျှော်ကြည့် ၍ ၊ ကြေးဝါ ဖြင့် ပြီးသော တောင် နှစ် လုံးကြား မှ ရထား လေး စီးထွက် လာ၏။
2 Az első szekérben veres lovak, a második szekérben fekete lovak;
ပဌမ ရထား ၌ မြင်း နီ ၊ ဒုတိယ ရထား ၌ မြင်း နက် ၊
3 És a harmadik szekérben fehér lovak; a negyedik szekérben pedig tarka lovak, erősek.
တတိယ ရထား ၌ မြင်း ဖြူ ၊ စတုတ္ထ ရထား ၌ ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။
4 És megszólalék, és mondám az angyalnak, a ki beszél vala velem: Mik ezek, Uram?
အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
5 Az angyal felele, és mondá nékem: Ezek az égnek négy szele, jőnek az egész föld Ura mellett való szolgálatukból.
ကောင်းကင် တမန်က၊ ထို ရထားတို့သည်၊ မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ရှေ့ တော်၌ ရပ် နေရာမှ ထွက်သွား သော မိုဃ်း ကောင်းကင်လေ လေး ပါးဖြစ်၏။
6 A melyben a fekete lovak vannak, észak földére mennek, és a fehérek mennek utánok, a tarkák pedig a dél földére mennek;
ကသော မြင်း နက် တို့သည် မြောက် ပြည် သို့ သွား ကြ၏။ မြင်းဖြူ တို့သည် မြင်းနက် နောက် သို့ လိုက် ကြ၏။ မြင်းကျား တို့သည် တောင် ပြည် သို့ သွား ကြ၏ဟု ဆို ၏။
7 Az erősek is mennek és kivánják eljárni a földet. És mondá: Menjetek, járjátok el a földet; és eljárák a földet.
ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။
8 Majd híva engem, és beszéle velem, mondván: Lásd! Az észak földére menők lecsendesíték lelkemet északnak földén.
ကောင်းကင်တမန်သည်လည်း ငါ့ ကို ခေါ် ၍ ၊ ကြည့် လော့။ မြောက် ပြည် သို့ သွား သော မြင်းတို့သည် ငါ့ အမျက် ကို မြောက် ပြည် ၌ တည် စေကြပြီဟု ဆို ၏။
9 És szóla az Úr hozzám, mondván:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်ကား၊
10 Végy a számkivetésből valóktól: Heldaitól, Tóbiástól és Jedajától; és menj be azon a napon, menj be Jósiának, a Sefániás fiának házába, a kik Babilonból jöttenek,
၁၀အရင်သိမ်းသွား ခြင်းကို ခံ ရ၍ ယခု ဗာဗုလုန် မြို့မှ ပြန် လာသောဟေလဒဲ အမျိုး၊ တောဘိယ အမျိုး၊ ယေဒါယ အမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ ခြင်းတွင် ဇေဖနိ ၏သား ယောရှိ အိမ် သို့ သွား ပြီး သော်၊
11 Végy ugyanis ezüstöt és aranyat, és csinálj koronákat, és tedd Jósuának, a Jehosadák fiának, a főpapnak fejére!
၁၁ရွှေ ငွေ တို့ကို ယူ ၍ သရဖူ ကို လုပ် ပြီးလျှင် ယောဇဒက် သား ယဇ်ပုရောဟိတ် မင်း ယောရှု ၏ ခေါင်း ပေါ် မှာ တင် လော့။
12 És szólj néki, mondván: Ezt mondja a Seregeknek Ura, mondván: Ímé, egy férfiú, a neve Csemete, mert csemete támad belőle, és megépíti az Úrnak templomát!
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
13 Mert ő fogja megépíteni az Úrnak templomát, és nagy lesz az ő dicsősége, és ülni és uralkodni fog az ő székében, és pap is lesz az ő székében, és békesség tanácsa lesz kettőjük között.
၁၃ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်း ကြီး၍ မိမိ ရာဇပလ္လင် ပေါ် မှာ ထိုင် လျက် စိုးစံ လိမ့်မည်။ ရာဇပလ္လင် တော် ပေါ် မှာ ယဇ်ပုရောဟိတ် လည်း ဖြစ်၍၊ ထို နှစ် ပါးတို့သည် မိဿဟာယ ပဋိညာဉ် ကို ဖွဲ့ ကြ လိမ့်မည်။
14 És a koronák legyenek Hélemnek, Tóbiásnak, Jedajának és Hénnek, a Sefániás fiának emlékjelei az Úr templomában.
၁၄ထိုသရဖူ သည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏သား ဟင် တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော်၌ သက်သေ ဖြစ်ရမည်။
15 És a messzelakók eljőnek és építenek az Úr templomában, és megtudjátok, hogy a Seregeknek Ura küldött el engem hozzátok. Így lesz, ha hallgattok az Úrnak, a ti Isteneteknek szavára!
၁၅ဝေး သောသူတို့ သည်လည်း လာ ၍ ထာဝရဘုရား ၏ ဗိမာန် တော်၌ တည်ဆောက် ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ သင်တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို စေ့စေ့နားထောင် လျှင် ၊ ဤသို့ဖြစ် ရလိမ့်မည်ဟု မိန့်တော်မူ ၏။

< Zakariás 6 >