< Zsoltárok 65 >
1 Az éneklőmesternek; zsoltár; Dávid éneke. Tied a hódolat, a dicséret, oh Isten, a Sionon; és néked teljesítik ott a fogadást.
၁အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့် ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။ မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။ လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက် ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။
2 Oh könyörgést meghallgató, hozzád folyamodik minden test.
၂
3 Bűneim erőt vettek rajtam; vétkeinket te bocsásd meg.
၃
4 Boldog az, a kit te kiválasztasz és magadhoz fogadsz, hogy lakozzék a te tornáczaidban; hadd teljesedjünk meg a te házadnak javaival, a te templomodnak szentségével!
၄ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
5 Csodálatos dolgokat szólasz nékünk a te igazságodban, idvességünknek Istene; e föld minden szélének és a messze tengernek bizodalma;
၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ အောင်ပွဲကိုခံစေတော်မူပါ၏။ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူလျက် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ၏။ ကမ္ဘာတစ်ဝန်းလုံးနှင့်ပင်လယ်ရပ်ဝေးတွင် ရှိကြကုန်သောသူအပေါင်းတို့သည်ကိုယ်တော် ရှင်အား ကိုးစားကြပါ၏။
6 A ki hegyeket épít erejével, körül van övezve hatalommal;
၆ကိုယ်တော်ရှင်သည်တန်ခိုးတော်အားဖြင့် တောင်များကိုနေရာချထားတော်မူလျက် တန်ခိုးအာနုဘော်တော်ကိုပြတော်မူပါ၏။
7 A ki lecsillapítja a tengerek zúgását, habjaik zúgását, és a népek háborgását.
၇ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
8 Félnek is jeleidtől a szélek lakói; a napkelet és nyugot határait megörvendezteted.
၈ကိုယ်တော်ရှင်ပြတော်မူသော နိမိတ်လက္ခဏာများကြောင့်ကမ္ဘာမြေတစ်ဝန်းလုံးရှိ လူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသည့်အမှုအရာများကြောင့် ကမ္ဘာမြေကြီးတစ်စွန်းမှတစ်စွန်းသို့တိုင်အောင် ရွှင်လန်းဝမ်းမြောက်သည့်ကြွေးကြော်သံများ ထွက်ပေါ်လာပါ၏။
9 Meglátogatod a földet és elárasztod; nagyon meggazdagítod azt. Istennek folyója tele van vizekkel; gabonát szerzesz nékik, mert úgy rendelted azt.
၉ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။
10 Megitatod barázdáit, göröngyeit meglapítod; záporesővel meglágyítod azt, termését megáldod.
၁၀ကိုယ်တော်ရှင်သည်မိုးကိုရွာစေတော်မူလျက် ထွန်ယက်ထားသည့်လယ်ယာများကိုစိုစွတ် စေတော်မူပါ၏။ ထိုနောက်မိုးရေဖြင့်မြေဆီလွှာကို ပျော့စေတော်မူပြီးလျှင်ပျိုးပင်ငယ်များကို ပေါက်စေတော်မူပါ၏။
11 Megkoronázod az esztendőt jóvoltoddal, és a te nyomdokaidon kövérség fakad;
၁၁ကိုယ်တော်ရှင်ကောင်းမြတ်တော်မူခြင်းကြောင့် ရိတ်သိမ်းရသည့်အသီးအနှံများကား များပြားလှပါသည်တကား။ ကိုယ်တော်ရှင်ကြွရောက်တော်မူရာအရပ် တိုင်း၌ ပေါများကြွယ်ဝမှုရှိပါသည်တကား။
12 Csepegnek a puszta legelői és a halmokat vígság övezi.
၁၂စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။ တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
13 A legelők megtelnek juhokkal, és a völgyeket gabona borítja; örvendeznek és énekelnek.
၁၃ကွင်းပြင်တို့သည်သိုးများနှင့်ပြည့်နှက်လျက်ရှိပါ၏။ ချိုင့်ဝှမ်းတို့သည်ဂျုံပင်များနှင့်ဖုံးလွှမ်းလျက်ရှိပါ၏။ အရာခပ်သိမ်းတို့သည်ရွှင်လန်းစွာအော်ဟစ်၍ သီချင်းဆိုလျက်ရှိကြပါ၏။