< Zsoltárok 103 >
1 A Dávidé. Áldjad én lelkem az Urat, és egész bensőm az ő szent nevét.
၁အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။
2 Áldjad én lelkem az Urat, és el ne feledkezzél semmi jótéteményéről.
၂အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
3 A ki megbocsátja minden bűnödet, meggyógyítja minden betegségedet.
၃သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
4 A ki megváltja életedet a koporsótól; kegyelemmel és irgalmassággal koronáz meg téged.
၄သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
5 A ki jóval tölti be a te ékességedet, és megújul a te ifjúságod, mint a sasé.
၅သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
6 Igazságot cselekszik az Úr, és ítéletet minden elnyomottal.
၆ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
7 Megismertette az ő útait Mózessel; Izráel fiaival az ő cselekedeteit.
၇ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။
8 Könyörülő és irgalmas az Úr, késedelmes a haragra és nagy kegyelmű.
၈ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
9 Nem feddődik minduntalan, és nem tartja meg haragját örökké.
၉အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
10 Nem bűneink szerint cselekszik velünk, és nem fizet nékünk a mi álnokságaink szerint.
၁၀ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
11 Mert a milyen magas az ég a földtől, olyan nagy az ő kegyelme az őt félők iránt.
၁၁မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
12 A milyen távol van a napkelet a napnyugattól, olyan messze veti el tőlünk a mi vétkeinket.
၁၂အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။
13 A milyen könyörülő az atya a fiakhoz, olyan könyörülő az Úr az őt félők iránt.
၁၃အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ၏။
14 Mert ő tudja a mi formáltatásunkat; megemlékezik róla, hogy por vagyunk.
၁၄အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ၏။
15 Az embernek napjai olyanok, mint a fű, úgy virágzik, mint a mezőnek virága.
၁၅လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ်၏။
16 Hogyha általmegy rajta a szél, nincsen többé, és az ő helye sem ismeri azt többé.
၁၆လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။
17 De az Úr kegyelme öröktől fogva való és örökkévaló az őt félőkön, és az ő igazsága a fiaknak fiain;
၁၇ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ်၏။
18 Azokon, a kik megtartják az ő szövetségét és megemlékeznek az ő parancsolatjairól, hogy azokat megcselekedjék.
၁၈သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
19 Az Úr a mennyekbe helyheztette az ő székét és az ő uralkodása mindenre kihat.
၁၉ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
20 Áldjátok az Urat ő angyalai, ti hatalmas erejűek, a kik teljesítitek az ő rendeletét, hallgatván az ő rendeletének szavára.
၂၀တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
21 Áldjátok az Urat minden ő serege: ő szolgái, akaratának teljesítői!
၂၁အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
22 Áldjátok az Urat minden ő teremtményei, az ő uralkodásának minden helyén! Áldjad én lelkem az Urat!
၂၂နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။