< Jeremiás sir 1 >
1 Jaj! de árván ül a nagy népű város! Olyanná lőn, mint az özvegyasszony! Nagy volt a nemzetek között, a tartományok közt fejedelemasszony: robotossá lőn!
၁စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။
2 Sírván sír éjjelente, s könny borítja az orczáját! Senki sincs, ki vígasztalná, azok közül, kik szerették; mind megcsalták barátai, ellenségeivé lőnek.
၂ညဉ့် အခါ ပြင်းစွာ ငိုကြွေး၍ ၊ သူ ၏ပါး သည် မျက်ရည် နှင့် စိုစွတ်လေ၏။ ရည်းစား အပေါင်း တို့တွင် နှစ်သိမ့် စေသောသူ တယောက် မျှမရှိ။ အဆွေ ခင်ပွန်းအပေါင်း တို့သည် သစ္စာ ပျက်၍ ရန်သူ ဖြစ် ကြပြီ။
3 Számkivetésbe méne Júda a nyomorúság és a szolgálat sokasága miatt! Ott ül ő a pogányok közt; nem talál nyugodalmat; valamennyi üldözője utólérte a szorultságában.
၃ယုဒ သတို့သမီးသည် ညှဉ်းဆဲ ခြင်း၊ ကြမ်းတမ်း စွာ စေစား ခြင်းကို ခံရသောကြောင့် ပြောင်း သွားပြီ။ သာသနာပ လူတို့အထဲ မှာနေ လျက် ချမ်းသာ မ ရ။ လိုက် သော သူအပေါင်း တို့သည် ကျဉ်းမြောင်း ရာ၌ မှီ ကြ၏။
4 Sionnak útai gyászolnak; nincsen, a ki ünnepnapra járjon; kapuja mind elpusztult; papjai sóhajtoznak, szűzei nyögnek, csak keserűsége van néki.
၄အဘယ်သူမျှပွဲ သဘင်သို့ မ လာ သောကြောင့် ၊ ဇိအုန် လမ်း တို့သည် ညည်းတွား ကြ၏။ သူ ၏မြို့တံခါး ရှိသမျှ တို့သည် လူ ဆိတ်ညံလျက်ရှိကြ၏။ သူ ၏ယဇ် ပုရောဟိတ်တို့သည်လည်း ညည်းတွား ကြ၏။ သူ ၏သမီး ကညာ တို့သည်လည်း နာကြည်း သောစိတ်ရှိ၍၊ သူ သည် ကိုယ်တိုင်ညှိုးငယ် လျက်နေရ၏။
5 Elnyomói főkké lettek; ellenségei boldogok! Bizony az Úr verte meg őt az ő sok bűne miatt; gyermekei rabságra mentek az elnyomó előtt.
၅သူ ပြစ်မှားသော အပြစ် များပြား သောကြောင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့်၊ သူ နှင့် ဆန့်ကျင် ဘက်ပြုသောသူတို့ သည် အစိုးရ ၍ ၊ သူ ၏ရန်သူ တို့ သည်ကောင်းစား ကြပြီ။ သူ ၏သားသမီး တို့ကိုလည်း ရန်သူ သိမ်း သွား ပြီ။
6 És elhagyta Sion leányát minden ő ékessége; fejedelmei olyanok lettek, mint a szarvasok, a melyek nem találnak eledelt, és erőtelenül futnak az üldöző előtt.
၆ဇိအုန် သတို့သမီး ၏ ဂုဏ် အသရေသည်အကြွင်းမဲ့ ကွယ် ပျောက်၏။ သူ ၏မင်းသား တို့သည် ကျက်စား ရာ ကိုရှာ၍ မ တွေ့ သော သမင် ဒရယ်ကဲ့သို့ ဖြစ် ၍ ၊ လိုက် သောသူ ရှေ့ မှာ အား မ ရှိဘဲ ပြေး သွားကြပြီ။
7 Emlékezik Jeruzsálem az ő nyomorúságának és eltiportatásának napjain minden ő gyönyörűségéről, a melyek voltak eleitől fogva; mert az ő népe ellenség kezébe esett és nem volt segítsége. Látták őt az ellenségek; nevettek megsemmisülésén.
၇ယေရုရှလင် မြို့သည် ဆင်းရဲ ငြိုငြင်ခြင်းကိုခံ ရစဉ် တွင်၊ အရင် ခံစားဘူးသော စည်းစိမ် ကို အောက်မေ့ ၏။ သူ ၏လူ တို့သည် ရန်သူ လက် သို့ ရောက် ၍ မစ သော သူ မရှိသောအခါ ၊ ဆန့်ကျင် ဘက်ပြုသောသူတို့သည် သူ ၏အမှုကိုမြင် ၍ ၊ သူ ၏ဆုံး ခြင်းကို ကဲ့ရဲ့ ကြ၏။
8 Vétkezvén vétkezett Jeruzsálem, azért lett csúfsággá, minden tisztelője megvetette, mert látták az ő mezítelenségét, ő maga pedig sóhajtoz és elfordul.
၈ယေရုရှလင် မြို့ပြစ်မှား သောအပြစ် သည် အလွန်များသောကြောင့်၊ ရွံ့ရှာ ဘွယ် ဖြစ် လေ၏။ သူ့ ကို ရိုသေ ဘူးသောသူ အပေါင်း တို့သည် သူ ၌အချည်းစည်း ရှိ ခြင်းကို မြင် သောကြောင့် မထီမဲ့မြင် ပြုကြ၏။ သူ သည် လည်း ညည်းတွား ၍ နောက် သို့ပြန် သွားလေ၏။
9 Szennye a ruhája szélén; nem gondolt a jövőjére; csudálatosan alásülyedt, nincs vígasztalója. Lásd meg Uram, az én nyomorúságomat, mert ellenség vett erőt rajtam!
၉သူ ၌မ စင်ကြယ်သော လက္ခဏာထင်ရှားသော်လည်း ၊ နောက်ခံရသောအပြစ်ကို မ အောက်မေ့ ။ ထိုကြောင့်၊ မျက်နှာ ပေးသောသူမ ရှိဘဲ အံ့ဩဘွယ် သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု တော်မူပါ။
10 Szorongató nyújtja kezét minden kincse után, sőt látta, hogy pogányok mentek be az ő szent helyébe, a kikről azt parancsoltad, hogy be ne menjenek a te községedbe.
၁၀ရန်သူ သည် ကိုယ်ကိုချီးမြှောက် ပါပြီ။ ပရိသတ် တော်ထဲသို့ မ ဝင် ရဟုမြစ်တား တော်မူသော သာသနာပ လူတို့သည် သူ ၏သန့်ရှင်း ရာဌာနတော်ထဲသို့ ဝင် ကြောင်း ကို သူမြင် ရပါ၏။
11 Egész népe sóhajtoz, futkosnak a kenyér után, odaadják drágaságaikat az ételért, hogy megéledjenek. Lásd meg Uram és tekintsd meg, mily útálatossá lettem!
၁၁သူ ၏လူ အပေါင်း တို့သည် ညည်းတွား လျက်၊ မုန့် ကိုရှာ လျက် နေကြ၏။ သေ ဘေးနှင့်လွတ်ခြင်းငှါ မိမိ စည်းစိမ် ကို စားစရာ ဘို့ စွန့် ရ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ရှုတ်ချ ခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
12 Mindnyájatokat kérlek, ti járókelők: tekintsétek meg és lássátok meg, ha van-é oly bánat, mint az én bánatom, a mely engem ért, a melylyel engem sujtott az Úr az ő búsult haragjának napján!
၁၂အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ၌ ငါ့ ကို ညှဉ်းဆဲ ၍ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော ။
13 A magasságból tüzet bocsátott csontjaimba, és az hatalmaskodik bennök; hálót vetett lábaimnak; hátra vetett, pusztává tett engem; egész napon beteg vagyok.
၁၃အထက် မှ မီး ကို ငါ့ အရိုး ထဲသို့ လွှတ် လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ ခြေ ကို ကျော့မိ စေခြင်းငှါ ကျော့ကွင်း ထောင် ၍ ငါ့ ကိုပြန် စေတော်မူပြီ။ တနေ့လုံး ညှိုးငယ် ခြင်းအကြောင်း၊ စိတ်ပျက် ခြင်းအကြောင်းကို ငါ ၌ဖြစ် စေတော်မူ၏။
14 Saját kezével rótta össze az én vétkeim igáját; ráfonódtak nyakamra; megrendítette erőmet; oda adott engem az Úr azok kezébe, a kik előtt meg nem állhatok.
၁၄ငါ ပြစ်မှားသော အပြစ် ထမ်းဘိုး ကို လက် တော် နှင့် ငါ့ လည်ပင်း ပေါ် ၌တပ်၍ချည်နှောင် ပြီးမှ၊ ထာဝရ ဘုရား သည် ငါ့ ကိုအား လျော့ စေ၍၊ ငါမ ဆီးတားနိုင် သော သူ့တို့လက် သို့ ရောက် စေတော်မူပြီ။
15 Rakásra hányta az Úr minden vitézemet én bennem; gyűlést hívott össze ellenem, hogy összetörje ifjaimat; sajtóba taposta az Úr Júda szűz leányát.
၁၅ထာဝရ ဘုရားသည် ငါ ၏သူရဲ အပေါင်း တို့ကို ငါ့ အလယ် ၌ ကျော် နင်းတော်မူပြီ။ ငါ ၏လူပျို တို့ကို နှိပ်စက် ခြင်းငှါ လူ အလုံးအရင်းကို ခေါ် တော်မူပြီ။ ထာဝရ ဘုရား သည် ယုဒ သတို့သမီး ကညာ ကို စပျစ်သီး နယ်ရာကျင်း ၌ နင်းနယ် တော်မူပြီ။
16 Ezekért sírok én; szememből, szememből víz folyik alá, mert messze távozott tőlem a vígasztaló, a ki megélesszen engem; fiaim elvesztek, mert győzött az ellenség.
၁၆ထို အကြောင်းကြောင့် ငါ သည်ငို ရ၏။ မျက်ရည် ကျ လျက်ရှိ၏။ ငါ့ အသက် ကို ထောက်မ ၍ ငါ့ ကို နှစ်သိမ့် စေသောသူသည် ငါ နှင့် ဝေး ပါ၏။ ရန်သူ နိုင် သောကြောင့် ငါ့ သားသမီး တို့သည် ပျောက်ပျက် ကြပြီ။
17 Terjesztgeti kezeit Sion: nincs vígasztalója; szorongatókat rendelt az Úr Jákób ellen köröskörül; Jeruzsálem csúfsággá lett közöttök.
၁၇ဇိအုန် သတို့သမီးသည် မိမိ လက်ဝါး တို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့် စေသောသူ မရှိ။ ထာဝရဘုရား သည် ယာကုပ် ပတ်လည် ၌ ရန်သူ တို့ကို ခန့်ထား တော်မူပြီ။ ယေရုရှလင် မြို့သည် သူ တို့တွင် ရွံ့ရှာ ဘွယ် ဖြစ် လေ၏။
18 Igaz ő, az Úr, mert az ő szava ellen rugódoztam! Halljátok meg kérlek, mind ti népek, és lássátok meg az én bánatomat: szűzeim és ifjaim fogságba menének!
၁၈ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ၍ ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။
19 Kiáltottam azoknak, a kik szerettek engem de ők megcsaltak engem; papjaim és véneim a városban multak ki, a mikor étel után futkostak, hogy megéledjenek.
၁၉ငါ သည် ရည်းစား တို့ကိုခေါ် ၍ သူ တို့သည် သစ္စာ မရှိကြ။ ငါ ၏ယဇ် ပုရောဟိတ်တို့နှင့် ငါ ၏အသက်ကြီး သူတို့သည် ကိုယ် အသက် မွေး ဘို့ စားစရာ ကို ရှာ စဉ် ပင် မြို့ ထဲ၌ အသက် ချုပ်ကြပြီ။
20 Lásd meg Uram, hogy szorongattatom, belső részeim megháborodtak; elfordult bennem az én szívem, mert bizony pártot ütöttem; künn fegyver pusztít, benn minden olyan, mint a halál!
၂၀အိုထာဝရဘုရား ၊ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် ပင်ပန်း ပါ၏။ ဝမ်း ၌ဆူလှိုင် ခြင်းရှိပါ၏။ နှလုံး မှောက် လျက် ရှိပါ၏။ အကျွန်ုပ် သည် အလွန် ပြစ်မှားပါပြီ။ ပြင် မှာ ထား ဘေးနှင့်တွေ့ရပါပြီ။ အတွင်း ၌ လည်း သေမင်း နေသကဲ့သို့ ရှိပါ၏။
21 Hallották, hogy sóhajtozom és nincs vígasztalóm; minden ellenségem hallotta veszedelmemet; örültek, hogy te ezt cselekedted. Hozd el a napot, a melyet hirdettél, hogy olyanok legyenek, mint én!
၂၁အကျွန်ုပ် ညည်းတွား သံကို ကြား သော သူတို့တွင်၊ နှစ်သိမ့် စေသောသူတယောက်မျှမ ရှိပါ။ အကျွန်ုပ် ၌ ရောက်သောအမှု ကို အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ကြား ကြပါပြီ။ ကိုယ်တော် ပြု တော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက် သော နေ့ရက် ကိုရောက် စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ် ကဲ့သို့ ပင် ဖြစ် ကြ ပါစေသော။
22 Jusson elődbe minden gonoszságuk, és úgy bánj velök, a miképen én velem bántál az én minden bűnömért; mert sok az én sóhajtozásom, és beteg a szívem.
၂၂သူ တို့၏ဒုစရိုက် အလုံးစုံ တို့ကို စစ်ကြော တော်မူ ပါ။ အကျွန်ုပ် ပြစ်မှားမိသမျှ သော အပြစ် တို့ကြောင့် ၊ အကျွန်ုပ် ၌ ပြု တော်မူသကဲ့သို့ သူ တို့၌ ပြု တော်မူပါ။ အကျွန်ုပ် သည် ညည်းတွား ခြင်းများပြား ၍ စိတ် ပျက် လျက်ရှိပါ၏။