< Józsué 13 >

1 Mikor Józsué megvénhedett és igen megidősödött vala, monda az Úr néki: Te megvénhedtél, igen megidősödtél, pedig még igen sok föld maradt elfoglalni való.
ယောရှု သည် အို ၍ အသက် ကြီးရင့် သောအခါ ၊ ထာဝရဘုရား က၊ သင် သည် အို ၍ အသက် ကြီးရင့် ပြီ။ သိမ်းယူ ရမည့်မြေ လည်း အများ ကျန် သေး၏။
2 Ez az a föld, a mi fennmaradt: A Filiszteusoknak minden tartománya és az egész Gesur.
ကျန် သောမြေ ဟူမူကား ၊ ဖိလိတ္တိ ပြည် မှစ၍ ဂေရှုရိ ပြည်တရှောက်လုံး၊
3 A Sikhórtól fogva, a mely Égyiptom felett foly, egészen Ekronnak határáig északra, mely a Kananeushoz számíttatik; a Filiszteusok öt fejedelemsége: a Gázáé, Asdódé, Askelóné, Gáthé, Ekroné és az Avveusoké.
အဲဂုတ္တု ပြည်အရှေ့ ၊ ရှိဟောရ မြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန် မြို့နယ် တိုင်အောင် ၊ ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်း ငါး ပါးတည်းဟူသောဂါဇသိ လူ၊ အာဇောတိ လူ၊ ဧရှကလောနိ လူ၊ ဂိတ္တိ လူ၊ ဧကြောနိ လူနှင့်တကွ ၊ အာဝိ လူနေသောပြည်၊
4 Délről a Kananeusnak egész földe és Meára, a mely a Sídonbelieké, Afékáig, az Emoreusok határáig.
တောင် မျက်နှာမှစ၍ အာမောရိ ပြည် အာဖက် မြို့တိုင်အောင် ၊ ခါနနိ ပြည် တရှောက်လုံး နှင့် ဇိဒုန် ပြည် အနားမှာရှိသော မာရာ ပြည်၊
5 Továbbá a Gibli földe és az egész Libanon napkelet felé, Baál-Gádtól fogva, a mely a Hermon hegy alatt van, egészen addig, a hol Hamáthba mennek.
နေ ထွက် ရာဘက်၊ ဟေရမုန် တောင် ခြေရင်း ၌ ဗာလဂဒ် မြို့မှစ၍ ဟာမတ် ပြည်အဝင်တိုင်အောင် ဂေဗလ ပြည် ၊ လေဗနုန် ပြည် တရှောက်လုံး ကျန်သတည်း။
6 A hegységnek minden lakosát a Libanontól Miszrefóth-Majimig, a Sídoniakat mind, magam űzöm ki őket Izráel fiai elől, csak sorsold ki Izráelnek örökségül, a mint megparancsoltam néked.
လေဗနုန် တောင်မှစ၍ မိသရဖေါသမိမ် မြို့တိုင်အောင် ၊ တောင် ပေါ်၌နေ သောသူနှင့် ဇိဒေါနိ လူအပေါင်း တို့ကို ဣသရေလ အမျိုးသားရှေ့ မှ ငါနှင်ထုတ် မည်။ သို့ဖြစ်၍ ငါမှာ ထားသည်အတိုင်း စာရေးတံ ပြုလျက် ထိုမြေကို ဣသရေလ လူတို့အား အမွေ ဝေဖန်လော့။
7 Mostan azért oszd el ezt a földet örökségül kilencz nemzetségnek, és a Manassé nemzetség felének.
ယခု မှာ ဤ ပြည် ကို ဣသရေလအမျိုး ကိုး မျိုးနှင့် မနာရှေ အမျိုး တဝက် တို့အား အမွေ ဝေဖန် လော့။
8 Ő vele együtt a Rúben és Gád nemzetségek elvették örökségöket, a melyet adott vala nékik Mózes, túl a Jordánon, napkelet felé, a miképen adta vala nékik Mózes, az Úrnak szolgája.
ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ၊ မောရှေ ပေး သည်အတိုင်း မိမိ တို့အမွေ မြေကို ခံ ကြပြီဟု မိန့်တော်မူ၏။
9 Aróertől fogva, a mely az Arnon patak partján van, úgy a várost, a mely a völgynek közepette van, mint Medebának minden sík földét Dibonig.
ထာဝရဘုရား ၏ကျွန် မောရှေ ပေး သော မြေဟူမူကား ၊ အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ ဒိဘုန် မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
10 És minden városát Szíhonnak, az Emoreusok királyának, a ki uralkodik vala Hesbonban, az Ammon fiainak határáig.
၁၀အမ္မုန် ပြည် စွန်းတိုင်အောင် ၊ ဟေရှဘုန် မြို့၌ မင်းပြု သောအာမောရိ ရှင်ဘုရင် ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
11 És Gileádot és Gesurnak és Maakátnak határát, az egész Hermon hegyet és az egész Básánt Szalkáig.
၁၁ဂိလဒ် ပြည်၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည် ၊ ဟေရမုန် တောင် ရှိသမျှ ၊ သာလက ပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
12 Básánban Ógnak egész országát, a ki uralkodik vala Astarótban és Edreiben. Ez maradt vala meg a Refaim maradékai közül, de leveré és kiűzé őket Mózes.
၁၂အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ၍ ပယ်ရှား လေ၏။
13 De Izráel fiai nem űzék ki a Gesurit és a Maakhátit, és ott is lakik a Gesuri és Maakháti az Izráel között mind e mai napig.
၁၃သို့ရာတွင် ဣသရေလ လူတို့သည် ဂေရှုရိ လူ၊ မာခါသိ လူတို့ကို မ နှင်ထုတ် ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလ အမျိုးသားတို့နှင့်အတူ နေ ကြ၏။
14 Csak Lévi nemzetségének nem adott örökséget; az Úrnak, Izráel Istenének tüzes áldozatai az ő öröksége, a mint szólott vala néki.
၁၄လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား အား မီး ဖြင့်ပူဇော်သောယဇ်တို့သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်သတည်း။
15 Adott vala pedig Mózes örökséget a Rúben fiai nemzetségének az ő családjaik szerint.
၁၅မောရှေ သည်၊ ရုဗင် အမျိုးသား အဆွေအမျိုး အသီးအသီး တို့အား အမွေပေး သောပြည်များဟူမူကား၊
16 És lőn az ő határuk Aróertől fogva, a mely az Arnon folyó partján van, úgy a város, a mely a völgy közepette van, mint az egész sík föld Medeba mellett;
၁၆အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့ ၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ မေဒဘ လွင်ပြင်တရှောက်လုံး၊
17 Hesbon és annak minden városa, a melyek a sík földön vannak; Dibon, Bámoth-Baal és Béth-Baál-Meon;
၁၇ဟေရှဘုန် မြို့နှင့်တကွလွင်ပြင် ၌ ရှိသမျှ သော မြို့ ၊ ဒိဘုန် မြို့၊ ဗာမုတ်ဗာလ မြို့၊ ဗက်ဗာလမောင် မြို့၊
18 És Jahcza, Kedemót és Méfaát;
၁၈ယဟာဇ မြို့၊ ကေဒမုတ် မြို့၊ မေဖတ် မြို့၊
19 És Kirjáthaim, Szibma és Czeret-Sáhár a völgy mellett való hegyen:
၁၉ကိရယသိမ် မြို့၊ စိဗမာ မြို့၊ ချိုင့် တွင်တောင် ပေါ် မှာရှိသော ဇာရက်ရှာဟာ မြို့၊
20 És Béth-Peór, a Piszga hegyoldalai, és Béth-Jesimóth.
၂၀ဗက်ပေဂုရ မြို့၊ အာဇုတ် ပိသကာ မြို့၊ ဗက်ယေရှိမုတ် မြို့၊
21 És a sík föld minden városa és Szíhonnak, az Emoreusok királyának egész országa, a ki uralkodik vala Hesbonban, a kit megvert vala Mózes, őt és a Midiánnak fejedelmeit: Evit és Rékemet, Czúrt és Húrt és Rébát, Szíhonnak fejedelmeit, a kik e földön laktak vala.
၂၁လွင်ပြင် ၌ရှိသမျှ သော မြို့ တို့နှင့်တကွ ၊ ဟေရှဘုန် မြို့၌ မင်းပြု ရသော အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ တရှောက်လုံး ကိုပေးသတည်း။ ထိုရှင် ဘုရင်ကို၎င်း ၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည် ၌နေ သောမိဒျန် မင်းကြီး ငါးပါး၊ ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တို့ကို၎င်း၊ မောရှေ သည် လုပ်ကြံ လေ၏။
22 A jövendőmondó Bálámot is, Beórnak fiát, megölék Izráel fiai fegyverrel, azokkal együtt, a kiket levágtak vala.
၂၂ပရောဖက် လုပ်သော ဗောရ သား ဗာလမ် ကိုလည်း ၊ အသေခံ ရသောသူ တို့နှင့်ရော ၍ ဣသရေလ လူတို့သည် ထား နှင့် ကွပ်မျက် ကြ၏။
23 Vala tehát a Rúben fiainak határa a Jordán és melléke. Ez a Rúben fiainak öröksége az ő családjaik szerint, a városok és azoknak falui.
၂၃ရုဗင် အမျိုးသား နေရာအပိုင်း အခြားကား၊ ယော်ဒန် မြစ်နှင့် မြစ်ကမ်းပါး တည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေ အမျိုးအလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
24 A Gád nemzetségének, a Gád fiainak is adott vala örökséget Mózes, az ő családjaik szerint.
၂၄မောရှေ သည် ဂဒ် အမျိုးသား အဆွေ အမျိုးအသီး အသီးတို့အား အမွေပေး သော ပြည်များဟူမူကား၊
25 És lőn az ő határuk Jaázer és Gileádnak minden városa és az Ammon fiai földjének fele Aróerig, a mely Rabba felett van.
၂၅ယာဇာ မြို့ မှစ၍ ဂိလဒ် မြို့ ရှိသမျှ တို့နှင့်တကွ ၊ ရဗ္ဗာ မြို့ရှေ့ ၌ ရှိသော အာရော် မြို့တိုင်အောင် အမ္မုန် ပြည် တဝက်၊
26 És Hesbontól fogva Ramath-Miczpéig és Betónimig, meg Mahanáimtól Debir határáig.
၂၆ဟေရှဘုန် မြို့မှစ၍ ရာမတ် မိဇပါ မြို့၊ ဗေတောနိမ် မြို့တိုင်အောင်၎င်း ၊ မဟာနိမ် မြို့မှစ၍ ဒေဗိရ မြို့နယ် တိုင်အောင် ၎င်း ပါသောပြည်၊
27 A völgyben pedig Béth-Harám, Béth-Nimra, Szukkóth és Czáfon, Szíhonnak, Hesbon királyának maradék országa, a Jordán és melléke, a Kinnereth tenger széléig a Jordánon túl napkelet felé.
၂၇ချိုင့် ၌ လည်း ၊ ဗေသာရံ မြို့၊ ဗက်နိမရ မြို့၊ သုကုတ် မြို့၊ ဇာဖုန် မြို့အစရှိသော ယော်ဒန် မြစ်အရှေ့ ဘက် ယော်ဒန် မြစ်အပိုင်း အခြား၊ ဂင်္နေသရက် အိုင် နား တိုင်အောင် ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သော နိုင်ငံ ကျန်ကြွင်း သမျှကိုပေးသတည်း။
28 Ez a Gád fiainak örökségök, az ő családjaik szerint, a városok és azoknak falui.
၂၈ဤရွေ့ကား၊ ဂဒ် အမျိုးသား အဆွေအမျိုး အလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
29 A Manassé nemzetség felének is adott vala Mózes örökséget. És lőn a Manassé fiainak félágáé, az ő családjaik szerint;
၂၉မောရှေ သည် မနာရှေ အမျိုး တဝက် အား အမွေပေး ၍ ၊ မနာရှေ အမျိုးသား တဝက် သည် အဆွေအမျိုး အလိုက် အမွေခံရသောပြည်များဟူမူကား၊
30 És lőn az ő határuk: Mahanáimtól fogva az egész Básán, Ógnak, Básán királyának egész országa és Jairnak minden faluja, a melyek Básánban vannak, hatvan város.
၃၀မဟာနိမ် မြို့မှစ၍ ဗာရှန် ပြည်တည်းဟူသောဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ တရှောက်လုံး ၊ ဗာရှန် ပြည်၌ ပါသော ယာဣရ မြို့ခြောက် ဆယ်ကို အမွေခံရသတည်း။
31 És pedig Gileádnak fele és Astarót és Edrei, Óg országának városai Básánban, a Manassé fiának, Mákirnak fiaié, Mákir feléé, az ő családjaik szerint.
၃၁ဂိလဒ် ပြည်တဝက် ၊ ဗာရှန် ပြည်၌ ဩဃ ၏ နိုင်ငံ အဝင်၊ အာရှတရုတ် မြို့နှင့် ဧဒြိ မြို့တို့ကို မနာရှေ သား မာခိရ ၏ သား မြေးတဝက် အဆွေ အမျိုးအလိုက် ပိုင်ရကြ၏။
32 Ezek azok, a miket örökségül adott vala Mózes a Moáb mezőségén, a Jordánon túl Jérikhótól napkelet felé.
၃၂ဤရွေ့ကား၊ မောရှေ သည် ယော်ဒန် မြစ်အရှေ့ ၊ ယေရိခေါ မြို့တစ်ဘက် ၊ မောဘ လွင်ပြင် ၌ အမွေ ဝေဖန်သော ပြည်များပေတည်း။
33 A Lévi nemzetségének pedig nem adott vala Mózes örökséget. Az Úr, Izráelnek Istene az ő örökségök, a mint szólott vala nékik.
၃၃လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်တော်မူသတည်း။

< Józsué 13 >