< Jakab 4 >
1 Honnét vannak háborúk és harczok közöttetek? Nem onnan-é a ti gerjedelmeitekből, a melyek a ti tagjaitokban vitézkednek?
၁သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-
2 Kívántok valamit, és nincs néktek: gyilkoltok és irígykedtek, és nem nyerhetitek meg; harczoltok és háborúskodtok; és nincsen semmitek, mert nem kéritek.
၂သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။-
3 Kéritek, de nem kapjátok, mert nem jól kéritek, hogy gerjedelmeitekre költsétek azt.
၃သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။-
4 Parázna férfiak és asszonyok, nem tudjátok-é, hogy a világ barátsága ellenségeskedés az Istennel? A ki azért e világ barátja akar lenni, az Isten ellenségévé lesz.
၄သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-
5 Vagy azt gondoljátok, hogy az Írás hiába mondja: Irígységre kívánkozik a lélek, a mely bennünk lakozik?
၅ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-
6 De majd nagyobb kegyelmet ád; ezért mondja: Az Isten a kevélyeknek ellenök áll, az alázatosoknak pedig kegyelmet ád.
၆သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
7 Engedelmeskedjetek azért az Istennek; álljatok ellene az ördögnek, és elfut tőletek.
၇သို့ဖြစ်၍ဘုရားသခင်၏အလိုတော်သို့လိုက် ကြလော့။ မာရ်နတ်ကိုခုခံကြလော့။ သို့ပြု လျှင်သူသည်သင်တို့ထံမှထွက်ပြေးလိမ့်မည်။-
8 Közeledjetek az Istenhez, és közeledni fog hozzátok. Tisztítsátok meg kezeiteket, ti bűnösök, és szenteljétek meg szíveiteket ti kétszívűek.
၈ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-
9 Nyomorkodjatok és gyászoljatok és sírjatok; a ti nevetéstek gyászra forduljon, és örömötök szomorúságra.
၉ဝမ်းနည်းကြေကွဲကြလော့။ ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ရယ်မောခြင်းကိုငိုကြွေး ခြင်းဖြစ်စေကြလော့။ သင်တို့၏ဝမ်းမြောက် ခြင်းကိုစိတ်ညှိုးငယ်စေခြင်းဖြစ်စေကြလော့။-
10 Alázzátok meg magatokat az Úr előtt, és felmagasztal titeket.
၁၀သင်တို့သည်မိမိတို့ကိုယ်ကိုထာဝရဘုရား ၏ရှေ့တော်၌နှိမ့်ချကြလော့။ သို့ပြုလျှင်ကိုယ် တော်သည်သင်တို့အားချီးမြှောက်တော်မူလိမ့် မည်။
11 Ne szóljátok meg egymást atyámfiai. A ki megszólja atyjafiát, és a ki kárhoztatja atyjafiát, az a törvény ellen szól, és a törvényt kárhoztatja. Ha pedig a törvényt kárhoztatod, nem megtartója, hanem bírája vagy a törvénynek.
၁၁ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-
12 Egy a törvényhozó, a ki hatalmas megtartani és elveszíteni: kicsoda vagy te, hogy kárhoztatod a másikat?
၁၂ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။
13 Nosza immár ti, a kik azt mondjátok: Ma vagy holnap elmegyünk ama városba, és ott töltünk egy esztendőt, és kalmárkodunk, és nyerünk;
၁၃``ယနေ့သို့မဟုတ်နက်ဖြန်နေ့၌ဤမည်သော မြို့သို့ငါတို့သွား၍တစ်နှစ်မျှနေကြကုန်အံ့။ ထိုမြို့တွင်ကုန်သွယ်၍ငွေအမြောက်အမြားရှာ ကြကုန်အံ့'' ဟုသင်တို့အချို့ပြောဆိုလေ့ရှိ ကြ၏။ သို့ရာတွင်ငါပြောသည်ကိုနားထောင် ကြလော့။-
14 A kik nem tudjátok mit hoz a holnap: mert micsoda a ti életetek? Bizony pára az, a mely rövid ideig látszik, azután pedig eltűnik.
၁၄သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။-
15 Holott ezt kellene mondanotok: Ha az Úr akarja és élünk, ím ezt, vagy amazt fogjuk cselekedni.
၁၅``ထာဝရဘုရားအလိုတော်ရှိလျှင်ငါတို့ သည်အသက်ရှင်၍ဤအမှုထိုအမှုကိုပြု ကြမည်'' ဟုသင်တို့ဆိုသင့်ကြ၏။-
16 Ti ellenben elbizakodottságtokban dicsekedtek: Minden ilyen dicsekedés gonosz.
၁၆ယခုမူကားသင်တို့သည်မာန်မာနကြီးကာ ကြွားဝါတတ်ကြ၏။ ယင်းသို့ကြွားဝါမှုရှိ သမျှသည်အပြစ်ဖြစ်၏။
17 A ki azért tudna jót cselekedni, és nem cselekeszik, bűne az annak.
၁၇သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။