< Ézsaiás 31 >

1 Jaj nékik, a kik Égyiptomba mennek segítségért, lovakra támaszkodnak, és a szekerek sokaságában bíznak, és a nagyon erős lovagokban; és nem néznek Izráelnek Szentjére, és az Urat nem keresik.
စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။
2 De Ő is bölcs, és hoz veszedelmet, és beszédeit nem változtatja meg; hanem fölkel a gonoszoknak háza ellen és a bűnt cselekvők segítsége ellen.
ထိုဘုရားသည် ဥာဏ်တော်ကျယ်၍၊ သူတို့အ ပေါ်မှာ ဘေးကိုသက်ရောက်စေတော်မူမည်။ စကား တော်မပျက်ဘဲ၊ ဆိုးသောလူမျိုးကို၎င်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကို၎င်း တဘက်၌ ထတော်မူမည်။
3 Hiszen Égyiptom ember és nem Isten, és lovai hús és nem lélek, és ha az Úr kinyújtja kezét, megtántorodik a segítő, és elesik a megsegített, és együtt mind elvesznek.
အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက် သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
4 Mert így szólott az Úr hozzám: A mint mormol az oroszlán és az oroszlánkölyök zsákmánya mellett, a mely ellen összehívatnak a pásztorok sereggel, és szavoktól ő meg nem retten, és meg nem ijed sokaságuktól: így száll alá a seregek Ura, hogy hadakozzék a Sion hegyén és halmán!
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
5 Mint repeső madarak, úgy oltalmazza a seregek Ura Jeruzsálemet, oltalmazván megszabadítja, kimélvén megmenti.
ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှ လင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။
6 Térjetek vissza hát hozzá, a kitől oly nagyon elpártolátok, Izráelnek fiai!
အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့။
7 Mivel ama napon megveti mindenki ezüst bálványait és arany bálványait, a melyeket kezeitek csináltak néktek bűnre.
အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက် ဖြင့် အသီးအသီးလုပ်သောငွေရုပ်တု၊ ရွှေရုပ်တု တည်း ဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက် ကြလိမ့်မည်။
8 És elesik Assiria, nem férfiú kardjától, és nem ember kardja emészti meg azt; és fut egy kard előtt, és ifjai adófizetők lesznek;
အာရှုရိလူသည်လည်း၊ကြီးမြတ်သောသူ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည်။ ယုတ်သောသူ၏ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည် လည်း ထားဘေးမှ ပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည်။
9 És kőszála félelem miatt menekül, és a zászlótól fejedelmei elfutnak, szól az Úr, a kinek tüze Sionban van, és kemenczéje Jeruzsálemben.
သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား၍၊ သူ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း။

< Ézsaiás 31 >