< Habakuk 2 >
1 Őrhelyemre állok, és megállok a bástyán, és vigyázok, hogy lássam, mit szól hozzám, és mit feleljek én panaszom dolgában.
၁ငါသည်လင့်စင်ပေါ်သို့တက်၍မြေကတုတ်ပေါ်မှစောင့်လျက် ထာဝရဘုရားငါပြောရမည့်စကားများကိုအဘယ်သို့မိန့်တော်မူ မည်၊ ငါ၏တိုင်တန်းချက်ကိုအဘယ်သို့ဖြေကြားတော်မူမည်ကိုစောင့်ဆိုင်း၍နေမည်။
2 És felele nékem az Úr, és mondá: Írd fel e látomást, és vésd táblákra, hogy könnyen olvasható legyen.
၂ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
3 Mert e látomás bizonyos időre szól, de vége felé siet és meg nem csal; ha késik is, bízzál benne; mert eljön, el fog jőni, nem marad el!
၃ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
4 Ímé, felfuvalkodott, nem igaz ő benne az ő lelke; az igaz pedig az ő hite által él.
၄ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။''
5 És bizony, a bor is megcsal: felgerjed a férfiú és nincsen nyugalma; ő, a ki tátja száját, mint a Seol, és olyan ő, mint a halál: telhetetlen, és magához ragad minden népet és magához csatol minden nemzetet. (Sheol )
၅ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ လောဘရမက်ကြီးသူတို့သည် မာန်မာန ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့ သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့ သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက် သိမ်းယူတတ်လေသည်။- (Sheol )
6 Avagy nem költenek-é ezek mindnyájan példabeszédet róla, és találós mesét reá, mondván: Jaj annak, a ki rakásra gyűjti, a mi nem övé! De meddig? És a ki adóssággal terheli magát!
၆စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ မခံသာပြောဆိုလျက်မထီလေးစားပြုကြ လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။
7 Avagy nem támadnak-é hirtelen, a kik téged mardossanak, és nem serkennek-é fel, a kik háborgassanak téged? És zsákmányul esel nékik.
၇အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော သင်တို့သည်အကြွေးတင်နေလျက်အတိုး ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန် လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက် ခိုက်လုယက်ကြလိမ့်မည်။-
8 Mivelhogy kifosztogattál sok nemzetet, kifosztanak téged mind a többi népek az emberek véréért, és az országok, városok és minden bennök lakozók ellen való erőszaktételért.
၈သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့ ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက် မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့ ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့ အားတိုက်ခိုက်လုယက်ကြလိမ့်မည်။
9 Jaj annak, a ki bűnös szerzeményt szerez házának, hogy magasra rakhassa fészkét, hogy megszabadulhasson a gonosz hatalma elől.
၉သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည် မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့ အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင် ပြုခဲ့ကြပြီ။-
10 Házadnak gyalázatára tervezted a sok nép kiirtását, és bűnössé tetted lelkedet.
၁၀သို့ရာတွင်သင်တို့၏စီမံကိန်းများကပင် လျှင် သင်တို့လူမျိုးကိုအရှက်ရစေလေပြီ။ သင်တို့သည်လူမျိုးတကာတို့ကိုသုတ်သင် ဖျက်ဆီးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ယို ယွင်းပျက်စီးရလေပြီ။-
11 Mert a kő is ellened kiált a falból, és a gerenda a fa-alkotmányból visszhangoz néki.
၁၁အိမ်နံရံကျောက်များကပင်လျှင်သင်တို့ကို အော်ဟစ်စွပ်စွဲလျက် ခေါင်ရှိဒိုင်းများကပဲ့ တင်သံပေးကြလေကုန်ပြီ။
12 Jaj annak, a ki várost épít vérengzéssel, és a ki várat emel álnoksággal.
၁၂သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ရာဇဝတ်မှုအပေါ်တွင် အုတ်မြစ်ချ၍လူ သတ်မှုဖြင့်မြို့ကိုတည်ထောင်ခဲ့ကြ၏။-
13 Avagy ímé, nem a Seregek Urától van-é ez, hogy a népek tűznek építenek, és a nemzetek a hiábavalóságnak fáradoznak?
၁၃သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည် အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့ သမျှသောအဆောက်အဦတို့သည်မီးလောင် ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။-
14 Mert az Úr dicsőségének ismeretével betelik a föld, a miképen a folyamok megtöltik a tengert.
၁၄ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့ သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏ ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့် လျက်နေလိမ့်မည်။
15 Jaj annak, a ki megitatja felebarátját, epédet keverve belé, hogy megrészegítsed őt, hogy láthassad az ő szemérmöket!
၁၅သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမျက်ထွက်သဖြင့် မိမိတို့အိမ်နီးချင်းတိုင်း ပြည်များကိုရှုတ်ချ၍အသရေဖျက်ခဲ့၏။ သူတို့အားသေသောက်ကြူးများသဖွယ်ယိမ်း ထိုး၍နေစေခဲ့၏။-
16 Gyalázattal telsz meg dicsőség helyett; igyál te is és láttassék szemérmed; reád fordul az Úr jobbjának pohara, és gyalázat borítja el dicsőségedet.
၁၆သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက် ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ် ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-
17 Bizony, a libanoni erőszakoskodás gyászba borít téged, és a vadak pusztítása, a mely rettegteté őket, az emberek véréért és az országon, a városon és annak minden lakosán űzött erőszakosságért.
၁၇သင်တို့သည်လေဗနုန်သစ်တောများကိုခုတ် လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင် ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင် တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ် ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ ပေါ်ရှိလူများမြို့များကိုအကြမ်းဖက် ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု အရာများဖြစ်ပျက်လာလိမ့်မည်။
18 Mit használ a faragott kép, hogy a faragója kifaragta azt? vagy az öntött kép és a mely hazugságot tanít, hogy a képnek faragója bízik abban, csinálván néma bálványokat?
၁၈ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင် ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့် အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား ရမည်နည်း။ ယင်းသည်စကားမပြောနိုင် သည့်ဘုရားဖြစ်ပါသည်တကား၊-
19 Jaj annak, aki fának mondja: Serkenj fel! néma kőnek: Ébredj fel! Taníthat-é ez? Ímé, borítva van aranynyal és ezüsttel, lélek pedig nincs benne semmi!
၁၉သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း မံထားကောင်းထားမည်ဖြစ်သော်လည်း ထိုရုပ်တုတွင်အသက်ကားမရှိ။
20 Ellenkezőleg az Úr az ő szent templomában, hallgasson előtte az egész föld!
၂၀ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သည့်ဗိမာန်တော်တွင်ရှိတော်မူ၏။ ကမ္ဘာ မြေပေါ်ရှိလူအပေါင်းတို့သည်ရှေ့တော်၌ ငြိမ်သက်စွာနေကြစေ။