< Galatákhoz 4 >
1 Mondom pedig, hogy a meddig az örökös kiskorú, semmiben sem különbözik a szolgától, jóllehet ura mindennek;
၁ဆက်လက်၍ဖော်ပြပါမည်။ လူတစ်ဦးတစ်ယောက် ၏သားသည်အဖ၏ဥစ္စာပစ္စည်းရှိသမျှကိုအမွေ ခံထိုက်သဖြင့် အမှန်ပင်ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလအတွင်း၌ကျွန်တစ် ယောက်ကဲ့သို့နေရ၏။-
2 Hanem gyámok és gondviselők alatt van az atyjától rendelt ideig.
၂သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။-
3 Azonképen mi is, mikor kiskorúak valánk, a világ elemei alá voltunk vettetve szolgaként:
၃ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။-
4 Mikor pedig eljött az időnek teljessége, kibocsátotta Isten az ő Fiát, a ki asszonytól lett, a ki törvény alatt lett,
၄သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
5 Hogy a törvény alatt levőket megváltsa, hogy elnyerjük a fiúságot.
၅
6 Minthogy pedig fiak vagytok, kibocsátotta az Isten az ő Fiának Lelkét a ti szíveitekbe, ki ezt kiáltja: Abba, Atya!
၆သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
7 Azért nem vagy többé szolga, hanem fiú; ha pedig fiú, Istennek örököse is Krisztus által.
၇သို့ဖြစ်၍သင်သည်ကျွန်မဟုတ်တော့ဘဲသား ဖြစ်လေပြီ။ သားဖြစ်သဖြင့်သားများခံစား ထိုက်သည်များကိုဘုရားသခင်သည်သင့် အားပေးတော်မူလတ္တံ့။
8 Ámde akkor, mikor még nem ismertétek az Istent, azoknak szolgáltatok, a mik természet szerint nem istenek;
၈အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။-
9 Most azonban, hogy megismertétek az Istent, sőt hogy megismert titeket az Isten, miként tértek vissza ismét az erőtelen és gyarló elemekhez, a melyeknek megint újból szolgálni akartok?
၉ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
10 Megtartjátok a napokat és hónapokat és időket, meg az esztendőket.
၁၀သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။-
11 Féltelek titeket, hogy hiába fáradoztam körültetek.
၁၁ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။
12 Legyetek olyanok, mint én; mert én is olyanná lettem, mint ti: atyámfiai, kérlek titeket, semmivel sem bántottatok meg engem.
၁၂ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။-
13 Tudjátok pedig, hogy testem erőtelensége miatt hirdettem néktek az evangyéliomot először.
၁၃ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။-
14 És megkísértetvén testemben, nem vetettetek meg, sem nem útáltatok meg engem, hanem úgy fogadtatok, mint Istennek angyalát, mint Krisztus Jézust.
၁၄ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-
15 Hová lőn tehát a ti boldogságotok? Mert bizonyságot teszek néktek, hogy ti, ha lehetséges volt volna, szemeiteket kivájván, nékem adtátok volna.
၁၅ထိုအခါကသင်တို့အလွန်ပျော်ကြပါသည် တကား။ ယခုအဘယ်သို့ဖြစ်ကြလေပြီနည်း။ ထိုစဉ်အခါကသင်တို့သည်ဖြစ်နိုင်ပါမူ မိမိ တို့၏မျက်စိများကိုပင်လျှင်ထုတ်၍ငါ့အား ပေးလှူလိုသည်ဟုငါသက်သေခံ၏။-
16 Tehát ellenségetek lettem-é, megmondván néktek az igazat?
၁၆ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။
17 Nem szépen buzgolkodnak érettetek, sőt minket ki akarnak rekeszteni, hogy mellettök buzgolkodjatok.
၁၇ငါ့ကိုအတိုက်အခံပြုသူများသည်သင်တို့ အပေါ်တွင်များစွာစိတ်ဝင်စားလျက်ရှိကြ၏။ သို့ရာတွင်ရိုးသားသောရည်ရွယ်ချက်ဖြင့် မဟုတ်။ သင်တို့၏တုံ့ပြန်စိတ်ဝင်စားမှုကို ခံယူရရှိနိုင်ရန်သင်တို့အားငါနှင့်အဆက် ဖြတ်စေလိုသောကြောင့်ဖြစ်သည်။-
18 Szép dolog pedig fáradozni a jóban mindenkor, és nem csupán akkor, ha köztetek vagyok.
၁၈ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။-
19 Gyermekeim! kiket ismét fájdalommal szűlök, míglen kiábrázolódik bennetek Krisztus.
၁၉ငါချစ်သောသားသမီးတို့၊ ခရစ်တော်၏စိတ် နေသဘောထားမျိုးကိုသင်တို့မရမချင်း ငါသည်သားဖွားသည့်မိခင်ကဲ့သို့တစ်ဖန် ဝေဒနာခံလျက်နေရ၏။-
20 Szeretnék pedig most köztetek jelen lenni és változtatni a hangomon; mert bizonytalanságban vagyok felőletek.
၂၀သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။
21 Mondjátok meg nékem, kik a törvény alatt akartok lenni: nem halljátok-é a törvényt?
၂၁ပညတ်တရား၏လက်အောက်တွင်နေလိုသူတို့၊ သင်တို့သည်ပညတ်ကျမ်း၏မိန့်ဆိုချက်ကိုမ ကြားကြသလော။-
22 Mert meg van írva, hogy Ábrahámnak két fia volt; egyik a szolgálótól, és a másik a szabadostól.
၂၂ထိုကျမ်းကအာဗြဟံတွင်သားနှစ်ယောက်ရှိ ကြောင်း၊ တစ်ယောက်သည်ကျွန်မနှင့်ရသောသား ဖြစ်၍အခြားတစ်ယောက်မှာလွတ်လပ်သော မိန်းမနှင့်ရသောသားဖြစ်ကြောင်းဖော်ပြပေသည်။-
23 De a szolgálótól való test szerint született; a szabadostól való pedig az ígéret által.
၂၃ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။-
24 Ezek mást példáznak: mert azok az asszonyok a két szövetség, az egyik a Sinai hegyről való, szolgaságra szűlő, ez Hágár,
၂၄ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။-
25 Mert Hágár a Sinai hegy Arábiában, hasonlatos pedig a mostani Jeruzsálemhez, nevezetesen fiaival együtt szolgál.
၂၅ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။-
26 De a magasságos Jeruzsálem szabad, ez mindnyájunknak anyja,
၂၆သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။-
27 Mert meg van írva: Ujjongj te meddő, ki nem szűlsz; vígadozzál és kiálts, ki nem vajudol; mert sokkal több az elhagyottnak magzatja, mint a kinek férje vagyon.
၂၇အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က၊ ``အချင်းမိန်းမမြုံ၊ သင်သည်ကိုယ်ဝန်မဆောင်ဘူးသော်လည်း ရွှင်လန်းဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကိုမခံဘူးသော်လည်း ကြွေးကြော်အော်ဟစ်လော့။ လင်ယောကျာ်းစွန့်ပစ်၍ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်ပင်ပို၍သားသမီး များကို ရရှိလိမ့်မည်'' ဟုဖော်ပြသောကြောင့်ဖြစ်၏။
28 Mi pedig, atyámfiai, Izsák szerint, ígéretnek gyermekei vagyunk.
၂၈ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။-
29 De valamint akkor a test szerint született üldözte a Lélek szerint valót, úgy most is.
၂၉ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။-
30 De mit mond az Írás? Űzd ki a szolgálót és az ő fiát; mert a szolgáló fia nem örököl a szabad nő fiával.
၃၀သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။-
31 Annakokáért, atyámfiai, nem vagyunk a szolgáló fiai, hanem a szabadoséi.
၃၁သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။