< Ezékiel 21 >
1 És lőn az Úrnak beszéde hozzám, mondván:
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
2 Embernek fia! fordítsd arczodat Jeruzsálem felé, és szólj a szent helyek ellen és prófétálj Izráel földje ellen!
၂ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-
3 És mondjad Izráel földjének: Így szól az Úr: Ímé, én reád megyek, és kivonszom kardomat hüvelyéből, és kivágok belőled igazat és gonoszt.
၃လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
4 Azért, hogy kivágjak belőled igazat és gonoszt, azért megyen ki kardom hüvelyéből minden test ellen délről északig.
၄ယင်းသို့လူဆိုးလူကောင်းမရွေးသုတ်သင် ပစ်ရန် ငါသည်မြောက်အရပ်မှနေ၍တောင် အရပ်သို့တိုင်အောင် ရှိသမျှသောလူတို့ ကိုဋ္ဌားတော်ဖြင့်စီရင်မည်ဖြစ်ကြောင်း၊-
5 És megérti minden test, hogy én, az Úr vontam ki kardomat hüvelyéből, mert belé többé vissza nem tér.
၅ငါထာဝရဘုရားသည်မိမိ၏ဋ္ဌားတော် ကိုဋ္ဌားလွယ်အိမ်မှထုတ်တော်မူပြီဖြစ် ကြောင်း၊ ထိုဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန် ၍သွင်းတော်မူမည်မဟုတ်ကြောင်းကိုလူ အပေါင်းတို့သိရကြလိမ့်မည်။
6 És te, embernek fia, nyögj! Derekad fájdalmában keserűséggel nyögj szemök láttára.
၆``အချင်းလူသား၊ သင်သည်စိတ်ပျက်ဝမ်းနည်း ကြေကွဲလျက်ရှိဘိသကဲ့သို့ညည်းတွားလော့။ လူမြင်ကွင်းတွင်ပြင်းပြစွာညည်းတွားလော့။-
7 És lészen, mikor mondják néked: Miért nyögsz te? ezt mondjad: A hírért, mert beteljesedett: és elolvad minden szív és elerőtlenedik minden kéz és elcsügged minden lélek és minden térd elolvad mint a víz. Ímé beteljesedett és meglett, ezt mondja az Úr Isten.
၇သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။
8 És lőn az Úr beszéde hozzám, mondván:
၈ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
9 Embernek fia! prófétálj és mondjad: Ezt mondta az Úr: Mondjad: fegyver, fegyver! megélesített és meg is fényesített!
၉ကိုယ်တော်က``အချင်းလူသား၊ ဗျာဒိတ်တော် ကိုဆင့်ဆိုလော့။ ငါထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုလူတို့အားဆင့်ဆို ရမည်မှာ၊ ``ဋ္ဌားတော်ကိုထက်အောင်သွေးထားပြီး။ ဋ္ဌားတော်ကိုပြောင်လက်အောင်တိုက်ချွတ် ထားပြီ။
10 Hogy öldököljön, megélesíttetett, hogy legyen villámlása, megfényesíttetett. Avagy örüljünk-é? Fiam e veszszeje megvet minden fát!
၁၀သတ်ဖြတ်ရန်အတွက်ဋ္ဌားကိုထက်အောင် သွေးထားပြီး။ လျှပ်ပြက်သကဲ့သို့ပြောင်လက်စေရန် တိုက်ချွတ်ထား၏။ ငါ၏သားယုဒအုပ်စိုးသောရာဇလှံတံကြောင့် ရွှင်လန်းဝမ်းမြောက်နိုင်မည်မဟုတ်။ ထိုရာဇလှံတံသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည်။
11 És adta azt megfényesítésre, hogy marokba fogják; megélesíttetett az a kard s megfényesíttetett, hogy adják a megölőnek kezébe.
၁၁အဆင်သင့်အသုံးပြုနိုင်စေရန်ထိုဋ္ဌားကို ပြောင်လက်အောင်တိုက်ချွတ်လျက်ရှိ၏။ လူသတ်သမား၏လက်သို့အပ်ရန် ယင်းကိုထက်အောင်သွေးပြီးလျှင် ပြောင်လက်အောင်တိုက်ချွတ်ထား၏။
12 Kiálts és jajgass, embernek fia! mert ez az én népemen lészen és Izráel minden fejedelmin: e kardra jutnak népemmel együtt, ezokért üss czombodra.
၁၂အချင်းလူသား၊ဝမ်းနည်း၍အော်ဟစ်ငို ကြွေးလော့။ ဤဋ္ဌားသည်ငါ၏လူမျိုးတော်အတွက် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်းတို့ အတွက်ဖြစ်၏။ သူတို့သည်ကျန်ရှိနေသူငါ၏လူမျိုးတော်ဝင် အပေါင်းနှင့်အတူအသတ်ခံရကြအံ့။ စိတ်ပျက်လက်လျော့လျက်သင်၏ရင်ကိုတီး ခတ်လော့။
13 Már megpróbáltatott. De hát ha a vessző maga is vonakodnék? Nem úgy lészen, ezt mondja az Úr Isten!
၁၃ငါသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည့် ယုဒ၏ ရာဇလှံတံတော်ပျက်စီးမည့်အချိန်ကို အကဲခတ်နေခြင်းဖြစ်၏ဟုအရှင် ထာဝရဘုရား မိန့်တော်မူ၏။
14 Te pedig, embernek fia, prófétálj, és csapd össze tenyeredet, mert kettős lesz a kard, most harmadszor; öldöklő kard az, a nagy öldöklő kard körüljárja őket.
၁၄``အချင်းလူသား၊ ယခုဗျာဒိတ်တော်ကိုပြန် ကြားလော့။ လက်ခုပ်တီးလော့။ ထိုအခါဋ္ဌား တော်ကိုနှစ်ကြိမ်သုံးကြိမ်ဝှေ့ယမ်းလော့။ ထို ဋ္ဌားသည်သူသတ်သောဋ္ဌား၊ ရက်စက်စွာသတ် ဖြတ်သည့်ဋ္ဌားဖြစ်၏။ သူတို့ကိုအဘက်ဘက် မှဝိုင်းရံသတ်ဖြတ်လိမ့်မည်။-
15 Hogy elolvadjon a szív és sokan elhulljanak: minden kapujokban rájok vetem a kard villámlását, hisz villámlásra készült, öldöklésre kifényesíttetett!
၁၅ယင်းသည်ငါ၏လူမျိုးတော်အားနှလုံးတုန် စေ၍ ယိမ်းယိုင်ပြိုလဲစေ၏။ လျှပ်ပြက်သကဲ့ သို့ပြောင်လက်၍ခုတ်ဖြတ်ရန်အသင့်ရှိသော ဋ္ဌားဖြင့် ငါသည်သူတို့၏မြို့တံခါးတို့တွင် သတ်ဖြတ်ရန်ထိုဋ္ဌားကိုထားရှိမည်။-
16 Szedd össze magadat; tarts jobbra, tarts előre, tarts balra, a merre éled irányozva van.
၁၆အချင်းထက်မြက်သောဋ္ဌား၊ ဘယ်ညာမရွေး ခုတ်ဖြတ်လော့။ ဦးတည်ရာခုတ်ဖြတ်လော့။-
17 Én is összecsapom tenyeremet, és megnyugotom haragomat. Én, az Úr szólottam.
၁၇ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။
18 És lőn az Úr beszéde hozzám, mondván:
၁၈ထာဝရဘုရားသခင်၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
19 És te, embernek fia, csinálj magadnak két útat, a melyen jőjjön a babiloni király kardja; egy földről jőjjön ki mind a kettő; s egy kezet véss föl, a városba vezető út fejénél vésd föl.
၁၉ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန်မင်း တိုက်ခိုက်ရန်ဋ္ဌားကိုကိုင်၍ လာနိုင်သည့်လမ်း နှစ်လမ်းကိုမှတ်သားလော့။ ထိုလမ်းနှစ်လမ်း စလုံးပင်တိုင်းပြည်တစ်ခုတည်းမှအစ ပြုရမည်။ ထိုမြို့သို့ခွဲသွားသည့်လမ်းခွ တွင်မှတ်တိုင်များစိုက်ထားလော့။-
20 Útat csinálj, hogy jőjjön a kard az Ammon fiainak Rabbájára, aztán Júdára, a körülkerített Jeruzsálemre.
၂၀ဖျက်ဆီးမည့်ဋ္ဌားလာရောက်ရန်မှတ်တိုင်တစ် တိုင်သည် အမ္မုန်ပြည်ရဗ္ဗတ်မြို့သို့လမ်းညွှန် လျက် အခြားတစ်တိုင်မှာယုဒပြည်ခိုင်ခံ့ သောယေရုရှလင်မြို့သို့လမ်းညွှန်ရမည်။-
21 Mert megáll a babiloni király az útak kezdetén, a két út fejénél, hogy jövendőt láttasson; megrázza a nyilakat, megkérdezi a Teráfimot, megnézi a májat.
၂၁ဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။-
22 Jobbjába adta a jövendölés Jeruzsálemet, hogy állasson faltörő kosokat, hogy nyissa száját ordításra, hogy üssön zajt trombitával, hogy állasson faltörő kosokat a kapuk ellen, hogy töltsön sánczot, építsen tornyot.
၂၂ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
23 De ez nékik hamis jövendölésnek látszik: szent esküik vannak nékik Istentől; ám Ő emlékezetbe hozza vétköket, hogy megfogassanak.
၂၃ယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။-
24 Ezokáért ezt mondja az Úr Isten: Mivelhogy emlékezetbe hozzátok vétketeket, midőn nyilvánvalókká lesznek gonoszságaitok, hogy megláttassanak bűneitek minden cselekedeteitekben; mivelhogy eszembe juttok, kézzel megfogattok.
၂၄သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား သင်တို့၏ပုန်ကန်မှုကြောင့်သင်တို့ ၏အပြစ်များကိုအမှတ်ရစေပြီ။ သင်တို့၏ အကျင့်အကြံဟူသမျှက သင်တို့၏အပြစ် များကိုပေါ်လွင်လာစေ၏။ သင်တို့ဤသို့ ပြုသည်ဖြစ်၍ ငါသည်သင်တို့ကိုရန်သူ များ၏လက်သို့ပေးအပ်မည်။
25 És te elvetemedett, te gonosztevő, Izráel fejedelme, a kinek napja eljött az utolsó vétek idején:
၂၅``အချင်းယုတ်မာဆိုးညစ်သည့်ဣသရေလ မင်း၊ သင်၏ကံကြမ္မာကိုဖန်တီးမည့်နေ့ရက်၊ သင်အပြီးသတ်အပြစ်ဒဏ်ခံရမည့်နေ့ ရက်ကျရောက်လာလေပြီ။-
26 Így szól az Úr Isten: El a süveggel, le a koronával! Ez nem lészen ez: az alacsony legyen magas, és a magas alacsony!
၂၆ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။ သင်၏ရာဇသရဖူနှင့် ဦးရစ်ကိုချွတ်လိုက်လော့။ အခြေအနေအား လုံးပြောင်းလဲသွားလေပြီ။ ဆင်းရဲသူတို့ အားတန်ခိုးအာဏာပေးအပ်၍ တန်ခိုး အာဏာရှိသူတို့ကိုနိမ့်ကျစေအံ့။-
27 Rommá, rommá, rommá teszem azt; ez sem lesz állandó, míg el nem jő az, a kié az uralkodás, és néki adom azt!
၂၇ငါသည်ယေရုရှလင်မြို့ကိုယိုယွင်းပျက်စီး စေမည်။ ယိုယွင်းပျက်စီးစေမည်။ ယိုယွင်းပျက် စီးစေမည်။ သို့ရာတွင်ထိုမြို့ကိုတရားဝင် ပိုင်ဆိုင်သူမရောက်မီ ယင်းကိုပြန်လည်ပြု ပြင်ကြလိမ့်မည်မဟုတ်။ ထိုသူအားငါ အပ်မည်။
28 És te, embernek fia, prófétálj, és mondjad: Ezt mondja az Úr Isten Ammon fiairól és gyalázkodásukról, és mondjad: Fegyver, fegyver, öldöklésre kivont, megfényesíttetett, hogy ragyogjon, azért, hogy villámljék;
၂၈``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။'' ``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ ဋ္ဌားကိုအသင့်ထားလေပြီ။ သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။ လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင် တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။
29 De mivel felőled hiábavalóságot látnak, hazugságot jövendölnek, hogy odatesznek téged a megölt gonoszok nyakára, a kiknek napjok eljött az utolsó vétek idején:
၂၉သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
30 Tedd vissza hüvelyébe azt; a helyen, melyen teremtettél, származásod földjén ítéllek meg téged.
၃၀`` `သင်၏ဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန်သွင်း စေ။ သင့်ကိုဖန်ဆင်းရာအရပ်၊ သင်မွေးဖွား ရာပြည်တွင်ငါသည်သင့်အားတရားစီ ရင်မည်။-
31 És kiontom reád haragomat, búsulásom tüzét fúvom reád, és adlak goromba férfiak kezébe, kik mesterek, téged elveszteni.
၃၁ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
32 A tűz eledele leszel; véredet benyeli a föld; emlékezetbe nem jösz többé, mert én, az Úr szóltam.
၃၂သင်သည်လောင်စာဖြစ်လိမ့်မည်။ မိမိ၏ပြည် ၌ပင်သေရလိမ့်မည်။ နောက်တစ်ဖန်အဘယ် သူမျှသင့်အားသတိရကြတော့မည်မ ဟုတ်' '' ဟုမိန့်တော်မူ၏။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။