< 5 Mózes 34 >
1 És felméne Mózes a Moáb mezőségéről a Nébó hegyére, a Piszga tetejére, a mely átellenben van Jérikhóval; és megmutatá néki az Úr az egész földet, a Gileádot Dánig;
၁ထိုနောက် ၊ မောရှေ သည် မောဘ လွင်ပြင် မှ သွား ၍ ယေရိခေါ မြို့တဘက် ၊ နေဗော တောင် ၊ ပိသဂါ ထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရား သည် ဒန် မြို့တိုင်အောင် ၊ ဂိလဒ် ပြည် တရှောက်လုံး၊
2 És az egész Nafthalit, Efraim és Manassé földét, az egész Júda földét a túlsó tengerig;
၂နဿလိ ပြည် တရှောက်လုံး ၊ ဧဖရိမ် ပြည် ၊ မနာရှေ ပြည်နှင့်တကွ အဝေး ဆုံးသော ပင်လယ် တိုင်အောင် ၊ ယုဒ ပြည် တရှောက်လုံး၊
3 És a déli tartományt, és Jérikhónak, a pálmafák városa völgyének környékét, Czoárig.
၃တောင် ပြည်နှင့်တကွ ဇောရ မြို့တိုင်အောင် စွန်ပလွံ မြို့တည်းဟူသောယေရိခေါ မြို့တည်သော ချိုင့် နှင့် လွင်ပြင် တို့ကို ပြတော်မူ၏။
4 És monda néki az Úr: Ez a föld az, a mely felől megesküdtem Ábrahámnak, Izsáknak, Jákóbnak, mondván: a te magodnak adom azt. Megengedtem néked, hogy szemeiddel lásd, de oda nem mégy át.
၄ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။
5 És meghala ott Mózes, az Úrnak szolgája a Moáb földén, az Úr szava szerint.
၅ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည်မောဘ ပြည် ၊ ထို အရပ်၌အနိစ္စရောက် ၍၊
6 És eltemeték őt a völgyben, a Moáb földén, Béth-Peórral átellenben; és senki sem tudja az ő temetésének helyét e mai napig.
၆ဗက်ပေဂုရ မြို့တဘက် ၊ မောဘ ပြည် ၊ တစုံတခုသောချိုင့် ၌ သင်္ဂြိုဟ် တော်မူ၏။ မောရှေ ၏ သင်္ချိုင်း ကို ယနေ့ တိုင်အောင် အဘယ်လူ မျှမ သိ ရာ။
7 Mózes pedig száz és húsz esztendős volt, mikor meghalt; nem homályosodott vala meg az ő szeme, sem el nem fogyatkozott vala az ő ereje.
၇မောရှေ သည် အနိစ္စ ရောက်သောအခါ အသက် တရာ နှစ်ဆယ် ရှိ၏။ သူ ၏မျက်စိ မ မှုန် သေး။ ခွန်အား လည်း မ လျော့ သေး။
8 És siraták Izráel fiai Mózest a Moáb mezőségén harmincz napig; és eltelének a Mózes siratásának, azaz gyászolásának napjai.
၈ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
9 Józsué, a Nún fia pedig beteljesedék bölcseségnek lelkével; mert Mózes tette vala ő reá kezeit; és hallgatának reá Izráel fiai, és úgy cselekedének, a mint parancsolta vala az Úr Mózesnek.
၉မောရှေ အတွက် ငိုကြွေးမြည်တမ်းသော နေ့ရက် ကာလလွန်ပြီးမှ၊ နုန် ၏သား ယောရှု သည် အထက်က မောရှေ ၏ လက် တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာ သဘော နှင့် ပြည့်စုံ သောသူဖြစ်၍၊ ဣသရေလ အမျိုးသား တို့သည် ယောရှု၏စကားကို နားထောင် လျက်၊ မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ကြ၏။
10 És nem támadott többé Izráelben olyan próféta, mint Mózes, a kit ismert volna az Úr színről-színre:
၁၀ထာဝရဘုရား စေလွှတ် တော်မူ၍ ၊ အဲဂုတ္တု ပြည် တွင် ဖါရော ဘုရင်နှင့် သူ ၏ကျွန် မှစ၍ပြည်သားအပေါင်း တို့၌ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှု အလုံးစုံ တို့ကို ပြု၍၊
11 Mindazokban a jelekben és csudákban, a melyekért küldötte vala őt az Úr, hogy véghez vigye azokat Égyiptom földén, a Faraón, minden ő szolgáján, és az ő egész földén;
၁၁ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ မဟာ တန်ခိုးတော်နှင့် အလွန် ကြောက်မက် ဘွယ်သော အမှု အရာအပေါင်း တို့ကို ပြ လေရာတွင် ၊
12 És mindama hatalmas erőben, és mindama nagy rettenetességben, a melyeket véghez vitt Mózes az egész Izráel szemei előtt.
၁၂ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသောပရောဖက် မောရှေ ကဲ့သို့ နောက် တဖန် ဣသရေလ အမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မ ပေါ် မထွန်း။