< Apostolok 24 >
1 Öt nap mulva aztán aláméne Ananiás főpap a vénekkel és egy Tertullus nevű prókátorral, kik panaszt tettek a tiszttartónál Pál ellen.
၁ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။
2 Mikor pedig ő előszólíttatott, Tertullus vádolni kezdé, mondván:
၂ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူ သောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါ သည်ဖြစ်၍၊
3 Nagyságos Félix, teljes háládatossággal ismerjük el, hogy te általad nagy békességet nyerünk, és a te gondoskodásod folytán igen jó intézkedések történnek e népre nézve, minden tekintetben és mindenütt.
၃အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။
4 De hogy téged sok ideig ne tartóztassalak, kérlek hallgass meg minket röviden a te kegyelmességed szerint.
၄အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ရှက်ခြင်း အပြစ်နှင့်လွတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။
5 Mi ugyanis úgy találtuk, hogy ez veszedelmes ember, és hasonlást támaszt a föld kerekségén levő valamennyi zsidó közt, és a nazarénusok felekezetének feje,
၅နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။
6 Ki a templomot is meg akarta fertőztetni. Meg is fogtuk őt, és a mi törvényünk szerint akartuk megítélni.
၆သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး၍၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊
7 De Lisiás, az ezredes, nagy karhatalommal oda jövén, kivevé őt kezünkből.
၇စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
8 És azt parancsolá, hogy az ő vádolói hozzád jőjjenek. Tőle te magad, ha kihallgatod, értesülhetsz mindezekről, melyekkel mi őt vádoljuk.
၈အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်း အရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။
9 Helybenhagyák pedig a zsidók is, mondogatván, hogy úgy vannak ezek.
၉ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။
10 Felele pedig Pál, miután intett néki a tiszttartó a szólásra: Mivelhogy tudom, hogy te sok esztendő óta vagy e népnek bírája, bátorságosabban védekezem a magam ügyében,
၁၀မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။
11 Mert megtudhatod, hogy nincsen tizenkét napjánál több, mióta feljöttem imádkozni Jeruzsálembe.
၁၁အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား၍၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။
12 És a templomban sem találtak engem, hogy valakivel vetekedtem volna, vagy hogy a népet egybezendítettem volna, sem a zsinagógákban, sem a városban.
၁၂ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌၎င်း၊ မြို့ထဲ၌၎င်း၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။
13 Rám sem bizonyíthatják azokat, a mikkel most engem vádolnak.
၁၃ယခုတွင်အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင် ကြပါ။
14 Erről pedig vallást teszek néked, hogy én a szerint az út szerint, melyet felekezetnek mondanak, úgy szolgálok az én atyáim Istenének, mint a ki hiszek mindazokban, a mik a törvényben és a prófétákban meg vannak írva.
၁၄သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။
15 Reménységem lévén az Istenben, hogy a mit ezek maguk is várnak, lesz feltámadásuk a halottaknak, mind igazaknak, mind hamisaknak.
၁၅ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူကို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု၍ မြော်လင့်ပါ၏။
16 Ebben gyakorlom pedig magamat, hogy botránkozás nélkül való lelkiismeretem legyen az Isten és emberek előtt mindenkor.
၁၆ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
17 Sok esztendő múlva pedig eljövék, hogy az én népemnek alamizsnát hozzak és áldozatokat.
၁၇နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည် တွင်၊
18 Ezek közben találának engem megtisztulva a templomban, nem sokasággal, sem pedig háborúságtámasztásban, némely Ázsiából való zsidók,
၁၈ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ် မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ၏။
19 Kiknek ide kellett volna te elődbe jőni és vádolni, ha valami panaszuk volna ellenem.
၁၉ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင်၊ အထံတော် သို့ကိုယ်တိုင်လာ၍အပြစ်တင်အပ်ပါ၏။
20 Avagy ezek magok mondják meg, vajjon találtak-é bennem valami hamis cselekedetet, mikor én a tanács előtt álltam;
၂၀သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်း အကြောင်းနှင့်၊
21 Hacsak ez egy szó tekintetében nem, melyet közöttük állva kiáltottam, hogy: A halottak feltámadása felől vádoltatom én tőletek e mai napon.
၂၁အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော်သော စကားသံ တခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
22 Mikor pedig ezeket hallotta Félix, elhalasztá dolgukat, mivelhogy tüzetesebb tudomása volt e szerzet dolgai felől, és monda: Mikor Lisias ezredes alájő, dönteni fogok ügyetekben.
၂၂ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက်၏။
23 És megparancsolá a századosnak, hogy Pált őrizzék, de enyhébb fogságban legyen, és senkit ne tiltsanak el az övéi közül attól, hogy szolgáljon néki, vagy hozzá menjen.
၂၃ပေါလုကို အကျဉ်းမထားဘဲစောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူးကိုမှာထား၏။
24 Egynéhány nap mulva pedig Félix megjelenvén feleségével Drusillával egybe, ki zsidó asszony vala, maga elé hívatá Pált, és hallgatá őt a Krisztusban való hit felől.
၂၄ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒ အမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့် တကွလာပြီး လျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ် သော စကားကို နားထောင်လေ၏။
25 Mikor pedig ő igazságról, önmegtartóztatásról és az eljövendő ítéletről szólt, megrémülve monda Félix: Mostan eredj el; de mikor alkalmatosságom lesz, magamhoz hivatlak téged.
၂၅ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။
26 Egyszersmind pedig azt is reményli vala, hogy Pál pénzt ad néki, hogy őt szabadon bocsássa: ezért gyakrabban is magához hivatván őt, beszélget vala véle.
၂၆ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာပေါလုကို ခေါ်၍ သူနှင့်စကားပြောလေ၏။
27 Mikor pedig két esztendő elmúlt, Félix utóda Porcius Festus lőn; és a zsidóknak kedveskedni akarván Félix, Pált fogságban hagyá.
၂၇နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒ လူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။