< 1 Korintusi 1 >
1 Pál, Jézus Krisztusnak Isten akaratából elhívott apostola, és Sosthenes, az atyafi.
၁ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် အရာ၌ ခန့်ထား သော ငါ ပေါလုနှင့် ငါ့ညီ သုဿင် သည်၊
2 Az Isten gyülekezetének, a mely Korinthusban van, a Krisztus Jézusban megszentelteknek, elhívott szenteknek, mindazokkal egybe, a kik a mi Urunk Jézus Krisztus nevét segítségül hívják bármely helyen, a magokén és a miénken:
၂ယေရှု ခရစ် အားဖြင့် အပြစ် နှင့်ကင်းစင်၍ သန့်ရှင်း သူအရာ၌ ခန့်ထား သောသူတည်းဟူသော၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ခပ်သိမ်း သောအရပ် ၌ ငါ တို့သခင် ယေရှု ခရစ် ကို ပဌနာ ပြုသောသူ အပေါင်း တို့ကို ကြားလိုက်ပါ၏။
3 Kegyelem néktek és békesség Istentől, a mi Atyánktól, és az Úr Jézus Krisztustól.
၃ထိုသခင်သည် ငါ တို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
4 Hálát adok az én Istenemnek mindenkor ti felőletek az Isten ama kegyelméért, mely néktek a Krisztus Jézusban adatott,
၄အထက်ခရစ်တော် ၏ သက်သေ ကို သင် တို့တွင် တည် စေသည်ရှိသော်၊
5 Mivelhogy mindenben meggazdagodtatok ő benne, minden beszédben és minden ismeretben,
၅သင်တို့သည် ထိုခရစ်တော် အားဖြင့် ၊ အရာရာ ၌ နှုတ် သတ္တိ၊ ဉာဏ် သတ္တိအပေါင်း နှင့် ကြွယ်ဝ ပြည့်စုံကြ သည်ဖြစ်၍ ၊
6 A mint megerősíttetett ti bennetek a Krisztus felől való bizonyságtétel.
၆ယေရှု ခရစ် အားဖြင့် သင် တို့အားပေး တော်မူသော ဆုကျေးဇူး တော်ကို ငါထောက် ၍၊ သင် တို့ အကြောင်း ကြောင့် ငါ့ ဘုရားသခင် ၏ကျေးဇူး တော်ကို အစဉ်မပြတ် ချီးမွမ်း၏။
7 Úgy, hogy semmi kegyelmi ajándék nélkül nem szűkölködtök, várván a mi Urunk Jézus Krisztusnak megjelenését,
၇ထိုကြောင့် သင် တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ ပေါ်ထွန်း တော်မူခြင်းကို မြော်လင့် ၍နေစဉ်၊ ဆု တော် တစ်စုံတစ်ခု မျှမ လျော့ ဘဲ စုံလင်လျက်ရှိကြ၏။
8 A ki meg is erősít titeket mindvégig feddhetetlenségben, a mi Urunk Jézus Krisztusnak napján.
၈သင်တို့သည် ငါ တို့သခင် ယေရှု ခရစ် ၏ နေ့ရက် ၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင် တို့ကို အဆုံး တိုင်အောင် ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။
9 Hű az Isten, ki elhívott titeket az ő Fiával, a mi Urunk Jézus Krisztussal való közösségre,
၉ငါ တို့သခင် တည်းဟူသောသား တော်မြတ်သခင် ယေရှု ခရစ် နှင့် ဆက်ဆံ ခြင်းကျေးဇူးတော်ကို သင်တို့ အား ပေး တော်မူသော ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏။
10 Kérlek azonban titeket atyámfiai, a mi Urunk Jézus Krisztus nevére, hogy mindnyájan egyképen szóljatok és ne legyenek köztetek szakadások, de legyetek teljesen egyek ugyanazon értelemben és ugyanazon véleményben.
၁၀ညီအစ်ကို တို့၊ သင်တို့ရှိသမျှ သည် စကား တညီတညွတ် တည်းဖြစ်၍ အချင်းချင်း မ ကွဲပြား ဘဲ စိတ် သဘော တသံ တသမတ်တည်းရှိ သည်နှင့် စေ့စပ် စုံလင်ကြမည်အကြောင်း၊ ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော် ကို အမှီပြု ၍ သင် တို့ကို ငါ နှိုးဆော်တောင်းပန်ပါ၏။
11 Mert megtudtam felőletek atyámfiai a Kloé embereitől, hogy versengések vannak köztetek.
၁၁အကြောင်းမူကား ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိ သည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြော ကြ၏။
12 Azt értem pedig, hogy mindenitek ezt mondja: Én Pálé vagyok, én meg Apollósé, én meg Kéfásé, én meg Krisztusé.
၁၂သင် တို့က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏။ ငါ သည် အာပေါလု တပည့်ဖြစ်၏။ ငါ သည်ကေဖ တပည့်ဖြစ်၏။ ငါ သည်ခရစ်တော် တပည့် ဖြစ်၏ဟု အသီးအသီး ပြော ကြသောကြောင့် ငါဆို ရ၏။
13 Vajjon részekre osztatott-é a Krisztus? Vajjon Pál feszíttetett-é meg érettetek, vagy a Pál nevére kereszteltettetek-é meg?
၁၃ခရစ်တော် သည် ကွဲပြား သလော။ ပေါလု သည် သင် တို့အတွက် လက်ဝါးကပ်တိုင် မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု ၏နာမ ၌ ဗတ္တိဇံ ကို ခံကြပြီလော။
14 Hálákat adok az Istennek, hogy senkit sem kereszteltem meg közületek, kivéve Krispust és Gájust,
၁၄ကရိပ္ပု နှင့် ဂါယု မှတစ်ပါး ၊ သင် တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံ ကို ငါမပေးသည်ဖြစ်၍ ဘုရားသခင် ၏ ကျေးဇူး တော်ရှိပါ၏။
15 Hogy valaki azt ne mondja, hogy a magam nevére kereszteltem.
၁၅သို့ဖြစ်၍ ပေါလုသည်မိမိ နာမ ၌ ဗတ္တိဇံ ကို ပေးသည်ဟု အဘယ်သူ မျှဆို စရာအကြောင်း မ ရှိ။
16 Megkereszteltem azonban Stefana házanépét is, ezenkívül nem tudom, hogy valakit mást kereszteltem volna.
၁၆သတေဖန် ၏အိမ်သူ အိမ်သားတို့အားလည်း ဗတ္တိဇံကို ပေး ပြီ။ ထိုမှတစ်ပါးအခြား သောသူအား ဗတ္တိဇံ ပေးသည်ကိုငါမ မှတ်မိ ။
17 Mert nem azért küldött engem a Krisztus, hogy kereszteljek, hanem hogy az evangyéliomot hirdessem; de nem szólásban való bölcseséggel, hogy a Krisztus keresztje hiábavaló ne legyen.
၁၇ဗတ္တိဇံ ကိုပေးစေခြင်းငှာခရစ်တော် သည် ငါ့ ကို စေလွှတ် တော်မူသည်မ ဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာစေလွှတ်တော်မူ၏။ သို့သော်လည်း ၊ ခရစ်တော် ၏လက်ဝါးကပ်တိုင် ကို အချည်းနှီး မ ဖြစ် စေခြင်းငှာ ၊ နှုတ် ပညာ ကို အခွင့်မ ပေးဘဲနေတော်မူ၏။
18 Mert a keresztről való beszéd bolondság ugyan azoknak, a kik elvesznek; de nekünk, kik megtartatunk, Istennek ereje.
၁၈အကြောင်းမူကား ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့၌ လက်ဝါးကပ်တိုင် တော်တရား သည် မိုက် သော တရားဖြစ် ၏။ ကယ်တင် ခြင်းသို့ ရောက်သောငါ တို့၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုး တော် ဖြစ် ၏။
19 Mert meg van írva: Elvesztem a bölcseknek bölcseségét és az értelmeseknek értelmét elvetem.
၁၉ကျမ်းစာ လာသည်ကား ၊ ပညာရှိ တို့၏ ပညာ ကို ငါဖျက်ဆီး မည်။ ဉာဏ် ကောင်းသောသူ တို့၏ ဉာဏ် ကို လည်း ငါပယ် မည်ဟု လာသတည်း။
20 Hol a bölcs? hol az írástudó? hol e világnak vitázója? Nemde nem bolondsággá tette-é Isten e világnak bölcseségét? (aiōn )
၂၀ပညာရှိ ကားအဘယ်မှာ ရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ ၌လေ့ကျက်သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီ ပညာ ကို ဘုရားသခင် သည် မိုက် စေတော်မူသည် မ ဟုတ်လော။ (aiōn )
21 Mert minekutána az Isten bölcseségében nem ismerte meg a világ a bölcseség által az Istent, tetszék az Istennek, hogy az igehirdetés bolondsága által tartsa meg a hívőket.
၂၁အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ၏ ပညာ တော်စီရင်သည်နှင့်အညီ၊ လောကီသား တို့သည် မိမိ တို့ပညာ အားဖြင့် ဘုရားသခင် ကို မ သိ ဘဲနေကြသောအခါ၊ ဘုရားသခင် သည် ယုံကြည် သော သူတို့ ကို ဒေသနာ တော် မိုက်မဲ ခြင်းအားဖြင့် ကယ်တင် ခြင်းငှာစေတနာ ရှိတော်မူ၏။
22 Mert egyfelől a zsidók jelt kívánnak, másfelől a görögök bölcseséget keresnek.
၂၂ယုဒ လူတို့သည် နိမိတ် လက္ခဏာကို တောင်း တတ်ကြ၏။ ဟေလသ လူတို့သည် ပညာ ကို ရှာ တတ် ကြ၏။
23 Mi pedig Krisztust prédikáljuk, mint megfeszítettet, a zsidóknak ugyan botránkozást, a görögöknek pedig bolondságot;
၂၃ငါ တို့မူကား ၊ လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြော ကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒ အမျိုးသားထိမိ ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါး အမျိုးသား၌ကား၊ မိုက်မဲ ခြင်းဖြစ်၏။
24 Ámde magoknak a hivatalosoknak, úgy zsidóknak, mint görögöknek Krisztust, Istennek hatalmát és Istennek bölcseségét.
၂၄သို့သော်လည်း ၊ ယုဒ လူဖြစ်စေ၊ ဟေလသ လူဖြစ်စေ၊ ခေါ် တော်မူသောသူ တို့၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ပညာ တော်တည်းဟူသောခရစ်တော် ၏ တရားဖြစ်၏။
25 Mert az Isten bolondsága bölcsebb az embereknél, és az Isten erőtelensége erősebb az embereknél.
၂၅ဘုရားသခင် ၏မိုက်မဲ ခြင်းအရာသည် လူ တို့၏ ပညာထက်သာ၍ပညာ ရှိ ၏။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူ တို့၏ အစွမ်းထက်သာ၍အစွမ်း ရှိ၏။
26 Mert tekintsétek csak a ti hivatástokat, atyámfiai, hogy nem sokan hívattak bölcsek test szerint, nem sokan hatalmasak, nem sokan nemesek;
၂၆ညီအစ်ကို တို့၊ သင် တို့ကို ခေါ် တော်မူခြင်း အကြောင်း အရာကို ဆင်ခြင် ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီ ပညာရှိ အများ မ ပါ။ ထင်ရှားသော လူ ကြီးအများ မ ပါ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မ ပါ။
27 Hanem a világ bolondjait választotta ki magának az Isten, hogy megszégyenítse a bölcseket; és a világ erőtleneit választotta ki magának az Isten, hogy megszégyenítse az erőseket;
၂၇ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။
28 És a világ nemteleneit és megvetettjeit választotta ki magának az Isten, és a semmiket, hogy a valamiket megsemmisítse:
၂၈မြတ်သောသူတို့ကို ရှက်ကြောက် စေခြင်းငှာလောကီ အရာ ၌ ဆင်းရဲ သောသူ၊ မ ရေရာ သောသူ ၊ ယုတ် သောသူ တို့ကို ရွေးကောက် တော်မူ၏။
29 Hogy ne dicsekedjék ő előtte egy test sem.
၂၉ထိုကြောင့် ၊ ဘုရားသခင် ရှေ့ ၌ အဘယ်သူမျှ ဝါကြွား စရာ အကြောင်းမ ရှိ။
30 Tőle vagytok pedig ti a Krisztus Jézusban, ki bölcseségül lőn nékünk Istentől, és igazságul, szentségül és váltságul:
၃၀ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။
31 Hogy, a mint meg van írva: A ki dicsekedik, az Úrban dicsekedjék.
၃၁သို့ဖြစ်၍ ၊ ကျမ်းစာ လာသည်နှင့်အညီ ၊ ဝါကြွား သောသူ မည်သည်ကား၊ ထာဝရ ဘုရား၌ သာဝါကြွား စေ။