< 1 Krónika 22 >

1 Monda Dávid: Ez az Úr Istennek háza és az égőáldozatnak oltára Izráel számára.
သို့ဖြစ်၍ ၊ ဒါဝိဒ် က ဤ အရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏အိမ် တော်ဖြစ်၏။ ဤ ယဇ် ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ် ပလ္လင်ဖြစ်၏ဟုဆို လျက်၊
2 Megparancsolá azért Dávid, hogy gyűjtsék össze az Izráel földén való jövevényeket, a kiket kővágókká tőn, hogy faragni való köveket vágnának, hogy az Isten házát megcsinálnák.
ဣသရေလ ပြည် ၌ ရှိသော တပါး အမျိုးသားတို့ကို စုဝေး စေခြင်းငှါ မိန့် တော်မူ၏။ ဘုရားသခင် ၏အိမ် တော် တည် စရာဘို့ ကျောက်ဆစ် ရသောပန်းရန်သမား တို့ကိုလည်း စေခိုင်း တော်မူ၏။
3 Továbbá sok vasat szerze Dávid szegeknek, az ajtókhoz és a foglalásokra; rezet is bőségesen minden mérték nélkül.
တံခါး လုပ်စရာ သံချွန် အဘို့ နှင့် သစ်သား ဆက်စရာအဘို့ များစွာ သောသံ ကို၎င်း ၊ အချိန် မ မှတ်နိုင်အောင် များစွာ သော ကြေးဝါ ကို၎င်း၊
4 Számtalan czédrusfát is; mert a Sídon és Tírus városbeliek czédrusfákat bőségesen szállítának Dávidnak.
များစွာ သော အာရဇ် သစ်သား ကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန် မြို့သားနှင့် တုရု မြို့သားတို့သည်၊ အာရဇ် သစ်သား အများကို အထံ တော်သို့ ဆောင် ခဲ့ကြ၏။
5 Mert monda Dávid: Az én fiam, Salamon, gyermek és igen gyenge, az Úrnak pedig nagy házat kell építeni, mely híres legyen és ékesség az egész világon; elkészítek azért mindeneket néki. Dávid azért mindeneket nagy bőségesen megszerze, minekelőtte meghalna.
ဒါဝိဒ် ကလည်း ၊ ငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ ထာဝရဘုရား အဘို့ တည် ရသောအိမ် မူကား အလွန် ထူးဆန်း သောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်း အသရေကျော်စောသော အိမ်ဖြစ်ရမည်။ ယခု ပင်အိမ် တော်အဘို့ ငါပြင်ဆင် မည်ဟု အကြံရှိ လျက် အနိစ္စ မ ရောက်မှီများစွာ ပြင်ဆင် တော်မူ၏။
6 Hivatá azért Dávid az ő fiát, Salamont, és meghagyá néki, hogy az Úrnak, Izráel Istenének házat csináltasson.
သား တော်ရှောလမုန် ကိုလည်း ခေါ် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ အိမ် တော်ကို တည်ဆောက် ရမည်အကြောင်း မှာထား လေ သည်မှာ၊
7 És monda Dávid Salamonnak: Édes fiam, én elgondoltam vala szívemben, hogy az Úrnak, az én Istenemnek nevének házat építsek;
ငါ့ သား ၊ ငါ ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ ပြီ။
8 De az Úr ekképen szóla nékem, mondván: Sok vért ontottál, és sokat hadakoztál; ne építs az én nevemnek házat, mert sok vért ontottál ki a földre én előttem.
သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ သို့ ရောက် သည်ကား၊ သင်သည် များစွာ စစ် တိုက် ၍ လူအများ တို့ကိုသတ် လေပြီ။ မြေကြီး ပေါ် မှာ ငါ့ မျက်မှောက် ၌ များစွာ သောအသွေး ကို သွန်း သောကြောင့် ၊ ငါ့ နာမ အဘို့ အိမ် ကို မ တည် မဆောက်ရ။
9 Ímé fiad lészen néked, a kinek csendessége lészen, mert nyugodalmat adok néki minden körüle való ellenségeitől; azért neveztetik Salamonnak, mert békességet és nyugodalmat adok Izráelnek az ő idejében.
သင် မြင် သော သား တယောက်သည် ငြိမ်ဝပ် သောသူဖြစ် လိမ့်မည်။ သူ ၏အမည် ကား ရှောလမုန် ဖြစ် ၍၊ သူ့ ပတ်လည် ၌ ရန်သူ မရှိ၊ ငြိမ်ဝပ် သောအခွင့်ကို၎င်း၊ သူ ၏ လက်ထက် ၌ ဣသရေလ အမျိုးသည် စစ်တိုက် ခြင်းမရှိ၊ ငြိမ်ဝပ် စွာနေရသော အခွင့်ကို၎င်း၊ ငါပေး မည်။
10 Ő csinál az én nevemnek házat; ő lészen nékem fiam és én néki atyja leszek, és megerősítem az ő királyságának trónját Izráel felett mindörökké.
၁၀ထိုသားသည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရလိမ့်မည်။ သူ သည် ငါ့ သား ဖြစ် လိမ့်မည်။ ငါ သည်လည်း သူ၏အဘ ဖြစ်မည်။ သူထိုင်သော ဣသရေလ နိုင်ငံ ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်ဟု မိန့် တော်မူပြီ။
11 Most édes fiam legyen az Úr veled, hogy sikerüljön néked házat építeni az Úrnak, a te Istenednek, miképen szólott te felőled;
၁၁သို့ဖြစ်၍ငါ့ သား ၊ ထာဝရဘုရား သည် သင့် ဘက် ၌ နေ ၍ အကြံ ထမြောက်စေတော်မူသဖြင့်၊ အမိန့် တော် ရှိသည်အတိုင်း သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရလိမ့်မည်။
12 De adjon az Úr néked értelmet és bölcseséget, mikor téged Izráel fölé helyez, hogy az Úrnak a te Istenednek törvényét megőrízzed.
၁၂သို့ရာတွင်သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ တရား တော်ကို စောင့်ရှောက် မည် အကြောင်း ၊ ထာဝရဘုရားသည် ဉာဏ် ပညာကို ပေး၍၊ ဣသရေလ အမျိုးကို စီရင်ခြင်းအမှု၌ မှာထား တော်မူပါစေသော။
13 Akkor jól lesz dolgod, ha a rendeléseket és a végzéseket megtartod és teljesíted azokat, a melyeket az Úr Mózes által parancsolt volt Izráelnek. Légy bátor, légy erős, ne félj, és ne rettegj!
၁၃ဣသရေလ အမျိုး၏ အမှု၌ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသော စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သတိ ပြုလျှင် အကြံ ထမြောက်ရ လိမ့်မည်။ အားယူ ၍ ရဲရင့် ခြင်းရှိလော့။ စိုးရိမ် ခြင်း၊ စိတ်ပျက် ခြင်းမ ရှိစေနှင့်။
14 Ímé én is az én szegénységemben szereztem az Úr házának építésére százezer tálentom aranyat és ezerszer ezer tálentom ezüstöt, és rezet, s vasat mérték nélkül, mert igen bőven van; fákat is, köveket is szerzettem; te is szerezz ezekhez.
၁၄ငါ သည်ဆင်းရဲ ခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ် တော်အဘို့ ရွှေ အခွက် တထောင် နှင့် ငွေ အခွက် တသောင်း ကို၎င်း၊ အချိန် မ မှတ်နိုင်အောင်များစွာ သော ကြေးဝါ နှင့် သံ ကို၎င်း၊ သစ်သား များနှင့် ကျောက် များကို၎င်း ပြင်ဆင် ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
15 Van néked sok mívesed, kővágód, kő- és fafaragód és mindenféle dologban bölcs mesterembered.
၁၅ထိုမှတပါး သင် ၌ များစွာ သော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုး သော အတတ် ၌ လေ့ကျက် သော ဆရာသမားရှိကြ၏။
16 Az aranynak, ezüstnek, vasnak és réznek száma nincsen: azért kelj fel, láss hozzá, és az Úr legyen veled!
၁၆ရွှေ ငွေ ကြေးဝါ သံ အတိုင်းမသိ များသည် ဖြစ်၍ထ လော့။ ကြိုးစား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု မှာထားတော်မူ၏။
17 Megparancsolá pedig Dávid Izráel összes főembereinek, hogy ők is legyenek segítségül az ő fiának, Salamonnak, ezt mondván:
၁၇ဣသရေလ မင်း အပေါင်း တို့သည် သား တော်နှင့် ဝိုင်း ရမည်အကြောင်း မှာထား လေသည်မှာ၊
18 Avagy nincsen-é az Úr a ti Istentek ti veletek, a ki néktek békességet adott köröskörül? Mert az én hatalmam alá adá e földnek lakosait, és meghódolt e föld az Úr előtt és az ő népe előtt.
၁၈သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်မ ဟုတ်လော။ အရပ်ရပ် ၌ ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူသည်မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့ လက် ၌ အပ် တော်မူသဖြင့် ၊ ထာဝရဘုရား ၏ရှေ့ ၊ ထိုဘုရားသခင် ၏ လူ တို့ရှေ့ မှာ တပြည်လုံး သည် နှိမ့်ချ လျက်ရှိ၏။
19 No azért keressétek az Urat a ti Istenteket teljes szívetek és lelketek szerint, és felkelvén, az Úr Isten szentséges helyét csináljátok meg, hogy vigyétek az Úr szövetségének ládáját és az Istennek szentelt edényeket a házba, a mely építtetik az Úr nevének.
၁၉သို့ဖြစ်၍သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ကိုယ် စိတ် နှလုံး ကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား ၏နာမ တော်အဘို့ ၊ တည် ရသောအိမ် တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတန်ဆာ တို့ကို သွင်း ခြင်းငှါ ထ ကြလော့။ ထာဝရ အရှင်ဘုရားသခင် ၏ သန့်ရှင်း ရာဌာန တော်ကို တည်ဆောက် ကြလော့ဟု မှာထားတော်မူ၏။

< 1 Krónika 22 >