< 1 Krónika 14 >

1 Külde pedig Hírám, Tírus királya Dávidhoz követeket: czédrusfákat, kőmíveseket és ácsmestereket, hogy néki házat csináljanak.
တုရု မင်းကြီး ဟိရံ သည် ဒါဝိဒ် အဘို့ နန်း တော်ကို တည်ဆောက် ခြင်းငှါ ၊ သံတမန် နှင့်တကွအာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို စေလွှတ် လေ၏။
2 És megismeré Dávid, hogy az Úr őt megerősítette a királyságban Izráel felett, mivelhogy igen felmagasztaltatott vala az ő országa az ő népéért, az Izráelért.
ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။
3 Vőn pedig Dávid még több feleséget Jeruzsálemben, és nemze Dávid még több fiakat és leányokat.
ဒါဝိဒ် သည် ယေရုရှလင် မြို့၌ ထပ်၍ မယား တို့ကို သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။
4 És ezek neveik azoknak, a kik születtek néki Jeruzsálemben: Sammua, Sobáb, Nátán és Salamon,
ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊
5 Ibhár, Elisua és Elpélet,
ဣဗဟာ ၊ ဧလိရွှ ၊ ဧလိပလက်၊
6 Nógah, Néfeg és Jáfia,
နောဂ ၊ နေဖက် ၊ ယာဖျာ၊
7 Elisáma, Beheljada és Elifélet.
ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။
8 Megértvén pedig a Filiszteusok, hogy Dávid királylyá kenetett fel az egész Izráel felett, feljövének mind a Filiszteusok, hogy megkeressék Dávidot. Mely dolgot mikor Dávid meghallott, azonnal ellenök ment.
ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည်ကြား လျှင် ၊ ထိုသူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍ လာ ကြ၏။ ထိုသိတင်းကို ဒါဝိဒ် သည် ကြား သောအခါ ချီသွား ၏။
9 A Filiszteusok pedig eljövén, elszéledének a Réfaim völgyében.
ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။
10 Akkor Dávid megkérdé az Istent, mondván: Felmenjek-é a Filiszteusok ellen, és kezembe adod-é őket? És monda néki az Úr: Menj fel, és kezedbe adom őket.
၁၀ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ဘုရားသခင် ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ သင့် လက် ၌ ငါအပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
11 Felmenének azért Baál-perásimba, és ott Dávid őket megveré, és monda Dávid: Az Isten eloszlatá az én ellenségeimet az én kezem által, mint a vizeknek oszlását; azért nevezék azt a helyet Baál-perásimnak.
၁၁ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကို လုပ်ကြံ ပြီးမှ ၊ ဘုရားသခင် သည် ရေ ထ၍ဖြိုဖျက် သကဲ့သို့ ငါ့ ရန်သူ တို့ကို ငါ့ အားဖြင့် ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင် စေသတည်း။
12 És ott hagyák az ő bálvány isteneiket, és Dávid megparancsolá, hogy megégessék azokat.
၁၂ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သော ရုပ်တု များကို ဒါဝိဒ် ၏အမိန့် တော်နှင့် မီး ရှို့ ကြ၏။
13 Ismét feltámadának a Filiszteusok és a völgyben szétterjeszkedtek.
၁၃တဖန် ဖိလိတ္တိ လူတို့သည် ထိုချိုင့် ၌ အနှံ့အပြား လာ၍နေကြ၏။
14 Azért Dávid ismét megkérdé az Istent, és monda az Isten néki: Ne menj fel utánok, hanem fordulj el tőlök, és menj reájok a szederfák irányában;
၁၄ဒါဝိဒ် သည်လည်း ဘုရားသခင် ကို တဖန် မေးလျှောက် သော်၊ သူ တို့ရှိရာ သို့ တည့်တည့်မ တက် ရ။ သူ တို့မှ လွှဲ ၍ ပိုးစာ တောတဘက် တချက်၌ ချီ ရမည်။
15 És mikor hallándod a járás dobogását a szederfák tetején, akkor menj ki a viadalra; mert az Isten te előtted megyen, hogy megverje a Filiszteusok táborát.
၁၅ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ၊ တိုက် အံ့သောငှါ ချီ လော့။ ထိုအခါ ဘုရားသခင် သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွ သွားမည်ဟု ဘုရားသခင် မိန့် တော်မူသည်အတိုင်း၊
16 Dávid azért úgy cselekedék, a mint néki Isten meghagyta volt, és vágák a Filiszteusok táborát Gibeontól fogva szinte Gézerig.
၁၆ဒါဝိဒ် သည် ပြု ၍ ဖိလိတ္တိ လူတို့ကို ဂိဗောင် မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။
17 És elterjede Dávid híre az országokban, és az Úr adá a tőle való félelmet minden pogányokra.
၁၇ဒါဝိဒ် သိတင်း သည်အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် သူ့ ကို ကြောက်ရွံ့ စေခြင်းငှါထာဝရဘုရား စီရင် တော်မူ၏။

< 1 Krónika 14 >