< Sofoniás 3 >
1 Oh beszennyezett és bemocskolt te, zsaroló város!
၁မိမိ၏မြို့သားများကိုပင်လျှင်ညှင်းပန်း နှိပ်စက်ကာအကျင့်ပျက်ပုန်ကန်တတ်သည့် ယေရုရှလင်မြို့သည်အမင်္ဂလာရှိ၏။-
2 Nem hallgatott szóra, nem fogadott oktatást; az Örökkévalóban nem bízott, Istenéhez nem közeledett.
၂ထိုမြို့သည်ထာဝရဘုရား၏ဗျာဒိတ်တော် ကိုနားမထောင်။ ကိုယ်တော်၏စည်းကမ်းကို မလိုက်နာ။ ကိုယ်တော်ကိုယုံကြည်ကိုးစား မှုမပြု။ ကိုယ်တော်၏ကူမမှုကိုလည်းမ တောင်းခံခဲ့။-
3 Nagyjai őbenne ordító oroszlánok, bírái esti farkasok, csontot sem hagytak reggelre;
၃ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။-
4 prófétái könnyelműek, hűtelenség emberei; papjai megszentségtelenítették a szentséget, erőszakoskodtak a tanon.
၄ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။-
5 Az Örökkévaló igazságos ő benne, nem követ el jogtalanságot, reggelenként napfényre hozza ítéletét, nem hiányzik; de nem ismer szégyent a jogtalankodó.
၅သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
6 Kiirtottam nemzeteket, elpusztultak ormaik, rommá tettem utczáikat, hogy nincs, ki arra jár; feldúlattak városaik, úgy, hogy nincs senki, nincsen lakó.
၆ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-
7 Mondtam: csakugyan félni fogsz engem, fogadsz oktatást, hogy ki ne írtassék hajléka, mind a mellett, a mit rendeltem ellene; ámde korán kelve, megrontották mind az ő cselekedeteiket.
၇ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
8 Azért várjatok reám, úgymond az Örökkévaló, azon napra, hogy zsákmányra kelek! Mert ítéletem: hogy összegyűjtök nemzeteket, hogy egybegyűjtök királyságokat, hogy kiöntöm reájok haragvásomat, egész föllobbant haragomat: mert buzgalmam tüzétől megemésztetik az egész föld.
၈ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
9 Bizony akkor megváltoztatom a népeket tisztult ajkuakká; hogy mindnyájan szólítsák az Örökkévaló nevét, szolgálva őt vállvetve.
၉``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။-
10 Túlról Kús folyóin fohászkodók, fiai az elszórtaknak, viszik ajándékomat.
၁၀ပျံ့လွင့်နေသောငါ၏လူမျိုးတော်သည် ဝေးလံသောဆူဒန်ပြည်မှပင်လျှင်ငါ့ထံ သို့ပူဇော်သကာများကိုယူဆောင်လာ ကြလိမ့်မည်။-
11 Ama napon nem fogsz megszégyenülni mind a cselekedeteid miatt, melyekkel elpártoltál tőlem, mert akkor eltávolítom belőled büszke ujjongóidat, és nem fogsz többé fennhéjázni szent hegyemen.
၁၁အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။-
12 És meghagyok benned szegény és lefogyott népet; és ótalmuk lesz az Örökkévaló nevében.
၁၂စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။-
13 Izraél meghagyottjai nem követnek majd el jogtalanságot s nem beszélnek hazugságot, és nem találtatik szájukban csalárd nyelv; bizony legelni fognak ők és heverészni és nincs, aki fölijesztené.
၁၃အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
14 Ujjongj, Czión leánya; riadozz, Izraél! Örülj és vigadj egész szívvel Jeruzsálem leánya!
၁၄အို ဣသရေလပြည်သားတို့၊ဝမ်းမြောက်စွာ ကြွေးကြော်သီဆိုကြလော့။ အို ယေရုရှလင်မြို့သူ၊စိတ်နှလုံးအကြွင်းမဲ့ ရွှင်လန်းဝမ်းမြောက်လော့။
15 Eltávolította az Örökkévaló büntetéseidet, elhárította ellenségedet; Izraél királya, az Örökkévaló, benned van, nem kell többé bajtól félned.
၁၅ကိုယ်တော်သည်သင်တို့အားအတိုက်အခံ ပြုသူများကိုဖယ်ရှားတော်မူပြီ။ ထာဝရဘုရားသည်သင်တို့၏ရန်သူများကို ရုပ်သိမ်းတော်မူပြီ။ ဣသရေလအမျိုးသားတို့၏ဘုရင်ထာဝရ ဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။ ယခုသင်တို့သည်ကြောက်လန့်စရာ အကြောင်းမရှိတော့ပြီ။
16 Ama napon, Jeruzsálemnek az mondatik: ne félj; Czión, ne lankadjanak el kezeid!
၁၆ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။
17 Az Örökkévaló, a te Istened benned van, hős, ki megsegít, örvendez rajtad örömmel, – hallgat az ő szeretetében vigad rajtad ujjongással.
၁၇သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
18 Az ünnep híján búsulókat egybegyűjtöttem, távol voltak tőled, hogy gyalázatot ne viseljenek miatta.
၁၈``ပွဲလမ်းသဘင်၌ပျော်ရွှင်သောသူများ ကဲ့သို့ ရွှင်မြူးတော်မူလိမ့်မည်'' ထာဝရဘုရားက ``ဝမ်းနည်းရမှုကိုရပ်စဲ၍၊- သင်၏အသရေပျက်မှုကိုသင်၏ဝန်ထုပ် အဖြစ်မှ ဖယ်ရှားလိုက်လေပြီ။
19 Íme, én elbánok mind a te sanyargatóiddal amaz időben, megsegítem a, sántító juhot és az eltévedtet összegyűjtöm; és teszem őket dicsőséggé és hírnévvé, kiknek az egész földön volt a szégyenük.
၁၉သင့်ကိုညှင်းပန်းနှိပ်စက်သူများအားငါ အပြစ်ဒဏ် ခတ်မည့်အချိန်ကာလကျရောက်လာလိမ့် မည်။ ငါသည်ခြေမစွမ်းမသန်သူအပေါင်းကို ကယ်ဆယ်၍၊ ပြည်နှင်ဒဏ်သင့်သူများကိုမိမိတို့ပြည်သို့ ခေါ်ဆောင်လာမည်။ သူတို့၏အရှက်ရမှုကိုဂုဏ်အသရေရှိမှု အဖြစ်သို့ပြောင်းလဲစေမည်။ ကမ္ဘာသူကမ္ဘာသားတို့သူတို့ကို ချီးကူးထောမနာပြုကြလိမ့်မည်။
20 Amaz időben elhozlak titeket és akkor összegyűjtelek titeket, mert teszlek titeket hírnévvé és dicsőséggé, a földnek mind a népei között, amikor visszahozom foglyaitokat szemeitek láttára, mondja az Örökkévaló.
၂၀ကွဲလွင့်နေသူသင်တို့၏အမျိုးသားများ အား မိမိတို့ပြည်သို့ငါခေါ်ဆောင်လာမည့် အချိန်ကာလကျရောက်လာလိမ့်မည်။ ငါသည်သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင် ထင်ပေါ်ကျော်ကြားစေမည်။ သင်တို့ကိုတစ်ဖန်ပြန်လည်ကောင်းစား စေမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။