< Zsoltárok 73 >

1 Zsoltár Ászáftól. Bizony, jóságos Izraélhez az Isten, a tisztult szívűekhez.
အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
2 Én pedig, kevés híja elhajlottak lábaim, semmi híja megcsúsztak lépteim.
ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။
3 Mert megirígyeltem a, kevélykedőket, midőn a gonoszok jólétét láttam.
အကြောင်းမူကား၊ မတရားသောသူတို့၏ စည်း စိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။
4 Mert nincsenek kínjaik halálukig, hízott az erejük.
ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။
5 Halandónak szenvedésében nincsenek benne s emberekkel együtt nem sújtatnak.
သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ။
6 Azért nyakukat díszíti gőgösség, ruhaként borítja őket erőszak.
ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။
7 Kidülledt kövérségtől szemük, túlcsapongtak szívük képzelődései.
ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
8 Csúfolódnak és gonoszúl fosztogatásról beszélnek, szinte a magasból beszélnek:
ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။
9 az egekbe helyezték szájukat, de nyelvük a földön jár.
သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။
10 Azért erre felé tér az ő népe, s tele szürcsölik magukat vízzel;
၁၀ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။
11 és mondják: Miként tudhatja Isten, s van-e tudás a legfelsőbben?
၁၁ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။
12 Íme, gonoszok ezek és mint örökkön gondtalanok gyarapítottak vagyont.
၁၂ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။
13 Bizony, hiába tisztítottam szivemet és mostam ártatlanságban kezeimet;
၁၃အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
14 de sújtva vagyok egész nap s reggelenként itt a fenyítésem.
၁၄နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။
15 Ha mondanám, hadd beszélek olykép, íme gyermekeid nemzedékét elárulnám.
၁၅ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။
16 Gondolkodtam is, hogy megtudjam ezt, gyötrődés volt az szemeimben
၁၆ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
17 míg be nem mentem Isten szentélyébe, s figyelhettem az ő végükre.
၁၇နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။
18 Bizony, sikamlós térre helyezted őket, ledöntöd őket romokká.
၁၈အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
19 Miként lettek pusztulássá egy pillanat alatt; eltüntek, végük lett a rémülettől.
၁၉တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
20 Mint álmot ébredés után, Uram, fölserkenvén képüket megveted.
၂၀အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
21 Midőn elkeseredett szívem és töprenkedtem veséimben:
၂၁ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊
22 oktalan voltam és tudásom nem volt, akár a barom voltam veled szemben.
၂၂မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
23 De én mindig veled vagyok, megragadod jobb kezemet;
၂၃သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။
24 tanácsoddal vezetsz engem, és aztán dicsőséggel magadhoz veszel engem.
၂၄အကျွန်ုပ်ကို ဥာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
25 Kim van nekem az egekben? S melletted mit sem kivánok a földön.
၂၅ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။
26 Elfogyott bár húsom és szivem – szívem sziklája és osztályrészem az Isten örökké.
၂၆အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
27 Mert íme a tőled eltávolodók elvesznek, megsemmisítesz mindenkit, ki elparáználkodik tőled.
၂၇အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ၏။
28 Én pedig – Isten közelsége jó nekem; az Úrba, az Örökkévalóba helyeztem bizalmamat, hogy elbeszéljem mind a te műveidet.
၂၈အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။

< Zsoltárok 73 >