< Zsoltárok 146 >
1 Hallelúja! Dícsérd, én lelkem, az Örökkévalót!
၁ထာဝရဘုရားအားထောမနာပြုလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
2 Hadd dicsérem az Örökkévalót életemben, hadd zengek Istenemnek, a míg vagyok.
၂ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
3 Ne bízzatok nemesekben, ember fiában, kinek nincsen segedelme:
၃လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။
4 elszáll szelleme, visszatér földjéhez, azon a napon elvesznek szándékai.
၄သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။
5 Boldog, kinek Jákób Istene a segítsége, kinek reménye van az Örökkévalóban, az ő Istenében,
၅ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
6 ki készítette az eget és földet, a tengert és mindazt, mi bennük van; a ki hűséget tart örökké,
၆ကိုယ်တော်သည်ကောင်းကင်၊ကမ္ဘာမြေကြီး ပင်လယ်နှင့်တကွယင်းတို့တွင်ရှိသမျှသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်သစ္စာတော်ကိုအစဉ်အမြဲ စောင့်တော်မူ၏။
7 jogot szerez a zsaroltaknak, kenyeret ad az éhezőknek. Az Örökkévaló fölszabaditja a foglyokat;
၇ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
8 az Örökkévaló látókká teszi a vakokat; az Örökkévaló fölegyenesíti a görnyedteket; az Örökkévaló szereti az igazakat;
၈မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
9 az Örökkévaló megőrzi a jövevényeket, az árvát és özvegyet föntartja – de a gonoszok útját elgörbíti.
၉ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
10 Az Örökkévaló király lesz örökké, Istened, oh Czión, nemzedékre meg nemzedékre! Hallelúja!
၁၀ထာဝရဘုရားသည်ထာဝစဉ်ဘုရင် ဖြစ်တော်မူလိမ့်မည်။ အို ဇိအုန်မြို့၊သင်၏ဘုရားသည်ကာလ အစဉ်အဆက်စိုးစံတော်မူလိမ့်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။