< Zsoltárok 109 >
1 A karmesternek. Dávidtól zsoltár. Dicséretem Istene, ne hallgass!
၁အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
2 Mert gonosznak száját és csalfaságnak száját nyitották rám, beszéltek velem hazug nyelvvel.
၂မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက်၌နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
3 És gyülölet szavaival környékeztek, és harczoltak ellenem ok nélkül.
၃မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။
4 Szeretetemért vádolnak engem, holott én csnpa imádság vagyok.
၄အကျွန်ုပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏။
5 Tettek velem rosszat jóért, s gyűlöletetszeretetemért.
၅အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို၎င်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎င်း ဆပ်ပေးကြပါ၏။
6 Rendelj föléje gonoszt, és vádló álljon jobbjánál!
၆ထိုသို့သော သူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ျားနားမှာ ရန်သူနေပါစေ။
7 Mikor megitélték, kerüljön ki bűnösnek és imája váljék vétekké!
၇သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။
8 Legyenek napjai kevesek, a mi neki szánva volt, más vegye el!
၈သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။
9 Legyenek gyermekei árvák, és felesége özvegy!
၉သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ။
10 S bujdosva bujdossanak el gyerrnekei, kéregessenek és kolduljanak, el a romjaiktól!
၁၀သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်း စား ဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍၊ အစာကိုရှာကြပါစေ။
11 Tőrbe ejtse hitelező mindazt a mi az övé, és idegenek prédálják el szerzeményét.
၁၁သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ် ၍ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ။
12 Ne legyen neki, ki tartósan mível szeretetet s ne legyen árváinak, ki rajtuk könyörül!
၁၂သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့်။
13 Legyenek utódai kiirtásra, a másik nemzedékben törültessék el nevök!
၁၃သူ၏အနွှယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။
14 Emlékezésre legyen őseinek bűne az Örökkévalónál, es anyjának vétke el ne törültessék!
၁၄သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။
15 Legyenek mindig előtte az Örökkévalónak, s irtsa ki az országból emléküket!
၁၅ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။
16 Mivelhogy nem gondolt arra, hogy szeretetet míveljen s üldözött szegény és szükölködő embert s levert szívüt, hogy megölhesse.
၁၆အကြောင်းမူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
17 Szerette az átkot, tehát rája jött, nem kedvelte az áldást, tehát eltávozott tőle.
၁၇သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
18 Felöltötte az átkot mint ruháját, tehát bement mint a víz a belsejébe, s mint az olaj csontjaiba.
၁၈အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။
19 Legyen neki mint ruha, melybe burkolózik, és övül, melyet mindig felköt.
၁၉သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း သူ၌ဖြစ်ပါစေ။
20 Ez munkabére vádlóimnak az Örökkévalótól, s azoké, kik rosszat beszélnek lelkem ellen!
၂၀ငါ၏ဝိညာဉ်တဘက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ။
21 Te pedig Örökkévaló, én Uram, tégy velem neved kedvéért, mert jó a te kegyelmed, ments meg engemet!
၂၁အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော် ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
22 Mert szegény és szükölködő vagyok, és szívem megsebesült én bennem.
၂၂အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ် အထဲ၌ နှလုံးနာလျက်ရှိပါ၏။
23 Mint árnyék, mikor megnyúlik, eltünedezem, elriasztattam mint a sáska.
၂၃ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
24 Térdeim elgyengültek a bőjttől, és húsom elsoványodott, zsírtalan.
၂၄အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ၏။
25 És én gyalázásra lettem nekik; meglátnak, fejüket csóválják.
၂၅အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ၏။
26 Védelmezz meg, Örökkévaló, én Istenem, segíts engem szereteted szerint!
၂၆အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
27 Hadd tudják meg, hogy a te kezed ez, te, oh Örökkévaló, cselekedted!
၂၇ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော။
28 Átkozzanak ők, te pedig áldasz; támadtak, de megszégyenültek, szolgád pedig örül.
၂၈ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
29 Öltsenek vádlóim gyalázatot, s burkolózzanak mint a köpenybe szégyenökbe!
၂၉အကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော။
30 Magasztalom az Örökkévalót szájammal nagyon, és sokak közepette dicsérem őt;
၃၀အကျွန်ုပ်သည် နှုတ်မြွက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည်။
31 mert ott áll jobbjánál a szükölködőnek, hogy megsegítse lelkének biráitól.
၃၁အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။