< Példabeszédek 31 >
1 Lemúel királynak szavai. Beszéd, mellyel oktatta őt az anyja.
၁လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
2 Mit, én fiam, mit én méhem fia és mit én fogadalmim fia?
၂ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
3 Ne add az asszonyoknak erődet, sem útjaidat a királyrontóknak.
၃သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
4 Ne a királyoknak, Lemúel, ne a királyoknak borivás, ne a fejedelmeknek részegítő ital!
၄အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
5 Nehogy igyék és elfelejtené a szabott törvényt és elváltoztatná a nyomorúság minden fiának jogát.
၅သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
6 Adjatok részegítő italt a bujdosónak és bort az elkeseredett lelkűeknek;
၆ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။
7 igyék és felejtse el szegénységét és szenvedésére ne emlékezzék többé.
၇ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
8 Nyisd meg szájadat a némának, a mulandóság minden fiának jogáért.
၈ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။
9 Nyisd meg szájadat, ítélj igazsággal és szerezd jogát a szegénynek és szűkölködőnek.
၉စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။
10 Derék asszonyt ki talál, a korálokat felülmúlja értéke.
၁၀သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။
11 Bízott benne férjének szíve és nyereség sem hiányzott.
၁၁သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။
12 Jót tett vele s nem rosszat éltének minden napjaiban.
၁၂ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။
13 Gondja volt gyapjúra és lenre, és dolgozott kezei kedvével.
၁၃သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။
14 Úgy volt, mint a kalmár hajói, meszszünnen hozta kenyerét.
၁၄ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
15 Fölkelt, midőn még éjszaka, s kiadta, az eledelt házának, s a kiszabott kenyeret szolgálóinak.
၁၅မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။
16 Gondolt mezőre és megvette, kezének gyümölcséből ültetett szőlőt.
၁၆ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
17 Erővel övezte föl derekát és szilárdította karjait.
၁၇မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သတ်မြန်စေတတ်၏။
18 Megérezte, hogy jó a keresete nem alszik el éjjel mécsese.
၁၈မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။
19 Kezeit kinyújtotta a guzsalyra és ujjai tartották az orsót.
၁၉ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင်၍ လုပ်ဆောင်တတ်၏။
20 Tenyerét megnyitotta a szegénynek és kezeit kinyújtotta a szűkölködőnek.
၂၀ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။
21 Nem féltette házát a hótól, mert egész háza karmazsinba van öltözve.
၂၁မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
22 Takarókat készített magának, bysszus és bíbor az öltözete.
၂၂ကိုယ်အလို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ၏။
23 Ismeretes a kapukban férje, midőn együtt ül az ország véneivel.
၂၃သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
24 Gyolcsot készített és eladta és övet, melyet adott a kanaáninak.
၂၄ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။
25 Erő és dísz az öltözete és nevetett a jövendő nap elé.
၂၅လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
26 Száját fölnyitotta bölcsességgel, s szeretetnek tana a nyelvén.
၂၆ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။
27 Szemléli házának menetét, és a restség kenyerét nem eszi.
၂၇အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏။ပျင်းရိခြင်းအစာကို မစားတတ်၊
28 Előálltak fiai és boldognak mondták, férje és megdicsérte.
၂၈သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊
29 Sok a nő, kik derekasat végeztek, de te föléje jutottál mindnyájának.
၂၉လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။
30 Hazugság a kellem, és hiábavalóság a szépség; asszony, ki istenfélő, az dicsértessék.
၃၀ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
31 Adjatok neki kezei gyümölcséből és dicsérjék őt a kapukban tettei!
၃၁ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။