< 4 Mózes 23 >
1 És mondta Bileám Báláknak: Építs nekem itt oltárt, és készíts nekem ide hét tulkot és hét kost.
၁ထိုအခါ ဗာလမ်က၊ ဤအရပ်၌ ငါ့အဘို့ ယဇ် ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်း အား ဆိုသည်အတိုင်း၊
2 Bálák úgy cselekedett, amint Bileám mondta; és áldozott Bálák meg Bileám tulkot és kost az oltáron.
၂ဗာလက်မင်းသည် ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကြ၏။
3 És mondta Bileám Báláknak: Állj oda égőáldozatodhoz, én pedig hadd menjek el, talán elém jön az Örökkévaló; amit látnom enged, azt tudtodra adom. És elment a hegycsúcsra.
၃ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့ သွားပါ မည်။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။
4 És Isten eléje tűnt Bileámnak és ő mondta Neki: A hét oltárt elrendeztem és áldoztam tulkot és kost mindegyik oltáron.
၄ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ၏။
5 És az Örökkévaló tett igét Bileám szájába és mondta: Térj vissza Bálákhoz és így szólj.
၅ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
6 Ő visszatért ahhoz és íme, az állt az ő égőáldozatánál, ő és Móáb minden fejedelmei.
၆ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ ရာယဇ်နားမှာ ရပ်နေ၏။
7 És elkezdte (Bileám) példázatát és mondta: Árámból hozatott engem Bálák, Móáb királya a kelet hegyeiről; jöjj átkozd el értem Jákobot, jöjj, szidalmazd Izraelt!
၇ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင် ဗာလက်က၊ လာပါ။ ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။
8 Mit átkozzam én, kit Isten nem átkoz és mit szidalmazzam én, kit az Örökkévaló nem szidalmaz?
၈ဘုရားသခင်ကျိန်ဆဲတော်မမူသော သူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။
9 Mert a szirt fokáról látom őt, a dombokról szemlélem; íme, olyan nép, mely egyedül lakik és a nemzetek közé nem számítja magát.
၉ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်းနေ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။
10 Ki olvassa meg Jákob porát és szám szerint Izrael ivadékát? Haljon meg lelkem az igazak halálával és legyen a végem olyan, mint az övé!
၁၀ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက် နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ် သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါ စေသောဟု မြွက်ဆို၏။
11 És mondta Bálák Bileámnak: Mit tettél velem? Hogy elátkozd elleneimet, azért hoztalak, és íme, megáldottad.
၁၁ဗာလက်မင်းကလည်း၊ သင်သည် ငါ၌ အဘယ် သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊
12 Ő pedig felelt és mondta: Nemde, amit az Örökkévaló tesz a számba, azt őrzöm meg, hogy elmondjam?
၁၂ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရ သလောဟု ပြန်ဆို၏။
13 És mondta neki Bálák: Jöjj csak velem egy másik helyre, ahonnan láthatod őt; csak egy részét fogod látni, de az egészet nem látod, átkozd el értem onnan.
၁၃ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသား အပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာ ကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါ လော့။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါဟု ဆိုလျက်၊
14 És elvitte az őrök mezejére, a Piszga tetejére; és épített hét oltárt és áldozott tulkot, meg kost az oltáron.
၁၄ပိသဂါ တောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခု တခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။
15 És mondta Báláknak: Állj itt égőáldozatodnál, én pedig a jelenés elébe megyek itt.
၁၅ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီး ဦးကြိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို၏။
16 És az Örökkévaló Bileám elé jött, és tett igét a szájába és mondta: Térj vissza Bálákhoz és így szólj.
၁၆ထာဝရဘုရားသည် ဗာလမ်ကို ကြိုဆို၍ သူ၏ နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
17 Odament ahhoz és íme, az állt égőáldozata mellett, meg Móáb fejedelmei vele; és mondta neki Bálák: Mit szólt az Örökkévaló?
၁၇ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ် နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။
18 Ő pedig elkezdte példázatát és mondta: Föl Bálák és halljad, figyelj rám Cippór fia!
၁၈ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖေါ်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။
19 Nem ember az Isten, hogy hazudjék, sem emberfia, hogy meggondolja magát; mond-e Ő valamit és nem teszi meg, szólt-e és nem teljesíti?
၁၉ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။
20 Íme, áldó igét vettem: ő áldott és én nem fordíthatom el.
၂၀ကောင်းကြီးပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရပြီ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမဖျက်နိုင်။
21 Nem szemlélt jogtalanságot Jákobban, nem látott bajt Izraelben; az Örökkévaló, az ő Istene vele van és királyi rivalgás közepette.
၂၁ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသ ရေလအမျိုးတဘက်၌ ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍ နေတော်မမူ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင် ကြားရ၏။
22 Isten, ki kivezette őket Egyiptomból, mint a Reém hatalma ő neki.
၂၂ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး၏။
23 Mert nincs jóslás Jákobban és nincs varázslás Izraelben; idejében megmondják Jákobnak és Izraelnek, mit cselekedett Isten.
၂၃အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိ လိမ့်မည်။
24 Íme ez a nép, mint nőstény oroszlán kel fel, mint az oroszlán emelkedik; nem fekszik le, míg zsákmányt nem eszik és megöltek vérét nem issza.
၂၄ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ ပျိုကဲ့သို့ ထလိမ့်မည်။ ဘမ်းမိသော အကောင်ကို မစားမှီ၊ သတ်အပ်သော တိရစ္ဆာန်အသွေးကို မသောက်မှီ တိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။
25 És mondta Bálák Bileámnak: Se ne átkozd, se ne áldd őt.
၂၅ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်းမကျိန် ဆဲပါနှင့်။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊
26 És felelt Bileám és mondta Báláknak: Nem-e szóltam hozzád, mondván: Mindent, amit az Örökkévaló mondani fog, azt cselekszem?
၂၆ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှ အတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လောဟု ဗာလက်မင်းအား ပြန်ပြော၏။
27 És mondta Bálák Bileámnak: Jöjj csak, elviszlek egy másik helyre, talán helyesnek látszik Isten szemeiben, és átkozd el értem onnan.
၂၇တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြား သော အရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက်၊
28 És elvitte Bálák Bileámot a Peór tetejére, mely letekint a sivatagra.
၂၈ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင် ထိပ်သို့ ဆောင်သွားလေ၏။
29 És mondta Bileám Báláknak: Építs itt nekem hét oltárt és készíts nekem ide hét tulkot, meg hét kost.
၂၉ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုး ထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊
30 Bálák úgy cselekedett, amint Bileám mondta és áldozott tulkot, meg kost az oltáron.
၃၀ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင် တခုတခု အပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော် လေ၏။