< Birák 9 >

1 Elment Abímélekh, Jerubbáal fia, Sekhémbe anyja testvéreihez és beszélt hozzájuk és anyja atyai házának egész családjához, mondván:
ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊
2 Beszéljetek, kérlek, mind a Sekhém urainak fülei előtt: mi jobb nektek, hogy uralkodjék rajtatok hetven ember, Jerubbáal valamennyi fia, avagy hogy uralkodjék rajtatok egy ember? Arról is emlékezzetek meg, hogy csontotok, húsotok vagyok?
ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။
3 És elmondták felőle anyjának testvérei mind a Sekhém urainak fülei előtt mind e szavakat; ekkor hajolt szívük Abímélekh felé, mert azt mondták: testvérünk ő.
ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟုဆိုလျှက် သူ့နောက်သို့ လိုက်ချင်သော စိတ်နူးညွတ်သဖြင့်၊
4 És adtak neki hetven ezüstöt Báal-Berít házából; és bérelt rajta Abímélekh üres és szilaj embereket, s utána mentek.
ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး၍ အမှုကို ထမ်းစေ၏။
5 Elment atyja házába, Ofrába és megölte testvéreit, Jerubbáal fiait, hetven embert egy kövön; de megmaradt Jótám, Jerubbáal legkisebb fia, mert elrejtőzött.
တဖန် ဩဖရမြို့၌ ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။
6 Összegyűltek mind a Sekhém urai és egész Bét-Milló, elmentek és királlyá tették Abímélekhet az oszlop melletti terebinthusnál, mely Sekhémben van.
ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။
7 Midőn tudtára adták Jótámnak, elment és megállt a Gerizzim hegy tetején, fölemelte hangját és szólt; mondta nekik: Hallgassatok reám, Sekhém urai, s majd hallgat reátok Isten!
ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။
8 Elmentek egyszer a fák, hogy fölkenjenek maguknak királyt. És mondták az olajfának: Légy a mi királyunk!
သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊
9 Mondta nekik az olajfa: Elveszítettem-e zsíromat, a mellyel tisztelnek istent és embert, hogy menjek lebegni a fák fölött?
သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
10 És mondták a fák a fügefának: Jer te, légy a mi királyunk!
၁၀တဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊
11 Mondta nekik a fügefa: Elveszítettem-e édességemet és jó gyümölcsömet, hogy menjek lebegni a fák fölött?
၁၁သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
12 És mondták a fák a szőlőtőnek: Jer te, légy a mi királyunk!
၁၂တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက် ကြလျှင်၊
13 Mondta nekik a szőlőtő: Elveszítettem-e mustomat, mely örvendeztet istent és embert, hogy menjek lebegni a fák fölött?
၁၃စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
14 Erre mondták mind a fák a tövisbokornak: Jer te, légy a mi királyunk!
၁၄တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊
15 Mondta. a tövisbokor a fáknak: Ha igazán föl akartok engem kenni királytoknak, akkor jöjjetek, keressetek ótalmat árnyékomban, ha pedig nem, csapjon ki tűz a tövisbokorból és eméssze föl a Libánon czédrusait.
၁၅ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန် အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။
16 Most tehát, ha igazán és őszintén cselekedtetek, midőn királlyá tettétek Abímélekhet és ha jót cselekedtetek Jerubbáallal és házával és ha kezeinek tette szerint cselekedtetek vele –
၁၆ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။
17 hogy harczolt értetek az atyám és messzire elvetette életét s megmentett titeket Midján kezéből,
၁၇ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။
18 holott ti fölkeltetek ma atyám háza ellen és megöltétek fiait, hetven embert egy kövön s királlyá tettétek Abímélekhet, szolgálójának fiát, Sekhém urai fölé, mert testvéretek ő –
၁၈သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခု ပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သော သားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သော ကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။
19 ha tehát igazán és őszintén cselekedtetek Jerubbáallal és házával e mai napon: örüljetek Abímélekhkel, s örüljön ő is veletek.
၁၉ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။
20 Ha pedig nem, csapjon ki tűz Abímélekhtől és eméssze föl Sekhém urait és Bét-Millót és csapjon ki tűz Sekhém uraiból és Bét-Millóból és eméssze föl Abimélekhet.
၂၀သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊
21 Erre megfutamodott Jótám, menekült és elment Beérbe; és ott maradt testvére Abímélekh miatt.
၂၁အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍ နေလေ၏။
22 És uralkodott Abímélekh Izraél fölött három évig.
၂၂အဘိမလက်သည် ဣသရေလအမျိုးကို အုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊
23 Ekkor küldött Isten gonosz szellemet Abímélekh és Sekhém urai közé, úgy hogy hűtlenek lettek Sekhém urai Abímélekhhez;
၂၃ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သား စပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကို ဖျက်ကြ၏။
24 hogy elkövetkezzék a Jerubbáal hetven fiának bántalma és hogy vérük szálljon testvérükre, Abímélekhre, ki megölte őket, és Sekhém uraira, kik erősítették kezeit testvéreinek megölésére.
၂၄အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာ ပြု၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။
25 S elhelyeztek ellene Sekhém urai leselkedőket a hegyek csúcsain és kiraboltak mindenkit, a ki mellettük elment az úton; ez tudtára adatott Abímélekhnek.
၂၅ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည်ကြား ၏။
26 Odajött Gáal, Ébed fia meg testvérei és bevonultak Sekhémbe; és megbíztak benne Sekhém urai.
၂၆ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ၏။
27 Kimentek a mezőre, leszüretelték szőlőiket, sajtoltak és hálaünnepet tartottak; bementek istenük házába, ettek és ittak és átkozták Abímélekhet.
၂၇ဥယျာဉ်၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်း သို့ သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။
28 És mondta Gáal, Ébed fia: Kicsoda Abimélekh és micsoda Sekhém, hogy szolgáljuk őt? Nemde Jerubbáal fia, Zebúl pedig a megbízottja! Szolgáljátok Chamórnak, Sekhém atyjának embereit, de miért szolgáljuk mi őt?
၂၈ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက် ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။
29 Bárcsak kezemben volna ez a nép, majd letenném én Abímélekhet! És megizente Abímélekhnek: Szaporítsd seregedet és vonulj ki!
၂၉ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍၎င်း၊ အဘိမလက်အား သင်၏ ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍၎င်း ဆို၏။
30 Midőn meghallotta Zebúl, a város parancsolója Gáalnak, Ébed fiának szavait, föllobbant haragja.
၃၀ဧဗက်၏သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍
31 És küldött követeket Abímélekhez alattomban, mondván: Íme, Gáal, Ébed fia és testvérei Sekhémbe jöttek és lázítják ellened a várost.
၃၁ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့သို့ လာ၍ ကိုယ်တော်တဘက်၌ မြို့ကို ပြင်ဆင်ကြပါ၏။
32 Most tehát kelj föl éjjel, te meg a nép, mely veled van és leselkedjél a mezőn;
၃၂သို့ဖြစ်၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။
33 és lészen reggel, a mint felsüt a nap, kelj föl korán és ronts a városra, és íme ő és a nép, mely vele van, kivonulnak ellened, akkor majd teszel vele, a mint bírja a kezed.
၃၃နံနက်စောစော နေထွက်စကထ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍ မြို့ကို တိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ။
34 Erre fölkelt Abimélekh és a az egész nép, mely vele volt, éjjel, és leselkedtek Sekhémre négy csapatban.
၃၄အဘိမလက်သည် သူ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။
35 S kivonult Gáal, Ébed fia és megállt a város kapuja bejáratán; akkor fölkelt Abímélekh és a nép, mely vele volt, a lesből.
၃၅ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ၏။
36 Mikor Gáal látta a népet, szólt Zebúlhoz: Íme, nép száll le a hegyek csúcsairól. Mondta neki Zebúl: A hegyek árnyékát nézed embereknek.
၃၆ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများ ဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။
37 Tovább is beszélt Gáal és mondta: Íme, nép száll le az ország köldökéről és egy csapat jő a jóslók terebinthusának útja felől.
၃၇တဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့် လာကြ၏ဟု ပြောဆိုလျှင်၊
38 Mondta neki Zebúl: Hol van hát a szájad, mellyel mondtad, kicsoda Abímélekh, hogy szolgáljuk őt? Nemde, ez az a nép, melyet megvetettél, most hát vonulj ki és harczolj vele.
၃၈ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသော နှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊
39 Ekkor kivonult Gáal Sekhém urai élén és harczolt Abímélekhkel.
၃၉ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက်၍ အဘိမလက်ကို တိုက်လေ၏။
40 És üldözte őt Abímélekh és megfutamodott előle; és elesett sok halott a kapu bejáratáig.
၄၀အဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍ သေကြ၏။
41 S maradt Abímélekh Arúmában és kiűzte Zebúl Gáalt és testvéreit, úgy hogy nem maradtak Sekhémben.
၄၁အဘိမလက်သည် အရုမမြို့မှာ နေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှါ နှင်ထုတ်လေ၏။
42 Volt pedig másnapon, kivonult a nép a mezőre, s tudtára adták Abímélekhnek.
၄၂နက်ဖြန်နေ့၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊
43 Vette a népet, elosztotta három csapatra és leselkedett a mezőn; akkor látta, íme a nép kijő a városból, reájuk támadt és megverte őket.
၄၃မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍ လုပ်ကြံလေ၏။
44 Abímélekh ugyanis meg a csapatok, melyek vele voltak, kirontottak és megállottak a város kapuja bejáratán; két csapat pedig rárontott mind a mezőn levőkre és megverték őket.
၄၄အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတက်၍ စောင့်နေ၏။ အခြားသော လူနှစ်စုတို့ သည် တော၌ရှိသော လူတို့ဆီသို့ ပြေး၍ သတ်ကြ၏။
45 S Abímélekh harczolt a város ellen amaz egész napon, bevette a várost és a benne levő népet megölte; lerombolta a várost és behintette sóval.
၄၅အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။
46 Meghallották Sekhém tornyának mind az urai, s bementek Él-Berít házának várába.
၄၆ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။
47 Tudtára adatott Abímélekhnek, hogy összegyülekeztek Sekhém tornyának mind az urai.
၄၇ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊
48 Akkor fölment Abímélekh Czalmón hegyére, ő meg az egész nép, mely vele volt, s kezébe vette Abímélekh a fejszéket, levágott egy faágat, fölvette, a vállára tette és szólt a néphez, mely vele volt: A mit láttatok, hogy tettem, sietve tegyétek, úgy mint én.
၄၈ကိုယ်တိုင်မှစ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင်၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အား ဆိုလျှင်၊
49 És levágta az egész nép is kiki a maga ágát, mentek Abímélekh után és letették a vár körül és rájuk gyújtották a várat tűzben. Így meghaltak Sekhém tornyának mind az emberei, mintegy ezer férfi és asszony.
၄၉သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။
50 Erre elment Abímélekh Tébécz ellen, tábort ütött Tébécz ellen és bevette azt.
၅၀ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။
51 De erős torony volt a város közepén, oda menekültek mind a férfiak és asszonyok, meg mind a város urai és bezárták magukat; és fölmentek a torony tetejére.
၅၁သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ၍၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်း ပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။
52 Jött Abímélekh a toronyhoz s harczolt ellene; és oda lépett a torony bejáratához, hogy elégesse tűzben.
၅၂အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ၊
53 Ekkor ledobott egy asszony egy malomkődarabot Abimélekh fejére és szétzúzta koponyáját.
၅၃မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ၏။
54 Hamar hívta fegyverhordozó legényét és mondta neki: Rántsd ki kardodat és ölj meg, nehogy azt mondják rólam: asszony ölte meg. És átszúrta őt a legénye és meghalt.
၅၄သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကို ထုတ်၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် ထိုး၍ အဘိမလက် သေလေ၏။
55 Midőn látták Izraél emberei, hogy meghalt Abímélekh, elmentek ki-ki helyére.
၅၅အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။
56 Így visszahárította Isten Abímélekh gonoszságát, melyet atyján elkövetett azzal, hogy megölte hetven testvérét;
၅၆ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။
57 Sekhém embereinek egész gonoszságát pedig visszahárította Isten az ő fejükre és rájuk jött Jótámnak, Jerubbáal fiának átka.
၅၇ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။

< Birák 9 >