< Birák 6 >
1 És tették Izraél fiai azt, a mi rossz az Örökkévalónak szemeiben; akkor adta őket az Örökkévaló Midján kezébe hét évig.
၁ဣသရေလအမျိုးသားတို့သည်တစ်ဖန်ထာဝရ ဘုရားအားပြစ်မှားကြပြန်၏။ သို့ဖြစ်၍ကိုယ် တော်သည်သူတို့ကိုခုနစ်နှစ်တိုင်တိုင် အုပ်စိုးခွင့် ကိုမိဒျန်အမျိုးသားတို့အားပေးတော်မူ၏။-
2 Hatalmas lett Midján keze Izraélen – Midján miatt csinálták maguknak Izraél fiai a hegyekben levő odúkat, a barlangokat és a hegyvárakat –
၂မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-
3 s történt, ha Izraél vetett, felment Midján és Amálék meg Kelet fiai, felmentek ellene.
၃ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-
4 Táboroztak ellenük és elpusztították a föld termését egészen Azza felé és nem hagytak élelmet Izraélben, sem juhot, sem ökröt, sem szamarat;
၄သူတို့သည်ဣသရေလမြေပေါ်တွင်တပ်စခန်း ချ၍ တောင်ဘက်ရှိဂါဇမြို့တစ်ဝိုက်မြေယာများ တိုင်အောင် အသီးအနှံတို့ကိုဖျက်ဆီးပစ်တတ် ကြ၏။ သူတို့သည်သိုးနွားမြည်းမှစ၍ရှိသမျှ ကိုသိမ်းယူကြသဖြင့် ဣသရေလအမျိုးသား တို့အတွက်အဘယ်စားစရာမျှမကျန်တော့ ချေ။-
5 mert ők jószágostul mentek föl és sátrastul, és jöttek annyian, mint a sáska sokaságra, nem volt száma sem nekik, sem tevéiknek. Így jöttek az országba, hogy elpusztítsák.
၅သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။-
6 És elszegényedett Izraél nagyon Midján által, és kiáltottak Izraél fiai az Örökkévalóhoz.
၆ဣသရေလအမျိုးသားတို့သည်သူတို့ကို ခုခံနိုင်စွမ်းမရှိချေ။
7 És volt, midőn kiáltottak Izraél fiai az Örökkévalóhoz Midján miatt,
၇ထိုအခါဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသားတို့၏ရန်ကြောင့်မိမိတို့အား ကူမ တော်မူရန်ထာဝရဘုရားထံတော်သို့ဟစ် အော်လျှောက်ထားကြ၏။-
8 küldött az Örökkévaló egy próféta embert Izraél fiaihoz és mondta nekik: Így szól az Örökkévaló, Izraél Istene: én felhoztalak titeket Egyiptomból és kivezettelek a rabszolgák házából.
၈သို့ဖြစ်၍ကိုယ်တော်သည်ပရောဖက်တစ်ပါးကို သူတို့ထံသို့စေလွှတ်တော်မူသည်။ ပရောဖက် မှတစ်ဆင့်ဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားက``ငါသည်သင်တို့ ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့အားထုတ် ဆောင်ခဲ့၏။-
9 Megmentettelek Egyiptom kezéből és mind az elnyomóitok kezéből; kiűztem őket előletek és nektek adtam országukat.
၉အီဂျစ်ပြည်သူတို့လက်မှလည်းကောင်း၊ ဤပြည် တွင်သင်တို့အားတိုက်ခိုက်သူတို့၏လက်မှလည်း ကောင်းကယ်ဆယ်ခဲ့၏။ သင်တို့ချီတက်လာစဉ်သူ တို့အားနှင်ထုတ်၍ သူတို့၏ပြည်ကိုသင်တို့၏ လက်သို့ပေးအပ်ခဲ့၏။-
10 És mondtam nektek: én vagyok az Örökkévaló, a ti Istentek; ne féljétek az emórinak isteneit, a kinek ti laktok országában – de ti nem hallgattatok szavamra.
၁၀ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကိုမိန့်ကြား၍ ယခုသင်တို့နေထိုင်ရာ ပြည်ရှိအာမောရိအမျိုးသားတို့ကိုးကွယ်သည့် ဘုရားများကိုမကိုးကွယ်ကြရန်သင်တို့အား ပညတ်ခဲ့၏။ သို့သော်လည်းသင်တို့သည်ငါ့စကား ကိုနားမထောင်ကြ'' ဟုမိန့်တော်မူ၏။
11 Jött az Örökkévaló angyala és leült az Ofrában levő tölgyfa alatt, mely az abíezri Jóásé volt; fia Gídeón pedig éppen búzát vert ki a présházban, hogy elmentse Midján elől.
၁၁ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
12 És megjelent neki az Örökkévaló angyala és szólt hozzá: Az Örökkévaló veled, derék vitéz!
၁၂ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။
13 Szólt hozzá Gideón: Kérlek uram, ha csakugyan velünk van az Örökkévaló, miért ért bennünket mindez? Hol vannak hát mind a csodás tettei, melyeket elbeszéltek nekünk őseink, mondván: bizony Egyiptomból hozott föl minket az Örökkévaló. És most elhagyott az Örökkévaló és adott minket Midján kezébe.
၁၃ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။
14 Ekkor fordult feléje az Örökkévaló és mondta: Menj ezzel az erőddel és segítsd meg Izraélt Midján kezéből; hiszen küldtelek.
၁၄ထိုအခါထာဝရဘုရားက``သင်၏ကြီးမား သောခွန်အားဖြင့်သွား၍ ဣသရေလအမျိုး သားတို့အား မိဒျန်အမျိုးသားများ၏လက် မှကယ်ဆယ်လော့။ ငါကိုယ်တိုင်ပင်သင့်အား စေလွှတ်တော်မူပြီ'' ဟုမိန့်တော်မူ၏။
15 Szólt hozzá: Kérlek, Uram, miáltal segítsem meg Izraélt? Íme, nemzetségem a leggyengébb Menassében és én a legcsekélyebb vagyok atyám házában.
၁၅ဂိဒေါင်ကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ် သည်အဘယ်သို့ဣသရေလအမျိုးသားတို့ ကိုကယ်ဆယ်နိုင်ပါမည်နည်း။ အကျွန်ုပ်၏သား ချင်းစုသည်မနာရှေအနွယ်တွင် အားအနည်း ဆုံးသောသူဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း မိမိ၏မိသားစုတွင်အရေးမပါ၊ အရာ မရောက်ဆုံးသောသူဖြစ်ပါသည်'' ဟု ပြန် လည်လျှောက်ထား၏။
16 És szólt hozzá az Örökkévaló: Ám én veled leszek és meg fogod verni Midjánt, mint egy embert.
၁၆ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။
17 Szólt hozzá: Ha ugyan kegyet találtam szemeidben, adj számomra jelt, hogy te beszélsz velem.
၁၇ဂိဒေါင်က``အကယ်၍ကိုယ်တော်၏သဘော တော်နှင့်တွေ့မည်ဆိုပါက ကိုယ်တော်သည် အမှန်ပင်ထာဝရဘုရားဖြစ်တော်မူကြောင်း သက်သေခံအထောက်အထားတစ်ခုကိုပြ တော်မူပါ။-
18 Ne távozzál, kérlek, innen, míg el nem jövök hozzád és kihozom ajándékomat és leteszem eléd. És mondta: Én maradok, míg vissza nem jössz.
၁၈ကိုယ်တော်အားဆက်သရန်ပူဇော်သကာကိုယူ ဆောင်လာချိန်တိုင်အောင် ဤအရပ်မှကြွသွား တော်မမူပါနှင့်'' ဟုလျှောက်လေ၏။ ကိုယ်တော်ကလည်း``သင်ပြန်လာချိန်တိုင် အောင်ငါရှိနေမည်'' ဟုမိန့်တော်မူ၏။
19 Gideón pedig bement, elkészített egy kecskegödölyét és egy éfa lisztből kovásztalan kenyeret, a húst a kosárba tette, levét pedig tette a fazékba; kivitte hozzá a tölgyfa alá és odanyújtotta.
၁၉သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-
20 És szólt hozzá az Isten angyala: Vedd a húst és a kovásztalan kenyeret és tedd le ama sziklára, a levét pedig öntsd ki; és tett akképpen.
၂၀ကောင်းကင်တမန်က``ဆိတ်သားနှင့်မုန့်တို့ကို ယူ၍ဤကျောက်ပေါ်တွင်တင်၍ ဆိတ်ပြုတ် ရည်ဖြင့်သွန်းလောင်းလော့'' ဟုဆို၏။ ဤသို့ ဆိုသည့်အတိုင်းဂိဒေါင်ပြု၏။-
21 Erre kinyújtotta az Örökkévaló angyala a pálcza végét, mely kezében volt és megérintette a húst és a kovásztalan kenyeret; ekkor fölszállt a tűz a sziklából és fölemésztette a húst és a kovásztalan kenyeret, az Örökkévaló angyala pedig eltűnt szemei elől.
၂၁ထိုအခါကောင်းကင်တမန်သည်လက်ကိုဆန့်၍ မိမိကိုင်ထားသည့်တုတ်ဖျားဖြင့်ဆိတ်သားနှင့် မုန့်တို့ကိုတို့ထိလိုက်ရာ ကျောက်ထဲမှမီးလျှံ ထွက်၍ဆိတ်သားနှင့်မုန့်တို့ကိုကျွမ်းလောင် စေ၏။ ထိုနောက်ကောင်းကင်တမန်သည်ပျောက် ကွယ်သွားလေသည်။
22 S látta Gideón, hogy az Örökkévaló angyala az; és mondta Gideón: Jaj Uram, Örökkévaló, mert csak azért láttam az Örökkévaló angyalát színről színre!
၂၂ထိုအခါဂိဒေါင်သည်မိမိတွေ့ရှိခဲ့သူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ပင်ဖြစ် ကြောင်းသိလေလျှင် ကြောက်လန့်လျက်ဤသို့ ဆို၏။ ``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏ကောင်းကင်တမန်နှင့်မျက် နှာချင်းဆိုင်တွေ့မြင်ရပါပြီတကား'' ဟုလျှောက်လေသည်။
23 Mondta neki az Örökkévaló: Béke veled, ne félj, nem fogsz meghalni.
၂၃သို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။-
24 És épített ott Gideón oltárt az Örökkévalónak és így nevezte: az Örökkévaló a béke; mind e mai napig még ott van az abíezri Ofrában.
၂၄ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)
25 És volt azon éjjel, mondta neki az Örökkévaló: Végy egy tulkot az ökrökből, melyek az atyádéi és egy másik tulkot, hét éveset és rombold le a Báal oltárát, mely atyádé, a mellette levő szent fát pedig vágd ki.
၂၅ထိုည၌ထာဝရဘုရားသည်ဂိဒေါင်အား``သင့် ဖခင်၏နွားထီးနှင့်အခြားခုနစ်နှစ်သားနွားထီး တစ်ကောင်ကိုယူလော့။ ဗာလဘုရားအဖို့သင့် ဖခင်တည်ဆောက်ထားသည့်ယဇ်ပလ္လင်ကိုဖြိုချ ပြီးလျှင် ထိုယဇ်ပလ္လင်၏အနီးရှိအာရှရနတ် သမီး၏အမှတ်လက္ခဏာအဖြစ်ဖြင့်စိုက် ထားသည့်သစ်ပင်တို့ကိုခုတ်လှဲပစ်လော့။-
26 És építs oltárt az Örökkévalónak Istenednek e várhely tetején a rendezett helyen; vedd a második tulkot és hozz égőáldozatot a szent fa hasábjain, melyet majd kivágsz.
၂၆ဤတောင်ပူစာထိပ်တွင်သင်၏ဘုရားသခင် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုအခိုင် အမာတည်ဆောက်လော့။ ထိုနောက်ဒုတိယနွား ထီးကိုယူပြီးလျှင်သင်ခုတ်လှဲထားသည့် အာ ရှရနတ်သမီး၏အမှတ်လက္ခဏာကိုထင်း အဖြစ်အသုံးပြု၍မီးရှို့ပူဇော်လော့'' ဟု မိန့်တော်မူ၏။-
27 Erre vett Gideón tíz embert szolgái közül és úgy tett, a mint szólt hozzá az Örökkévaló; volt pedig, minthogy félt atyja házától és a város embereitől, semhogy nappal tegye, tehát éjjel tette.
၂၇သို့ဖြစ်၍ဂိဒေါင်သည်အစေခံဆယ်ယောက် ကိုခေါ်၍ မိမိအားထာဝရဘုရားမိန့်တော် မူသည့်အတိုင်းပြုစေသည်။ သူသည်မိမိ အိမ်ထောင်စုဝင်တို့ကိုလည်းကောင်း၊ မြို့သူ မြို့သားများကိုလည်းကောင်းကြောက်သဖြင့် ဤအမှုကိုနေ့အချိန်၌မပြုဝံ့ဘဲည အချိန်၌ပြု၏။
28 Reggel korán fölkeltek a város emberei és íme, lerontva volt a Báal oltára és a mellette levő szent fa kivágva, a második tulok pedig áldozva az épített oltáron.
၂၈နောက်တစ်နေ့နံနက်စောစောမြို့သားတို့နိုးထ ကြသောအခါ သူတို့သည်ဗာလဘုရား၏ယဇ် ပလ္လင်နှင့်အာရှရနတ်သမီး၏ အမှတ်လက္ခ ဏာသစ်ပင်တို့ပြိုလဲလျက်နေသည်ကိုလည်း ကောင်း၊ ယဇ်ပလ္လင်သစ်တစ်ခုပေါ်တွင်ဒုတိယ နွားထီးကို မီးရှို့ပူဇော်ထားလျက်ရှိသည် ကိုလည်းကောင်းတွေ့မြင်ကြ၏။-
29 Ekkor szóltak egyik a másikához: Ki cselekedte ezt a dolgot? Kutattak és kerestek s mondták: Gideón, Jóás fia, cselekedte ezt a dolgot.
၂၉သူတို့သည်``ဤအမှုကိုအဘယ်သူပြုသနည်း'' ဟုအချင်းချင်းမေးမြန်းစုံစမ်းကြည့်ရာ ယောရှ၏သားဂိဒေါင်ပြုသည့်အမှုဖြစ် ကြောင်းကိုသိရှိရကြ၏။-
30 És szóltak a város emberei Jóáshoz: Add ki fiadat, hogy meghaljon, mert lerontotta a Báal oltárát s mert kivágta a mellette levő szent fát.
၃၀ထိုအခါသူတို့သည်ယောရှအား``သင်၏ သားဂိဒေါင်ကိုငါတို့သတ်နိုင်ရန်ခေါ်ထုတ် လော့။ သူသည်ဗာလ၏ယဇ်ပလ္လင်နှင့်ယင်း ၏အနီးရှိအာရှရနတ်သမီး၏အမှတ် လက္ခဏာသစ်ပင်တို့ကို ခုတ်လှဲလိုက်လေ ပြီတကား'' ဟုဆိုကြ၏။
31 Mondta Jóás mind a mellette állóknak: Hát ti pöröltök-e a Báalért, avagy ti véditek-e őt? A ki pöröl érette, ölessék meg reggelig! Ha isten ő, pöröljön magáért, hogy lerontotta oltárát.
၃၁ယောရှသည်မိမိထံသို့လာရောက်တောင်းဆို သူအပေါင်းတို့အား``သင်တို့သည်ဗာလကိုယ် စားရှေ့နေလိုက်နေကြပါသလော။ သူ၏ အတွက်အကွယ်အကာပေးနေကြပါသ လော။ သူ့အတွက်ရှေ့နေလိုက်သူမှန်သမျှ သည်နံနက်ချိန်မလွန်မီအသတ်ခံရမည်။ အကယ်၍ဗာလသည်ဘုရားဖြစ်ပါမူ မိမိ ကိုယ်ကိုမိမိကာကွယ်ပါလေစေ။ ဖြိုချခြင်း ခံရသည်မှာသူ၏ယဇ်ပလ္လင်ဖြစ်ပါ၏'' ဟုပြောလေသည်။-
32 És nevezték őt azon a napon Jerubbáalnak, mondván: Pöröljön ellene Báal, hogy lerontotta oltárát.
၃၂ထိုအချိန်မှအစပြု၍ဂိဒေါင်သည်ယေရု ဗ္ဗာလဟူ၍နာမည်တွင်လေ၏။ အဘယ်ကြောင့် ဆိုသော်ယောရှက``ဗာလသည်မိမိကိုယ်ကို မိမိကွယ်ကာပါလေစေ။ ဖြိုချခြင်းခံရ သည်မှာသူ၏ယဇ်ပလ္လင်ဖြစ်သည်'' ဟုဆို သောကြောင့်တည်း။
33 Egész Midján pedig és Amálék meg a Kelet fiai összegyűltek együvé és átkeltek és táboroztak Jizreél völgyében.
၃၃ထိုအခါမိဒျန်အမျိုးသားများ၊ အာမလက် အမျိုးသားများ၊ သဲကန္တာရနေလူမျိုးအပေါင်း တို့သည်စုဝေး၍ယော်ဒန်မြစ်ကိုဖြတ်ပြီးလျှင် ယေဇရေလချိုင့်တွင်စခန်းချကြ၏။-
34 Az Örökkévaló szelleme pedig megszállta Gideónt; megfútta a harsonát és egybesereglett utána Abíézer.
၃၄ထာဝရဘုရား၏ဝိညာဉ်တော်သည်ဂိဒေါင် အပေါ်၌သက်ရောက်သဖြင့် သူသည်အဗျေဇာ သားချင်းစုအပေါင်းတို့အား မိမိနောက်သို့ လိုက်ကြရန်တံပိုးခရာကိုမှုတ်လေ၏။-
35 Követeket is küldött egész Menasséba és egybesereglett az is utána; és követeket küldött Ásérba, Zebúlúnba és Naftáliba, és fölmentek ellenük.
၃၅မနာရှေနယ်မြေနှစ်ရပ်စလုံးသို့လည်းစေ တမန်များကိုလွှတ်၍ မနာရှေအမျိုးသား တို့အားမိမိနောက်သို့လိုက်ကြရန်လှုံ့ဆော်၏။ သူသည်အာရှာ၊ ဇာဗုလုန်နှင့်နဿလိအနွယ် တို့ထံသို့လည်းစေတမန်များကိုလွှတ်လိုက် သဖြင့် ထိုသူတို့သည်လည်းသူ၏ထံသို့လာ ရောက်ကြကုန်၏။
36 És szólt Gideón Istenhez: Ha csakugyan megsegíteni akarod kezem által Izraélt, a mint mondtad –
၃၆ထိုနောက်ဂိဒေါင်သည်ဘုရားသခင်အား``ကိုယ် တော်သည်အကျွန်ုပ်အားအသုံးပြု၍ ဣသ ရေလလူမျိုးကိုကယ်ဆယ်ရန်ဆုံးဖြတ်တော် မူပြီးဖြစ်ကြောင်းမိန့်တော်မူခဲ့ပါ၏။-
37 íme, én odaállítom a gyapjúnyiratot a szérűre; ha egyedül a nyíratón lesz harmat és az egész telken szárazság, akkor tudom, hogy megsegíted kezem által Izraélt, a mint mondtad.
၃၇အကျွန်ုပ်သည်ဂျုံစပါးနယ်ရာမြေတလင်း ပေါ်၌ သိုးမွေးကိုချထားပါမည်။ အကယ်၍ နံနက်ချိန်၌သိုးမွေးအပေါ်၌သာလျှင် နှင်းကျ၍မြေတလင်းပေါ်၌မကျခဲ့သော် ကိုယ်တော်သည်အကျွန်ုပ်အားဣသရေလ လူမျိုးကိုကယ်ဆယ်ရန်အတွက်အသုံးပြု တော်မူမည်ကိုအကျွန်ုပ်အမှန်သိရပါ လိမ့်မည်'' ဟုလျှောက်ထား၏။-
38 És így lett. Korán fölkelt ugyanis másnap, s kinyomta a nyíratót és kifacsart harmatot a nyíratból, egy teli csésze vizet.
၃၈ယင်းသို့လျှောက်ထားသည့်အတိုင်းဖြစ်လေ သည်။ ဂိဒေါင်သည်နောက်တစ်နေ့နံနက်စော စောထ၍ သိုးမွေးကိုညှစ်ကြည့်ရာနှင်းရည် အင်တုံတစ်လုံးအပြည့်ရရှိလေသည်။-
39 Ekkor szólt Gideón Istenhez: Ne lobbanjon föl haragod ellenem, hadd beszéljek csak ez egyszer; megkísértem, kérlek, csupán ez egyszer a nyírattal, legyen kérlek egyedül a nyíraton szárazság és az egész telken legyen harmat.
၃၉ထိုနောက်သူသည်ထာဝရဘုရားအား``အကျွန်ုပ် ကိုအမျက်ထွက်တော်မမူပါနှင့်။ ယခုတစ် ကြိမ်သာလျှင်ထပ်မံလျှောက်ထားခွင့်ပြုတော် မူပါ။ သိုးမွေးနှင့်နောက်တစ်ကြိမ်ထပ်မံစမ်း သပ်ခွင့်ပြုတော်မူပါ။ ဤတစ်ကြိမ်၌သိုး မွေးသည်ခြောက်သွေ့လျက် မြေကြီးသည် နှင်းစိုလျက်နေစေတော်မူပါ'' ဟုလျှောက် ၏။-
40 És akképpen tett Isten azon éjjel; egyedül a nyíraton volt szárazság, s az egész telken harmat volt.
၄၀ထိုည၌လည်းဘုရားသခင်သည်ဂိဒေါင် လျှောက်ထားသည့်အတိုင်းပင်ဖြစ်စေတော် မူ၏။ နောက်တစ်နေ့နံနက်၌သိုးမွေးသည် ခြောက်သွေ့လျက်မြေကြီးမှာမူစွတ်စို လျက်နေ၏။