< Józsué 9 >

1 Volt pedig, midőn meghallották mind a királyok a Jordánon innen, a hegységben, az alföldön és a nagy tenger egész mellékén a Libánon felé: a chitti, az emóri, a kanaáni, a perizzi, a chivvi és a jebúszi –
ယော်ဒန် မြစ် အနောက် ဘက်၊ တောင် ပေါ်၌ ၎င်း ၊ ချိုင့် ထဲ ၌၎င်း ၊ လေဗနုန် တောင်တဘက် ၊ မဟာ ပင်လယ် ကမ်း တရှောက်လုံး ၌၎င်း နေသော ဟိတ္တိ ၊ အာမောရိ ၊ ခါနနိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြား သောအခါ၊
2 összegyülekeztek együvé, hogy harcoljanak egy értelemmel Józsua és Izraél ellen.
ယောရှု နှင့် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ တညီတညွတ် တည်းစည်းဝေး ကြ၏။
3 Gibeón lakói pedig hallották, mit tett Józsua Jeríchóval és Ájjal.
ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ၊
4 Cselekedtek tehát ők is ravaszsággal: mentek és tettették magukat követeknek; szereztek ugyanis kopott zsákokat szamaraikra, meg kopott boros tömlőket, repedteket és összefoltozottakat.
ပရိယာယ် ပြု ၍ သံတမန် လုပ်လျက် ၊ မြည်း ပေါ် မှာ ဟောင်းနွမ်း သောအိတ် တို့ကို တင်၍ ၊ ဟောင်းနွမ်း စုတ် ကွဲဖာ ပြင်သော စပျစ်ရည် သားရေ ဘူးတို့ကို ယူ ကြ၏။
5 Kopott és megfoldott sarúk lábaikon, megkopott ruhák ő rajtuk; minden élelmi kenyerük pedig elszáradt, morzsákká lett.
ဟောင်းနွမ်း ဖာ ပြင်သော ခြေနင်း ကို စီး၍၊ ဟောင်းနွမ်း သောအဝတ် ကိုလည်း ဝတ်ကြ၏။ အောက်၍ မှို တက်လျက်ရှိ သောရိက္ခါ ကိုသာ ဆောင်ခဲ့လျက်၊
6 Elmentek Józsuához a táborba Gilgálba; és szóltak hozzá és Izraél emberéhez: Messze földről jöttünk, most pedig kössetek velünk szövetséget.
ယောရှု ရှိရာ ဂိလဂါလ တပ် သို့ ရောက် လာလျှင် ၊ အကျွန်ုပ် တို့သည် မိဿဟာယ ဖွဲ့ ခြင်းငှါ၊ ဝေး သောပြည် က လာ ကြပါသည်ဟု ယောရှု နှင့် ဣသရေလ လူ တို့အား ပြော ဆို ကြ၏။
7 Erre így szólt Izraél embere a chivvihez: Hátha közepettem lakol, miképpen kössek veled szövetséget?
ဣသရေလ အမျိုးသား တို့ကလည်း ၊ သင် တို့သည် ငါ တို့အနား မှာ နေသည် မနေ သည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယ ဖွဲ့ နိုင်သနည်းဟု ဟိဝိ လူတို့အား ဆို ကြလျှင်၊
8 Mondták Józsuának: Szolgáid vagyunk! S mondta nekik Józsua: Kik vagytok és honnan jöttök?
သူတို့က အကျွန်ုပ် တို့သည် ကိုယ်တော် ကျွန် ဖြစ် ပါ၏ဟု ယောရှု အား လျှောက်ဆို ကြ၏။ ယောရှု ကလည်း ၊ သင် တို့သည် အဘယ် သို့သောသူနည်း။ အဘယ် အရပ်က လာ ကြသနည်းဟုမေး လျှင်၊
9 Mondták neki: Nagyon messze földről jöttek a te szolgáid, az Örökkévalónak, Istenednek nevéért, mert hallottuk hírét és mindent, amit tett Egyiptomban,
သူတို့က၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့် ကိုယ်တော် ကျွန် တို့သည် အလွန် ဝေး သောပြည် က လာ ပါပြီ။ ထာဝရ ဘုရား၏ သိတင်း တော်ကို၎င်း၊ အဲဂုတ္တု ပြည်၌ ပြု တော်မူသမျှ ကို၎င်း၊
10 és mindazt, amit tett a Jordánon túli emórinak két királyával: Szíchónnal, Chesbón királyával, és Óggal, Básán királyával, aki Astárótban volt.
၁၀ယော်ဒန် မြစ်အရှေ့ ဘက်၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ အာရှတရုတ် မြို့မှာ နေသော ဗာရှန် ရှင်ဘုရင် ဩဃ တို့၌ ပြု တော်မူသမျှ ကို ၎င်း ကြား ပါပြီ။
11 És szóltak hozzánk véneink és mind az országunk lakói, mondván: Vegyetek kezetekbe élelmet az útra, s menjetek elejükbe; így szóljatok hozzájuk: szolgáitok vagyunk, most pedig kössetek velünk szövetséget.
၁၁ထိုကြောင့် အကျွန်ုပ် တို့၌ အသက်ကြီး သောသူတို့ နှင့် ပြည်သူ ပြည်သားအပေါင်း တို့က၊ လမ်းခရီး ရိက္ခါ ကို ယူ ၍ သူ တို့ကို ခရီးဦးကြို ပြုခြင်းငှါ သွား ကြလော့။ ငါ တို့ သည် သူ တို့၏ကျွန် ဖြစ်ကြောင်းနှင့် မိဿဟာယ ဖွဲ့ ရပါမည်အကြောင်းကို လျှောက် ထားကြလော့ဟု မှာ လိုက်ပါပြီ။
12 Ez ami kenyerünk – melegen vettük élelemnek magunknak házainkból, amely napon elindultunk, hogy hozzátok menjünk, és most, íme elszáradt és morzsákká lett.
၁၂ကိုယ်တော် ထံ သို့ရောက် အံ့သောငှါ ထွက် လာ သောနေ့ ၌ ခရီးရိက္ခါဘို့ ကိုယ် အိမ် မှ ဆောင် ယူခဲ့သော ဤ မုန့် သည် ပူနွေး လျက်ရှိပါ၏။ ယခု ကြည့် ပါ။ အောက် လျက် မှို တက်လျက်ရှိ ပါ၏။
13 Ezek a boros tömlők pedig, melyeket újdonan töltöttünk meg, íme megrepedeztek; ezek ami ruháink és saruink pedig elkoptak az igen nagy út miatt.
၁၃စပျစ်ရည် ပြည့် သော ဤ သားရေ ဘူးတို့သည် အသစ် ဖြစ်သော်လည်း ၊ ယခုကြည့် ပါ စုတ် ကွဲလျက်ရှိပါ၏။ ဤ အဝတ် ဤခြေနင်း တို့သည်လည်း အလွန် ခရီး ဝေး သောကြောင့် ဟောင်းနွမ်း ပါပြီဟု ပြန်လျှောက် ကြ၏။
14 Erre vettek az emberek élelmükből és az Örökkévaló száját nem kérdezték meg.
၁၄ဣသရေလလူတို့သည် ထာဝရဘုရား ထံတော်၌ အခွင့် မ ပန် ဘဲ ထိုသူ တို့၏ရိက္ခါ ကို စား ကြ၏။
15 És szerzett velük Józsua békét, kötött velük szövetséget, hogy életben hagyja őket és megesküdtek nekik a község fejedelmei.
၁၅ယောရှု သည်လည်း သူ တို့ကို စစ်မှုနှင့်လွတ် စေ ၍၊ အသက် ချမ်းသာစေမည်အကြောင်းမိဿဟာယ ဖွဲ့ ၏။ ပရိသတ် မင်း တို့သည်လည်း ကျိန်ဆို ခြင်းကို ပြုကြ၏။
16 Történt pedig három nap multán, miután szövetséget kötöttek velük, meghallották, hogy közeléből valók ők és közepette laknak.
၁၆မိဿဟာယ ဖွဲ့ ၍ သုံး ရက် လွန် သောအခါ ၊ ထိုသူ တို့ သည် အိမ်နီးချင်း ဖြစ်၍ ၊ အနား မှာ နေ ကြောင်း ကို ဣသရေလအမျိုးသားတို့သည် ကြား သိလျှင်၊
17 Elindultak Izraél fiai és városaikhoz értek a harmadik napon; városaik pedig Gibeón, Kefíra, Beérót és Kirjat-Jeárim.
၁၇ခရီး သွား၍ သုံး ရက်မြောက်သောနေ့ ၌ သူ တို့မြို့ရွာ သို့ ရောက် ကြ၏။ သူ တို့မြို့ ကား ဂိဗောင် မြို့၊ ခေဖိရာ မြို့၊ ဗေရုတ် မြို့၊ ကိရယတ်ယာရိမ် မြို့တည်း။
18 S nem verték meg őket Izraél fiai, mert megesküdtek nekik a község fejedelmei az Örökkévalóra, Izraél Istenére; és zúgolódott az egész község a fejedelmek ellen.
၁၈ပရိသတ် အကဲအမှူး တို့သည် ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် သူ တို့ကို မ လုပ်ကြံ ကြ။ ပရိသတ် အပေါင်း တို့သည် အကဲအမှူး တို့ကို အပြစ် တင်ကြ၏။
19 Erre mondták mind a fejedelmek az egész községnek: Mi megesküdtünk nekik az Örökkévalóra, Izraél Istenére, most tehát nem nyúlhatunk hozzájuk.
၁၉အကဲအမှူး တို့ကလည်း ၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်သူ တို့ကို မ ထိ မခိုက်ရ။
20 Ezt tesszük majd velük és életben hagyjuk őket, hogy ne legyen harag rajtunk az eskü miatt, melyet esküdtünk nekik.
၂၀သူ တို့အား ကျိန်ဆို မိသောကြောင့်အပြစ် ဒဏ်ရောက် မည်ကို စိုးရိမ်၍၊ အသက် ချမ်းသာပေးသဖြင့် အဘယ်သို့ပြု ရမည်နည်းဟူမူကား၊
21 És szóltak hozzájuk a fejedelmek: hadd éljenek. S lettek favágók és vízmerítők az egész község számára, a miképpen kimondták róluk a fejedelmek.
၂၁အကဲအမှူး များ ဂတိ ရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ် အပေါင်း တို့အဘို့ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူဖြစ် စေရမည်ဟု ပရိသတ် အပေါင်းတို့ အား ပြန်ပြော ကြ၏။
22 És hivatta őket Józsua és beszélt hozzájuk, mondván: Miért csaltatok meg minket, mondván: messzire valók vagyunk tőletek nagyon, holott közepettünk laktok.
၂၂ယောရှု သည်လည်း သူ တို့ကို ခေါ် ၍ ၊ သင် တို့သည် ငါ တို့အနား မှာ နေ လျက်ပင်၊ ဝေး သောအရပ်က လာပါပြီဟုဆို ၍ ငါ တို့ကို အဘယ်ကြောင့် လှည့်စား ကြသနည်း။
23 Most tehát átkozottak legyetek; meg ne szűnjék közületek szolga, favágó és vízmerítő, Istenem háza számára.
၂၃ယခု မှာ သင် တို့သည် ကျိန် အပ်သောသူဖြစ် သဖြင့် ၊ ကျွန် ခံ၍ ငါ ၏ဘုရား သခင်အိမ် တော်အဘို့ ထင်း ခုတ် ခြင်း၊ ရေ ခပ် ခြင်းအမှုနှင့် တယောက်မျှမ လွတ် ရဟု ဆို ၏။
24 Feleltek Józsuának és mondták: Mivelhogy tudtukra jött szolgáidnak, hogy megparancsolta az Örökkévaló, a te Istened szolgájának, Mózesnek, hogy ha nektek adja az egész országot, elpusztítja előletek mind az ország lakóit: féltettük tehát nagyon lelkeinket tőletek és tettük ezt a dolgot;
၂၄သူတို့ကလည်း၊ ဤပြည် တရှောက်လုံး ကို သင် တို့အား ပေး ၍ ၊ ပြည်သူပြည်သား အပေါင်း တို့ကို သင် တို့ရှေ့ မှ ပယ်ရှင်း ခြင်းငှါ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် မောရှေ အား မှာ ထားတော်မူကြောင်းကို ကိုယ်တော် ကျွန် တို့သည် ဆက်ဆက်ကြားသိ၍၊ သင် တို့လက်၌ အသက် ဆုံးမည်ကို အလွန် ကြောက် သောကြောင့် ၊ ဤ အမှု ကို ပြု ပါပြီ။
25 most pedig íme kezedben vagyunk; amint jó és helyes szemeidben, hogy tégy velünk, a szerint tégy.
၂၅ယခု မှာ ကျွန်တော် တို့သည် ကိုယ်တော် လက် တွင် ရှိပါ၏။ ကျွန်တော် တို့၌ ပြုကောင်း ပြုသင့် သည်ဟုစိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှု အား ပြန် လျှောက် ကြ၏။
26 És tett velük akképpen; így megmentette őket Izraél fiai kezéből, hogy meg nem ölték.
၂၆ထိုသို့ နှင့်အညီယောရှုသည် ပြု ၍ ၊ သူ တို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလ လူတို့လက် မှ ကယ်နှုတ် သဖြင့်၊
27 És odaadta őket Józsua azon a napon favágókul és vízmerítőkül a község számára és az Örökkévaló oltárának számára mind e mai napig, azon helyre, melyet ki fog választani.
၂၇ထာဝရဘုရား ရွေးကောက် တော်မူသောအရပ် ၌ တည်သော ယဇ်ပုလ္လင် တော်အဘို့ နှင့် ပရိသတ် တော်တို့ အဘို့ ထိုသူတို့သည် ယနေ့ တိုင်အောင် ထင်း ခုတ် ၍ ရေ ခပ် ရမည်အကြောင်း ၊ ထိုနေ့ ၌ စီရင် လေ၏။

< Józsué 9 >