< Jób 20 >

1 Felelt a Náamabeli Czófár és mondta:
တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
2 Azért gondolataim válaszra bírnak, s minthogy bennem van fel buzdulásom.
ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
3 Megszégyenítésem feddését hallom, és szellemem az én értelmemből bír feleletre.
ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
4 Nem tudod-e azt, a mi öröktől fogva van, a mióta embert tettek a földre,
ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
5 hogy a gonoszok ujjongása rövid ideig tart a az istentelennek öröme egy pillanatig?
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
6 Ha égbe nyúl föl emelkedése és feje a felhőig ér:
သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
7 mint sara örökre elvész, a kik látták, azt mondják: hol van?
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
8 Mint álom elrepül, s nem találják meg, s elűzetik, mint éji látomány;
သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
9 a szem rátekintett, de nem teszi többé, és nem pillantja őt meg újra helye.
သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
10 Fiai kérlelik a szegényeket, s önkezei adják vissza jogtalan vagyonát.
၁၀သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
11 Csontjai tele vannak ifjú erejével, s vele együtt porba fekszik.
၁၁သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
12 Ha édesnek ízlik szájában a rosszaság, rejtegeti nyelve alatt,
၁၂သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
13 kíméli, de nem ereszti el, és visszatartja ínyében:
၁၃နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
14 beleiben elváltozik étele, viperák mérge van belsejében.
၁၄စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
15 Vagyont nyelt el és kihányta, hasából hajtja ki Isten.
၁၅သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
16 Viperamérget szopik, megöli őt az áspis nyelve.
၁၆သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
17 Nem szabad néznie ereit, folyóit, patakjait méznek és tejnek.
၁၇အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
18 Visszaadja a szerzeményt, a nem nyeli le, cserébe vett vagyonával nem fog örvendeni.
၁၈မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
19 Mert elnyomta, cserben hagyta a szegényeket, házat rabolt s nem építi föl.
၁၉ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
20 Mert nem ismert nyugtot hasában, azzal a mit megkívánt, nem menekül meg.
၂၀လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
21 Nincsen maradék evéséből; azért nem lesz maradandó az ő java.
၂၁သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
22 Bősége teljében meg fog szorulni; a szenvedésnek minden keze reá jön.
၂၂ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
23 Lesz majd hasának megtöltésére: belé bocsátja fellobbant haragját, esőként hullatja a testébe.
၂၃သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
24 Menekül a vasfegyver elől, érczíj járja által;
၂၄သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
25 húzza és kijön hátából, villogó nyíl megy ki epéjéből – rajta ijedelmek.
၂၅မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
26 Minden sötétség ólálkodik kincseire, megemészti őt szítatlan tűz, lelegeli a maradékot sátrában.
၂၆ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
27 Bűnét feltárják az egek s föltámad ellene a föld.
၂၇မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
28 Elköltözik háza terméke, szétfoly haragja napján.
၂၈သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
29 Ez a gonosz ember része az Istentől és a rá kimondott örökség Istentől.
၂၉ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။

< Jób 20 >