< 1 Mózes 50 >
1 És ráborult József az ő atyja arcára és sírt rajta és megcsókolta őt.
၁ထိုအခါ ယောသပ် သည် အဘ ၏မျက်နှာ ပေါ် မှာ ငုံ့ ၍ ၊ ငို လျက် နမ်း လျက်နေ၏။
2 És megparancsolta József az ő szolgáinak, az orvosoknak, hogy balzsamozzák be atyját; és az orvosok bebalzsamozták Izraelt.
၂အဘ ၏အလောင်း ကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိ ကျွန် ဆေးသမား တို့ကို အမိန့် ရှိ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
3 És betelt számára negyven nap, mert így telnek be a bebalzsamozás napjai, és megsiratták őt az egyiptomiak hetven napig.
၃နံ့သာမျိုး နှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံ ရှိသည်အတိုင်း ထား၍၊ အရက် လေးဆယ် လွန်လျှင်၊ အဲဂုတ္တု လူတို့သည် ယာကုပ် ကြောင့်၊ အရက် ခုနစ် ဆယ် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းကိုပြုကြ၏။
4 Midőn elmúltak megsiratásának napjai, akkor szólt József Fáraó házához, mondván: Ha ugyan kegyet találtam szemeitekben, szóljatok, kérlek, Fáraó fülei hallatára, mondván:
၄ငိုကြွေး မြည်တမ်းသောနေ့ရက် လွန် သောအခါ ၊ ယောသပ် သည် နန်းတော် သား အချို့တို့ကိုခေါ် ၍ ၊ သင် တို့ သည် ကျွန်ုပ်ကိုစေတနာ စိတ်ရှိ လျှင် ၊ ဖာရော ဘုရင် ထံ တော်သို့သွား၍၊
5 Atyám megesketett engem, mondván: Íme, én meghalok; síromba, melyet ástam magamnak Kánaán országában, oda temess el engem! Most tehát hadd menjek el, hogy eltemessem atyámat és azután visszatérek.
၅ကျွန်တော် အဘ က၊ ငါ သေ တော့မည်။ ခါနာန် ပြည် ၌ ကိုယ် ဘို့ ငါတူး ဘူးသော သင်္ချိုင်း တွင်း၌ ၊ ငါ့ ကို သင်္ဂြိုဟ် ရမည်ဟူ၍ကျွန်တော် ကို ကျိန်ဆို စေပါပြီ။ ထိုကြောင့်ကျွန်တော်သွား ၍ ၊ အဘ ကို သင်္ဂြိုဟ် ပြီးမှ ပြန် လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
6 És mondta Fáraó: Menj föl és temesd el atyádat, amint megesketett téged.
၆ဖာရော မင်းကလည်း ၊ သင် ၏အဘ ကျိန်ဆို စေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ် လော့ဟု မိန့် တော်မူ၏။
7 És fölment József; hogy eltemesse az ő atyját; fölmentek vele Fáraó összes szolgái, házának vénei és Egyiptom országának összes vénei;
၇ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ခြင်းငှါ ထွက်သွား ၍ ၊ ဖာရော မင်း၏ ကျွန် များတည်းဟူသောနန်းတော် အရာရှိ ၊ အဲဂုတ္တု ပြည် အရာရှိ အပေါင်း တို့နှင့်၊
8 meg József egész háza, testvérei és atyjának háza; csak gyermekeiket, juhaikat és marhájukat hagyták Gósen földjén.
၈ယောသပ် အိမ်သား၊ အစ်ကို တို့ အိမ်သား ၊ အဘ အိမ်သား ရှိသမျှ တို့ သည်လိုက်ကြ၏။ သူငယ် တို့နှင့် သိုး နွား များကိုသာ ၊ ဂေါရှင် ပြည် ၌ ကျန်ရစ် စေကြ၏။
9 És fölmentek vele szekerek is, lovasok is és a tábor igen nagy volt.
၉ထိုသို့လျှင် ရထား များ၊ မြင်းစီးသူရဲ များတည်းဟူသောအလွန် များစွာသော အလုံး အရင်းတို့သည် ယောသပ် နှင့်တကွ လိုက်သွား ကြ၏။
10 Elérkeztek Óted szérűjéig, mely a Jordánon túl van és ott gyászoltak igen nagy és súlyos gyászolással; és tartott atyjáért hét napi gyászt.
၁၀ယော်ဒန် မြစ်နား မှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ အလွန် ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်းကို ပြု ကြပြန်၏။ ယောသပ်သည် မိမိ အဘ ကြောင့် ခုနစ် ရက်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်း ကိုပြု လေ၏။
11 Midőn látta az ország lakója, a Kánaáni; a gyászt Ótod szérűjében, mondta: Súlyos gyász ez Egyiptomnak; azért nevezték el Óvél-Micrájim (Egyiptom gyásza), mely a Jordánon túl van.
၁၁ထိုသို့အာတဒ် ကောက်နယ်တလင်း၌ ပြုသောငိုကြွေးမြည်တမ်းခြင်းကို၊ ထို ပြည်သား ခါနာန် လူတို့သည် မြင် လျှင် ၊ အဲဂုတ္တု လူတို့သည် ပြင်းစွာ ငိုကြွေး မြည်တမ်းပါသည်တကားဟုဆို ကြ၏။ ထိုကြောင့် ယော်ဒန် မြစ်နား မှာ ရှိသော ထို အရပ်ကို၊ အဗေလမိဇရိမ် ဟူ၍သမုတ် ကြသတည်း။
12 És fiai úgy cselekedtek vele, amint megparancsolta nekik.
၁၂ယာကုပ် သား တို့သည်၊ အဘမှာ ထားသည် အတိုင်း ပြု ကြ၏။
13 És elvitték őt fiai Kánaán országába és eltemették őt a Máchpéla mezejének barlangjába, amelyet megvett Ábrahám mezőstül sírnak való birtokul Efróntól, a chittitől; Mámré előtt.
၁၃ခါနာန် ပြည် သို့ ဆောင်သွား ၍ ၊ အာဗြဟံ သည် ကိုယ်ပိုင် သောသင်္ချိုင်း ဘို့၊ ဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် သော မံရေ မြို့ရှေ့ ၊ မပ္ပေလ လယ်ပြင် တွင်ရှိသောမြေတွင်း ၌ သင်္ဂြိုဟ် ကြ၏။
14 József pedig visszatért Egyiptomba, ő és testvérei, meg mind, akik fölmentek vele hogy eltemessék atyját, miután eltemette az atyját.
၁၄ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ပြီးလျှင် ၊ အစ်ကို များမှစ၍ မသာလိုက် လာသောသူအပေါင်း တို့နှင့်တကွ ၊ အဲဂုတ္တု ပြည်သို့ ပြန် လေ၏။
15 Midőn láttak József testvérei, hogy atyjuk meghalt; mondták: Hátha gyűlölni fog bennünket József és visszafizeti nekünk mindama rosszat, mit elkövettünk vele.
၁၅ယောသပ် အစ်ကို တို့သည် အဘ သေ သည်ကို သိမြင် လျှင် ၊ ငါ တို့ကို ယောသပ် သည် အငြိုး ထားကောင်း ထားလိမ့်မည်။ ငါ တို့သည် အထက်က သူ့ ကို ညှဉ်းဆဲ သောကြောင့် ၊ ငါ တို့အား ဧကန်အမှန်ပြန် ၍ ညှဉ်းဆဲလိမ့်မည်ဟု စိုးရိမ်လျက်၊
16 Azért üzentek Józsefnek, mondván: Atyád meghagyta halála előtt, mondván:
၁၆သူ့ ထံ သို့တမန်ကိုစေလွှတ် ၍ ၊ ကိုယ်တော် အစ်ကို တို့သည် မကောင်း သောအမှုကို ကိုယ်တော်အား ပြု မိ၍၊
17 Így szóljatok Józsefhez: Ó bocsásd meg, kérlek, a te testvéreid hűtlenségét és vétküket, mert rosszat követtek; el veled! Azért most, bocsásd meg, kérünk, hűtlenséget a te atyáid Istene szolgáinak! József pedig sírt, midőn szóltak hozzá.
၁၇ကိုယ်တော် ကို ပြစ်မှား သောအပြစ် ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြား လျှောက်ရမည် အကြောင်း၊ ခမည်း တော်မသေမှီ ကျွန်တော်တို့ကို မှာ ထားခဲ့သည်ဖြစ်၍၊ ယခု တွင် ခမည်း တော်၏ ဘုရားသခင် ကျွန် တို့၏ အပြစ် ကို လွှတ် တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက် ကြသောအခါ ၊ ယောသပ် သည် မျက်ရည် ကျလေ၏။
18 El is mentek testvérei és leborultak előtte és mondták: Itt vagyunk szolgáidul.
၁၈အစ်ကို တို့သည်လည်း ဝင် ၍ ယောသပ် ရှေ့ မှာ ပြပ်ဝပ် လျက် ၊ ကျွန်တော် တို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်ကြပါသည်ဟု လျှောက် ကြ၏။
19 De József mondta nekik: Ne féljetek, mert vajon Isten helyében vagyok-e én?
၁၉ယောသပ် ကလည်း ၊ မ စိုးရိမ် ကြနှင့်။ ကျွန်ုပ် သည် ဘုရားသခင် ကိုယ်စား ဖြစ်သလော။
20 Ti ugyan, rosszat gondoltatok ellenem de Isten jóra gondolta, hogy tegyen, mint ezen a napon, életben tartván sok népet.
၂၀သင် တို့သည် ကျွန်ုပ် ကို ညှဉ်းဆဲ မည်ကြံ ကြသော်လည်း ၊ ဘုရားသခင် သည် ယနေ့ ဖြစ်သည်အတိုင်း ၊ လူ များ အသက် ချမ်းသာစေခြင်းငှါ ကျေးဇူး ပြု မည် ကြံ တော်မူ၏။
21 Most tehát ne féljetek, én eltartalak benneteket és gyermekeiteket; megvigasztalta őket és szívükre beszélt.
၂၁ထိုကြောင့် ၊ မ စိုးရိမ် ကြနှင့်။ သင် တို့နှင့် သူငယ် များကို ကျွန်ုပ် ကျွေးမွေး မည်ဟုဆိုလျက်၊ သူ တို့ကို နှစ်သိမ့် စေ၍ မေတ္တာ စကားကို ပြော လေ၏။
22 És lakott József Egyiptomban, ő és atyja háza; és élt József száztíz évig.
၂၂ထိုသို့ ယောသပ် သည် မိမိ အဘ ၏ အမျိုးသား တို့နှင့် အဲဂုတ္တု ပြည်၌ နေ ၍ ၊ အသက် တရာ တဆယ် ကိုမှီ ၏။
23 És látott József Efráimtól harmadíziglen való utódokat; Móchir, Menassé fiának fiai is József térdein születtek.
၂၃ဧဖရိမ် ၏မြေး ကို မြင် ရ၏။ မနာရှေ ၏သား ၊ မာခိရ ၏သားသမီး တို့ကိုလည်း မိမိ ဒူး ပေါ် မှာ မွေးစား ရ၏။
24 És mondta József az ő testvéreinek: Én meghalok; Isten pedig majd gondol rátok és fölvisz benneteket ebből az országból amaz országba, melyről megesküdött Ábrahámnak, Izsáknak és Jákobnak.
၂၄ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
25 És megeskette József Izrael fiait, mondván: Isten gondol majd rátok és akkor vigyétek föl innen csontjaimat.
၂၅တဖန် တုံ၊ အကယ်စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှုကြွလာတော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျိန်ဆို စေ၏။
26 És meghalt József száztíz éves korában; bebalzsamozták őt és koporsóba tették Egyiptomban.
၂၆ထိုသို့ ယောသပ် သည် အသက် တရာ တဆယ် ရှိသော်အနိစ္စ ရောက်လေ၏။ အလောင်း ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တု ပြည်၌ တလား နှင့် ထား ကြလေ၏။