< 2 Királyok 13 >
1 Huszonharmadik évében Jóásnak, Achazjáhú fiának, Jehúda királyának, király lett Jehóácház, Jéhú fia, Izraél fölött Sómrónban, tizenhét évig.
၁ယုဒ ရှင်ဘုရင် အာခဇိ သား ယောရှ နန်းစံ နှစ်ဆယ် သုံး နှစ် တွင် ၊ ယေဟု သား ယောခတ် သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခုနစ် နှစ် စိုးစံ၏
2 És tette azt, ami rossz az Örökkévaló szemeiben; járt Járobeámnak, Nebót fiának vétkei szerint, aki vétkezésre indította Izraélt: s nem tért attól.
၂ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက် လေ၏
3 Föllobbant az Örökkévaló haragja Izraél ellen és adta. őket Chazáélnek, Arám királyának kezébe és Ben-Hadádnak, Chazáél fiának kezébe minden időben.
၃ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ၊ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိ ရှင်ဘုရင် ဟာဇေလ နှင့် သူ၏သား ဗင်္ဟာဒဒ် လက် သို့ ဣသရေလအမျိုးကို အပ် တော်မူ၏
4 De könyörgött Jehóácház az Örökkévalóhoz, és hallgatott reá az Örökkévaló, mert látta Izraélnek elnyomását, hogy elnyomta őket Arám királya.
၄တဖန် ယောခတ် သည် ထာဝရဘုရား ကို တောင်းပန် လေ၏။ ရှုရိ ရှင်ဘုရင် ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန် ခံရကြောင်း ကို ထာဝရဘုရား သည် မြင် ၍ ယောခတ်စကားကို နားထောင် တော်မူ၏
5 És adott az Örökkévaló Izraélnek segítőt, hogy megszabadultak Arám keze alól és laktak Izraél fiai a sátraikban, mint tegnap, tegnapelőtt.
၅ရှုရိ ရှင် ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်း ရာတွင် လွင့်သောအမှုန့် ကဲ့သို့ ဖြစ် စေသဖြင့် ၊ မြင်းစီး သူရဲ၊ ငါးကျိပ် ၊ ရထား တဆယ် ၊ ခြေ သည်သူရဲတသောင်း ကိုသာ ယောခတ် ၌ ကြွင်း စေ၏
6 Csakhogy nem tértek el Járobeám házának vétkeitől, aki vétkezésre indította Izraélt, aszerint jártak; még az Aséra is fennmaradt Sómrónban.
၆ထို့ကြောင့် ထာဝရဘုရား သည် ကယ်တင် သော သခင်ကိုပေး တော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက် မှ ထွက်မြောက် ၍ အထက် ကနည်းတူ မိမိ တို့နေရာ ၌ နေ ရကြ၏
7 Mert nem hagyott Jehóáchaznak népet, kivéve ötven lovast, tíz szekeret és tízezer gyalogost; mert megsemmisítette őket Arám királya és porképpen letaposta őket.
၇သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် မင်းမျိုး ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက်ကြ၏။ ရှမာရိ မြို့၌ လည်း အာရှရ ပင် ရှိသေး၏
8 Jehóácház egyéb dolgai pedig és mindaz, a mit tett és hőstettei, nemde meg vannak írva Izraél királyai történetének könyvében.
၈ယောခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
9 És feküdt Jehóácház ősei mellé és eltemették Sómrónban. És király lett helyette fia Jóás.
၉ယောခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သားတော် ယဟောရှ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
10 Jóásnak, Jehúda királyának harminchetedik évében király lett Jehóás, Jehóácház fia, Izraél fölött Sómrónban, tizenhat évig.
၁၀ယုဒ ရှင်ဘုရင် ယောရှ နန်းစံ သုံးဆယ် ခုနစ် နှစ် တွင် ၊ ယောခတ် သား ယဟောရှ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခြောက် နှစ် စိုးစံ၏
11 És tette azt, a mi rossz az Örökkévaló szemeiben, nem tért el mind a vétkeitől Járobeámnak, Nebát fiának, a ki vétkezésre indította Izraélt; a szerint járt.
၁၁ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကိုမ ရှောင် ၊ အကုန်အစင် လိုက်လေ၏
12 Jóás egyéb dolgai pedig és mind az, amit tett és hőstettei, a hogy Amacjával, Jehúda királyával harcolt, nemde meg vannak írva Izraél királyai történetének könyvében.
၁၂ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ ၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏
13 És feküdt Jóás ősei mellé, Járobeam pedig ült az ő trónjára. És eltemették Jóást Sómrónban Izraél királyai mellé.
၁၃ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်း ကိုခံ လေ၏။ သားတော်ယေရောဗောင် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
14 Elísá pedig beteg lett azzal a betegséggel, melybe majdan belehalt. És lement hozzá Jóás, Izraél királya, sírt előtte és mondta: Atyám, atyám, Izraél szekérhadai és lovasai!
၁၄ထိုအခါ ဧလိရှဲ သည် သေနာ စွဲ၍ နာ နေစဉ် တွင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သည်လာ ၍ သူ့ ရှေ့ မှာ ငိုကြွေး လျက် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဆို ၏
15 Mondta neki Elísá: Hozz íjat és nyilakat! És hozott neki íjat és nyilakat.
၁၅ဧလိရှဲ ကလည်း ၊ လေး နှင့် မြှား တို့ကို ယူ လော့ဟု ဆို သည်အတိုင်း ရှင်ဘုရင်ယူ ၏
16 Erre mondta Izraél királyának: Ereszd rá kezedet az íjra! És rá eresztette kezét; akkor tette Elísá a maga kezeit a király kezeire.
၁၆လေး ကိုတင် လော့ဟု တဖန် ဆို သည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲ သည် မိမိ လက် ကို ရှင်ဘုရင် လက် ပေါ် မှာ တင် လျက်၊ “
17 És mondta: Nyisd ki az ablakot a kelet felé! Kinyitotta. És mondta Elísá: Lőj! Lőtt. Ekkor mondta: Győzelem nyila az Örökkévalónak és győzelem nyila Arám ellen: meg fogod verni Arámot Afékban végpusztulásig.
၁၇အရှေ့ ပြတင်းပေါက် ကို ဖွင့် လော့ဟုဆို ၍ ဖွင့် လေ၏။ ပစ် လော့ဟုဆို သည်အတိုင်း ရှင်ဘုရင်သည် ပစ် လေ၏။ ဧလိရှဲ ကလည်း ၊ ထာဝရဘုရား ကယ်တင် တော်မူရာမြှား ၊ ရှုရိ မင်းလက်မှ ကယ်နှုတ် ရာမြှား ဖြစ်၏။ အာဖက် မြို့၌ ရှုရိ လူတို့ကို အကုန်အစင် လုပ်ကြံ ရ လိမ့်မည်ဟု ဆို ၏
18 És mondta: Hozd a nyilakat! Hozta. Erre mondta Izraél királyának: Üss a földre! Ütött háromszor és abban hagyta.
၁၈မြှား တို့ကိုယူ ဦးလော့ဟု တဖန် ဆို သည်အတိုင်း ၊ ရှင် ဘုရင်သည် ယူ ၏။ မြေ ပေါ်သို့ ရိုက် လော့ဟုဆို ၍ သုံး ကြိမ် ရိုက် လေ၏
19 És megharagudott reá az Isten embere és mondta: Ütni kellett volna ötször vagy hatszor, akkor megverted volna Arámot végpusztulásig; most azonban háromszor fogod megverni Arámot.
၁၉ထိုအခါ ဘုရား သခင်၏လူ သည် အမျက် ထွက်၍ ၊ အဘယ်ကြောင့်ငါး ကြိမ်ခြောက် ကြိမ်မရိုက် သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိ လူတို့ကို အကုန်အစင်လုပ်ကြံ ရ လိမ့်မည်။ ယခု မူကား ၊ သုံး ကြိမ် သာ လုပ်ကြံ ရလိမ့်မည်ဟု ဆို ၏
20 Meghalt Elísá és eltemették; Móáb csapatjai pedig bejöttek az országba, a mint fordult az esztendő.
၂၀ဧလိရှဲ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံပြီးမှ ၊ နောင် နှစ် တွင် မောဘ တပ်သား တို့သည် ဣသရေလပြည် ကို တိုက်လာ ကြ၏
21 És volt, ők éppen temettek egy embert, íme látták a csapatot és bedobták azt az embert Elísá sírjába, és midőn oda került az ember és megérintette Elísá csontjait, megelevenedett és lábaira állott.
၂၁ဣသရေလလူတို့သည် လူ တယောက်ကို သင်္ဂြိုဟ် စဉ်တွင်၊ မောဘတပ် လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲ သင်္ချိုင်း တွင်း၌ ချ ထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုး တို့ကို ထိ သောအခါ ၊ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ ၏
22 Chazáél pedig, Arám királya, elnyomta Izraélt Jehóácház minden napjaiban.
၂၂ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ယောခတ် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ ၏
23 De megkegyelmezett nekik az Örökkévaló, irgalmazott nekik és feléjük fordult Ábrahámmal, Izsákkal és Jákóbbal való szövetsége kedvéért; nem akarta elpusztítani őket, nem vetette el őket színe elől mind ez ideig.
၂၃ထာဝရဘုရား သည် သူ တို့ကို သနား စုံမက်၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ် ကို အောက်မေ့ လျက် သူ တို့ကို မ ဖျက်ဆီး ၊ အထံ တော်မှ မ နှင်ထုတ် သေးဘဲ ကြည့်ရှု ပြုစုတော်မူ၏
24 Meghalt Chazáél, Arám királya és király lett helyette fia, Ben-Hadád.
၂၄ရှုရိ ရှင်ဘုရင် ဟာဇေလ သေ ၍ ၊ သားတော် ဗင်္ဟာဒဒ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
25 És visszavette Jehóás Jehóácház fia, Ben Hadádnak, Chazáél fiának kezéből ama városokat, melyeket elvett volt atyjának, Jehóácháznak kezéből a háborúban. Háromszor verte őt meg Jóás és visszavette Izraél városait.
၂၅ဟာဇေလသည် စစ်တိုက်၍ ယောခတ် မင်း လက် မှ နှုတ်ယူ သော မြို့ ရွာတို့ကို ယောခတ် သား ယဟောရှ သည် ဟာဇေလ သား ဗင်္ယာဒဒ် လက် မှ နှုတ်ယူ ၏။ သုံး ကြိမ် တိုင်အောင်ယဟောရှ သည်နိုင်၍ ဣသရေလ မြို့ ရွာတို့ကို ရပြန်လေ၏