< 1 Sámuel 25 >

1 Meghalt Sámuel, és összegyűlt egész Izrael, gyászt tartottak fölötte és eltemették házában, Rámában. – Fölkelt Dávid és lement Párán pusztájába.
ထိုနောက် ရှမွေလ သေ သောအခါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် စည်းဝေး ၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့် ၊ ရာမ မြို့တွင် သူ ၏အိမ် ၌ သင်္ဂြိုဟ် ကြ၏။ ဒါဝိဒ် သည် ထ ၍ ပါရန် တော သို့ သွား လေ၏။
2 Volt egy ember Máónban, gazdasága pedig Karmellben; ez ember igen nagy volt: volt ugyanis neki háromezer juha és ezer kecskéje. És ő Karmellben volt, mikor juhait nyírták.
ထိုအခါ မောန အရပ်၌ နေ၍ ကရမေလ မြို့၌ ဥစ္စာ များ သော သူ တဦးရှိ၏။ ထိုသူသည်လူ ကြီး ဖြစ်၍ ၊ သိုး သုံး ထောင် ၊ ဆိတ် တထောင် ကို ရတတ်၏။ ကရမေလ မြို့မှာ သိုး မွေးကို ညှပ် ၍နေ၏။
3 Az embernek neve Nábál s feleségének neve Abígájil; az asszony jó eszű és szép alakú volt, a férfi pedig durva volt és rossz cselekedetű – ő Kálébbeli volt.
ထိုသူ ၏အမည် ကား နာဗလ ၊ သူ ၏မယား အမည် ကား အဘိဂဲလ တည်း။ ထိုမိန်းမ သည် ဉာဏ် ကောင်း ၍ အဆင်း လည်းလှ ၏။ ယောက်ျား မူကား ခက်ထန် သော သဘောရှိ၏။ ဆိုး သောအမှု ကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။
4 Hallotta Dávid a pusztában, hogy Nábál a juhait nyírja;
နာဗလ သည် သိုး မွေးညှပ် ၍ နေကြောင်း ကို ဒါဝိဒ် သည် တော ၌ ကြား လျှင်၊
5 akkor küldött Dávid tíz legényt, és mondta Dávid a legényeknek: Menjetek föl Karmellbe és midőn Nábálhoz elértek, kérdezzétek meg nevemben békéjéről.
လုလင် တကျိပ် တို့ကို ခေါ်၍ နာဗလ ရှိရာ ကရမေလ မြို့သို့ သွား ကြတော့။
6 És mondjátok: ekképpen az életre! Te is békében, házad is békében, és minden, ami a tied, békében!
စည်းစိမ်ကြီးသော ထိုသူကို ငါ့ ကိုယ်စားနှုတ်ဆက် ၍ ပြော ရမည်မှာ၊ ကိုယ်တော် မှစ၍ကိုယ်တော် ၏အိမ် ၊ ကိုယ်တော် နှင့် ဆိုင်သမျှ တို့၌ ချမ်းသာ ရှိပါစေသော။
7 Most pedig, hallottam hogy nyírnak nálad; tehát, a te pásztoraid velünk voltak, nem bántottuk meg őket és nem hiányzott nekik semmi mindama napokban, hogy Karmellben voltak;
ကိုယ်တော် ၌ သိုးမွေးညှပ် သော သူများရှိကြောင်း ကို အကျွန်ုပ်ကြား ပါ၏။ အကျွန်ုပ် တို့နှင့်အတူ နေ သောကိုယ်တော် ၏ သိုးထိန်း တို့ကို အကျွန်ုပ်တို့သည် မ ပြစ်မှား ပါ။ သူတို့သည် ကရမေလ မြို့မှာ နေ သောကာလ ပတ်လုံး၊ သူ တို့ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။
8 kérdezd meg legényeidet, majd megmondják neked – találjanak hát legényeim kegyet szemeidben, mert szerencsés napra jöttünk; add, kérlek, azt amit talál kezed, szolgáidnak és fiadnak Dávidnak.
ကိုယ်တော် ၏ လုလင် တို့ကို မေးမြန်း ပါတော့။ သူတို့သည် ပြော ကြပါလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်၏ လုလင် တို့သည် ရှေ့ တော်၌ မျက်နှာ ရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာ နေ့ ၌ ရောက် ပါ၏။ လက် တော်၌ ရှိ သမျှကို ကိုယ်တော် ကျွန် များ၊ ကိုယ်တော် ၏သား ဒါဝိဒ် အား သနား တော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက် ၏။
9 Odajöttek Dávid legényei és beszéltek Nábálhoz mind e szavak szerint Dávid nevében, és megálltak.
ဒါဝိဒ် ၏ လုလင် တို့သည် နာဗလ ထံသို့ ရောက် သောအခါ ၊ ဒါဝိဒ် မှာထားသမျှ သောစကား တို့ကို ပြန်ပြော ပြီးလျှင် တိတ်ဆိတ် စွာ နေကြ၏။
10 Felelt Nábál Dávid szolgáinak és mondta: Kicsoda Dávid és kicsoda Jisáj fia? Manapság sokan vannak a szolgák, akik megugranak kiki ura. elől.
၁၀နာဗလ ကလည်း ၊ ဒါဝိဒ် ကား အဘယ်သူ နည်း။ ယေရှဲ ၏သား ကား အဘယ်သူ နည်း။ ယခုကာလ ၌သခင် ကို ပုန်ကန် သော ကျွန် များ ပါတကား။
11 Majd veszem kenyeremet és vizemet és levágott marhámat, amit levágtam nyíróim számára, hogy odaadjam embereknek, kikről nem tudom, honnan valók.
၁၁ငါသည် ငါ့ သိုးမွေးကို ညှပ် သောသူတို့အဘို့ ပြင်ဆင် သော ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ အမဲသား ကို ယူ ၍ ငါမ သိ သော လူ တို့အား ပေး ရမည်လောဟု ဒါဝိဒ် ၏ လုလင် တို့အားပြောဆို ၏။
12 Erre elfordultak Dávid legényei útjukra; visszatértek, eljutottak és megmondták neki mind e szavak szerint.
၁၂ဒါဝိဒ် ၏ လုလင် တို့သည် လှည့် သွား၍ ထို စကား အလုံးစုံ တို့ကို ဒါဝိဒ်အား ပြန်လျှောက် ကြ၏။
13 Ekkor mondta Dávid az ő embereinek: Kössétek föl kiki az ő kardját! És felkötötték kiki a kardját, és felkötötte Dávid is a kardját; és fölmentek Dávid után mintegy négyszáz ember, kétszázan pedig maradtak a poggyász mellett.
၁၃ဒါဝိဒ် ကလည်း ၊ လူ တိုင်း မိမိ ထား ကို ခါး၌စည်း စေဟု မိမိ လူ တို့အား ဆို လျက် မိမိ ထား ကို စည်း လေ၏။ လူ လေး ရာ တို့သည် ဒါဝိဒ် နောက် သို့လိုက် ကြ၏။ နှစ်ရာ တို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေ ကြ၏။
14 De Abígájilnak, Nábál feleségének, tudtára adta egyik legény a legények közül, mondván: Íme, küldött Dávid követeket a pusztából, hogy üdvözöljék urunkat, ő pedig rájuk rontott.
၁၄လုလင် တယောက် သည် နာဗလ မယား အဘိဂဲလ ထံသို့ သွား၍၊ ဒါဝိဒ် သည် အကျွန်ုပ် တို့သခင် ကို နှုတ်ဆက် အံ့သောငှါ တမန် တို့ကို တော မှ စေလွှတ် ၍ ၊ အကျွန်ုပ်တို့သခင်သည် သူ တို့ကို ဆဲ ပါ၏။
15 Ez emberek pedig igen jók hozzánk, nem bántódtunk meg és nem hiányzott nekünk semmi mind ama napokban, hogy velük jártunk, amikor a mezőn voltunk;
၁၅ထိုသူတို့သည် ကျွန်တော် တို့၌ အလွန် ကျေးဇူး ပြုပါပြီ။ ကျွန်တော် တို့သည် တော မှာ နေ ၍ သူ တို့နှင့်ပေါင်းဘော်သော ကာလ ပတ်လုံးအရှုံးမခံ၊ ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။
16 fal voltak körülöttünk éjjel is, nappal is, mind a napokban, hogy velük voltunk, legeltetve a juhokat.
၁၆ကျွန်တော်တို့သည် သိုး ထိန်း ၍ သူ တို့နှင့် ပေါင်းဘော်သော ကာလ ပတ်လုံး၊ သူတို့သည် နေ့ ညဉ့် အစဉ်ကွယ်ကာလျက် နေ ကြပါ၏။
17 Most tehát tudd meg és lásd, mit cselekedjél, mert el van határozva a veszedelem urunk ellen és egész háza ellen; ő pedig alávalóbb, semhogy beszélni lehetne hozzá.
၁၇သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြု သင့်သည်ကို ကြည့်ရှု ဆင်ခြင် ပါတော့။ အကျွန်ုပ် တို့ သခင် နှင့် အိမ်သူ အိမ်သား အပေါင်း တို့၌ ဘေး ပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မ လူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြော မလျှောက်ဝံ့ပါဟု ဆို လေသော်၊
18 Ekkor sietett Abígájil és vett kétszáz kenyeret, két tömlő bort, öt elkészített juhot, öt mérték pörkölt gabonaszemet, száz aszuszőlőlepényt és kétszáz fügelepényt, és rátette a szamarakra.
၁၈အဘိဂဲလ သည် မုန့် လုံးနှစ်ရာ ၊ စပျစ်ရည် ဘူး နှစ် လုံး၊ ချက် ပြီးသော သိုး ငါး ကောင်၊ ပေါက်ပေါက် ငါး ဧဖာ ၊ စပျစ်သီး ခြောက် အပြွတ်တရာ ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာ တို့ကို အလျင်အမြန် ယူ ၍ မြည်း တို့အပေါ် ၌တင် ပြီးလျှင်၊
19 És mondta legényeinek: Vonuljatok előttem, íme én utánatok megyek; férjének, Nábálnak pedig nem mondta meg.
၁၉ငါ့ ရှေ့ မှာ သွား ကြ။ ငါ လိုက် မည်ဟု ကျွန် တို့အား ဆို ၏။ လင် နာဗလ ကို အလျှင်းမ ပြော။
20 Volt pedig, amint ül a szamáron és lemegy a hegy hasadékán, íme, Dávid és emberei lejönnek elejébe, és rájuk talált.
၂၀မြည်း ကို စီး လျက်သွား၍ တောင် ခြေရင်း၌ ဆင်း လှည့်စဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက်တချက်ဆင်းလာ၍ တယောက်နှင့် တယောက်တွေ့ကြုံ ကြ၏။
21 Dávid pedig mondta volt: Bizony hiába óvtam meg mindent, ami ezé a pusztában, nem hiányzott semmi mindabból, ami az övé, de rosszal fizetett nekem jóért.
၂၁ထိုသို့မတွေ့မှီ ဒါဝိဒ် က၊ အကယ် စင်စစ်ထိုသူ ၏ ဥစ္စာ တစုံတခုကိုမျှ မ ပျောက် စေခြင်းငှါ ၊ တော ၌ သူပိုင်သမျှ တို့ကို ငါသည် အချည်းနှီး စောင့် ပါပြီတကား။ ငါ ကောင်း သော အမှုအတွက် ၊ မကောင်း သော အမှုကို သူပြု ပါပြီတကား။
22 Így cselekedjék Isten Dávid ellenségeivel és így folytassa: nem hagyok meg mindabból, ami az övé, a reggel virradtáig egy falra vizelőt.
၂၂နက်ဖြန်မိုဃ်းလင်း သောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထား လျှင် ၊ ထိုမျှမက ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ တို့အား ပြု တော်မူစေသတည်းဟု ဆို နှင့်ပြီ။
23 Midőn meglátta Abígájil Dávidot, sietett és leszállt a szamárról: levetette magát Dávid előtt arcára és leborult földig.
၂၃အဘိဂဲလ သည် ဒါဝိဒ် ကို မြင် သောအခါ ၊ မြည်း ပေါ် က အလျင်အမြန် ဆင်း ပြီးလျှင် ဒါဝိဒ် ရှေ့တွင် မြေ ပေါ် မှာ ဦးညွှတ် ချ၍၊
24 Levetette magát lábaihoz és mondta: Én rajtam, uram, a bűn; hadd beszéljen, kérlek, szolgálód előtted és halljad szolgálód szavait.
၂၄သူ ၏ ခြေရင်း ၌ ဝပ်တွား လျက် ၊ ကျွန်မ သခင် ၊ အပြစ် ရှိသမျှကို ကျွန်မ ခံပါမည်။ ကိုယ်တော် ၏ ကျွန် မသည် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။
25 Ne fordítsa uram, kérlek, a szívét erre az alávaló emberre, lábára, mert amilyen a neve, olyan ő maga: Nábál a neve és aljasság van vele; én pedig, szolgálód, nem láttam Uram legényeit, akiket küldtél.
၂၅ကိုယ်တော် ၏ ကျွန် မစကား ကို နားညောင်း တော်မူပါ။ ထို အဓမ္မ လူ နာဗလ ကို ကျွန်မ သခင် မှတ် တော်မ မူပါနှင့်။ သူ ၏အမည် သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ ၏အမည် ကား နာဗလ ။ သူ ၏ သဘောကား မိုက် ခြင်းဖြစ်သတည်း။ သခင် စေလွှတ် တော်မူသော လုလင် တို့ကို ကိုယ်တော် ကျွန် မသည် မ မြင် ရပါ။
26 Most tehát, uram, él az Örökkévaló és lelked életére, miután visszatartott téged az Örökkévaló attól, hogy vérbűnbe essél és hogy tenkezed segítsen magadnak, most tehát legyenek mint Nábál az ellenségeid és akik rosszra törnek uram ellen;
၂၆ယခု မှာ ကျွန်မ သခင် ၊ ကိုယ်တော်သည် လူအသက် ကို သတ်ခြင်းငှါ မသွား မည်အကြောင်းကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတား တော်မူသည်ဖြစ်၍ ၊ ထာဝရဘုရား အသက် တော် ကိုယ်တော် အသက် လည်း ရှင်တော်မူသည်အတိုင်း ၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော် ၏ ရန်သူ တို့သည် နာဗလ ကဲ့သို့ ဖြစ် ကြပါစေသော။
27 most tehát ez az ajándék, melyet hozott szolgálód uramnak, adassék a legényeknek, akik uram nyomában járnak.
၂၇ယခု မှာ ကိုယ်တော် ၏ ကျွန် မသည် သခင့် ထံသို့ ဆောင် ခဲ့သော လက်ဆောင် ကို ကျွန်မ သခင် နောက်တော်သို့ လိုက် သော လုလင် တို့ အား ပေး စေတော်မူပါ။
28 Bocsásd meg, kérlek, szolgálód vétkét, mert az Örökkévaló uramnak állandó házat fog alapítani, mert uram az Örökkévaló harcait harcolja, valami rossz tehát ne találtassék rajtad élteden át.
၂၈ကိုယ်တော် ၏ ကျွန် မအပြစ် ကို သည်းခံ တော်မူပါ။ ကျွန်မ သခင် သည် ထာဝရဘုရား ဘက်မှာ စစ်တိုက် သောကြောင့် ၎င်း၊ တသက်လုံး ကိုယ်တော် ၌ အပြစ်တင် စရာ အခွင့်မ ရှိ သောကြောင့်၎င်း၊ ထာဝရဘုရား သည် ကျွန်မ ၏သခင် အဘို့ ခိုင်ခံ့ မြဲမြံသော အိမ် ကို တည်ဆောက် တော်မူလိမ့်မည်။
29 Fölkelt egy ember, hogy üldözzön téged és hogy lelkedre törjön; de be lesz kötve uram lelke az élők kötésében az Örökkévalónál, Istenednél; ellenségeid lelkét pedig parittyázza a parittya fenekében!
၂၉ကိုယ်တော် ၏ အသက် ကိုသတ် အံ့သောငှါ လူ အချို့တို့သည် ထ ၍ ရှာ သော်လည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန်မ သခင် ၏ အသက် ကို အသက် ထုပ် ၌ နှောင်ဖွဲ့ တော်မူလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့အသက် ကိုမူကား ၊ လောက်လွှဲ ထဲက ပစ်သကဲ့သို့ပစ် တော်မူလိမ့်မည်။
30 És lesz, midőn tesz az Örökkévaló urammal mind aszerint, ami jót beszélt felőled, és majd rendel téged fejedelmül Izrael fölé:
၃၀ထာဝရဘုရား ဂတိ ထားတော်မူသည်အတိုင်း ၊ ကိုယ်တော် ၌ ကျေးဇူး ပြု၍ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထား တော်မူသောအခါ၊
31 akkor ne legyen ez neked megütközésül, se szívbotlásul uramnak, hogy vért ontottál ok nélkül és hogy uram önmagának segített; s midőn majd jól tesz az Örökkévaló urammal, emlékezzél meg szolgálódról.
၃၁ကျွန်မ ၏ သခင် ကိုယ်တော်သည် အကြောင်း မရှိဘဲ လူအသက် ကိုသတ် မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ ၏ သခင် ကိုယ်တော်သည် စိတ် ညှိုးငယ် ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ၌ ကျေးဇူး ပြုတော်မူပြီးမှ ၊ ကိုယ်တော် ၏ ကျွန် မကို အောက်မေ့ တော်မူပါဟု လျှောက် လေ၏။
32 Mondta Dávid Abígájilnak: Áldva legyen az Örökkévaló, Izrael Istene, aki küldött téged e napon elémbe;
၃၂ဒါဝိဒ် ကလည်း ၊ ယနေ့ ငါ နှင့် တွေ့ စေခြင်းငှါ ၊ သင့် ကို စေလွှတ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
33 és áldott legyen eszed és áldott légy te magad, hogy meggátoltál e napon, hogy ne essem vérbűnbe és ne kezem segítsen magamnak.
၃၃သင် ပေးသောအကြံ လည်း မင်္ဂလာ ရှိစေသတည်း။ ယနေ့ ငါသည် လူအသက် ကိုသတ် အံ့သောငှါ၊ မသွား ရမည်အကြောင်း၊ ကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်းဆီးတား သောသင် သည်လည်း မင်္ဂလာ ရှိစေသတည်း။
34 Azonban, él az Örökkévaló, Izrael Istene, aki visszatartott engem attól, hogy veled rosszul bánjak: bizony, ha nem siettél és nem jöttél volna elém, bizony nem maradt volna Nábálnak reggel virradtáig falra vizelője.
၃၄အကယ် စင်စစ်သင့် ကို ငါ မညှင်းဆဲ ရမည်အကြောင်း၊ ဆီးတား တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင်သည်ငါ နှင့် တွေ့ ခြင်းငှါ အလျင်အမြန် မ လာ လျှင် ၊ အကယ် စင်စစ်နက်ဖြန် မိုဃ်းလင်း သောအခါ၊ နာဗလ ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန် ၍မ ထားဟု အဘိဂဲလ အား ပြောဆို လျက်၊
35 És elfogadta Dávid a kezéből amit hozott neki; őneki pedig mondta: Menj föl békében házadba, lásd, hallgattam szavadra és tekintetbe vettelek.
၃၅သူဆောင် ခဲ့သော လက်ဆောင်ကို သူ ၏လက် မှ ခံယူ ၍ ၊ သင် သည် နေရာအိမ် သို့ ငြိမ်ဝပ် စွာသွား လော့။ သင် ၏စကား ကို ငါနားထောင် ပြီ။ သင် ၏ မျက်နှာ ကိုလည်း ထောက် ၍ နေမည်ဟုဆို လေ၏။
36 Eljutott Abígájíl Nábálhoz és íme, neki lakomája volt házában, mint a király lakomája, Nábálnak a szíve vidám volt és őfelette részeg volt; de nem mondott meg neki semmit, sem kicsinyt sem nagyot, reggel virradtáig.
၃၆အဘိဂဲလ သည်လည်း နာဗလ ထံသို့ ပြန် သွား၍ ၊ သူသည် ရှင်ဘုရင် ၏ ပွဲ ကဲ့သို့ သော ပွဲ ကို မိမိ အိမ် ၌ ခံသဖြင့်၊ ယစ်မူး ၍ စိတ် ရွှင်လန်း လျက်နေသောကြောင့်၊ မိုဃ်း မ လင်းမှီ မယားသည် အလျှင်းမ ပြော။
37 Volt pedig reggel, mikor elszállt a bor Nábálból, megmondta neki felesége e dolgokat; erre elhalt benne a szíve, s ő maga kővé lett.
၃၇မိုဃ်းလင်း ၍ နာဗလ သောက်သော စပျစ်ရည် အရှိန်ကုန် သောအခါ ၊ ထို အမှု များကို မယား ပြော သဖြင့် သူသည်နှလုံး သေ ၍ ကျောက် ကဲ့သို့ ဖြစ် ၏။
38 És történt mintegy tíz nap múlva, megverte az Örökkévaló Nábált, és meghalt.
၃၈ဆယ် ရက် လောက်လွန်မှ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် နာဗလ သေ ၏။
39 Midőn hallotta Dávid, hogy Nábál meghalt, mondta: Áldva legyen az Örökkévaló, aki viselte gyalázásom ügyét Nábál ellenében, szolgáját pedig visszatartotta rossztól és Nábál rosszaságát visszatérítette az Örökkévaló az ő fejére. Erre küldött Dávid és megkérte Abígájilt, hogy magának feleségül vegye.
၃၉နာဗလ သေ ကြောင်း ကို ဒါဝိဒ် ကြား သောအခါ ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအမှု ကို စောင့် ၍ နာဗလ လက် မှ နှုတ်တော်မူ၍၊ ကိုယ်တော် ကျွန် ကို ဒုစရိုက် နှင့် ကင်းလွှတ် စေတော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထာဝရဘုရား သည် နာဗလ ပြုသော ဒုစရိုက် ကို သူ့ ခေါင်း ပေါ် သို့ ပြန် ရောက်စေတော်မူပြီဟု ဆို ၏။ တဖန် လူကို စေလွှတ် ၍ အဘိဂဲလ နှင့် လက်ထပ် ခြင်းငှါ နှုတ်ဆက် လေ၏။
40 Eljöttek Dávid szolgái Abígájilhoz Karmellbe és beszéltek hozzá, mondván: Dávid küldött bennünket hozzád, hogy téged magának feleségül vegyen.
၄၀ဒါဝိဒ် ၏ ကျွန် တို့သည် အဘိဂဲလ ရှိရာ ကရမေလ မြို့သို့ ရောက် သောအခါ ၊ ဒါဝိဒ် သည် သခင်မနှင့် လက်ထပ် ခြင်းငှါ ကျွန်တော် တို့ကို စေလွှတ် ပါပြီဟု ပြောဆို လျှင်၊
41 Fölkelt, arccal földre borult és mondta: Itt a szolgálód rabnőül, hogy uram szolgáinak lábait mossa.
၄၁အဘိဂဲလသည် ထ ၍ မြေ ပေါ်မှာ ပြပ်ဝပ် လျက် ၊ ကျွန် မသည် ကျွန်မ သခင် ၏ ကျွန် တို့ ခြေ ကို ဆေး သော ကျွန် မိန်းမဖြစ်စေသောဟု ဆို ပြီးမှ၊
42 Ekkor sietett és fölkelt Abígájil, felült a szamárra, meg öt leányzója, kik nyomában mentek; ment Dávid követei után és lett neki feleségül.
၄၂အလျင်အမြန် ထ ၍ မိမိ နောက်လိုက် ကျွန် မငါး ယောက်ပါလျက် မြည်း စီး သဖြင့် ၊ ဒါဝိဒ် စေလွှတ် သော လူတို့နှင့်တကွ လိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ် လေ၏။
43 Achínóamot pedig elvette volt Dávid Jizreélből, és voltak mindketten neki feleségül.
၄၃ဒါဝိဒ် သည် ယေဇရေလ မြို့သူအဟိနောင် ကိုလည်း သိမ်း ၍ ထိုမိန်းမနှစ် ယောက်တို့သည် သူ ၏ ခင်ပွန်း ဖြစ် ကြ၏။
44 Sául pedig adta volt Míkhál leányát, Dávid feleségét a Gallimból való Paltínak, Lájis fiának.
၄၄ရှောလု သည် မိမိ သမီး ဖြစ်သော ဒါဝိဒ် ၏ မယား မိခါလ ကို၊ ဂလ္လိမ် မြို့သားဖြစ်သော လဲရှ ၏သား ဖာလတိ အား ပေးစား နှင့်ပြီ။

< 1 Sámuel 25 >