< 1 Sámuel 23 >
1 Tudtára adták Dávidnak, mondván: Íme a filiszteusok harcolnak Keíla ellen és ők fosztogatják a szérűket.
၁ဖိလိတ္တိအမျိုးသားတို့သည်ကိလမြို့ကို တိုက်ခိုက်၍ ရိတ်သိမ်းပြီးစကောက်သစ်များ ကိုလုယူသောသတင်းကိုဒါဝိဒ်ကြား လျှင်၊-
2 És megkérdezte Dávid az Örökkévalót, mondván: Menjek-e, hogy megverjem a filiszteusokat? Szólt az Örökkévaló Dávidhoz: Menj és verd meg a filiszteusokat, hogy megsegítsed Keílát.
၂ထာဝရဘုရားအား``ကျွန်တော်မျိုးသည် ဖိလိတ္တိအမျိုးသားတို့ကိုသွားရောက်တိုက် ခိုက်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့။ သူတို့ကို တိုက်ခိုက်၍ ကိလမြို့ကိုကယ်တင်လော့'' ဟုမိန့်တော်မူ၏။
3 De szóltak Dávid emberei hozzá: Mi itt Jehudában félünk, hát még mikor Keílába mennénk, a filiszteusok hadsorai ellen?
၃သို့ရာတွင်ဒါဝိဒ်၏အပေါင်းပါတို့က``ဤ ယုဒပြည်တွင်ပင်လျှင်အကျွန်ုပ်တို့ကြောက် လန့်လျက်နေရကြပါ၏။ ဖိလိတ္တိအမျိုးသား တို့ကိုသွားရောက်တိုက်ခိုက်ပါမူ ပို၍ပင်အခြေ အနေဆိုးရွားပါလိမ့်မည်'' ဟုဆိုကြသဖြင့်၊-
4 Továbbá is megkérdezte Dávid az Örökkévalót; felelt neki az Örökkévaló és mondta: Kelj föl, vonulj le Keílába, mert kezedbe adom a filiszteusokat.
၄ဒါဝိဒ်သည်ထာဝရဘုရားအားတစ်ဖန် လျှောက်ထားမေးမြန်းပြန်၏။ ထာဝရဘုရား က``ကိလမြို့သို့သွားရောက်တိုက်ခိုက်လော့။ ငါ သည်သင့်အားဖိလိတ္တိအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံစေမည်'' ဟုမိန့်တော်မူ၏။-
5 Elment tehát Keílába Dávid meg emberei, harcolt a filiszteusok ellen, elhajtotta jószágukat és megverte őket nagy vereséggel; így megsegítette Dávid Keíla lakóit:
၅ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။
6 Volt pedig, mikor elszökött Ebjátár, Achímélekh fia, Dávidhoz Keílába, lekerült az éfód az ő kezében.
၆အဟိမလက်၏သားအဗျာသာသည်ထွက် ပြေးလွတ်မြာက်ပြီးနောက် ကိလမြို့ရှိဒါဝိဒ် ထံသို့ဝင်ရောက်လာသောအခါ သူသည်မိမိ နှင့်အတူယဇ်ပုရောဟိတ်သင်တိုင်းကိုယူ ဆောင်လာခဲ့၏။
7 Midőn tudtára adták Sáulnak, hogy bement Dávid Keílába, mondta Sául: Kezembe szolgáltatta őt Isten, mert elzárkózott, bemenvén ajtós-reteszes városba.
၇ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။-
8 S egybehívta Sául az egész népet háborúra, hogy levonuljon Keílába, ostromolni Dávidot és embereit.
၈ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
9 Midőn megtudta Dávid, hogy rosszat kohol Sául ellene, szólt Ebjátár paphoz: Hozd ide az éfódot.
၉ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။-
10 És mondta Dávid: Örökkévaló, Izrael Istene, meghallotta szolgád, hogy Keílába szándékszik jönni Sául, hogy megrontsa a várost miattam;
၁၀ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။-
11 ki fognak-e szolgáltatni Keíla urai az ő kezébe? levonul-e Sául, amint hallotta szolgád? Örökkévaló, Izrael Istene, add, kérlek, tudtára szolgádnak! Mondta az Örökkévaló: Levonul.
၁၁ကိလမြို့သားတို့သည်ကျွန်တော်မျိုးအား ရှောလုလက်သို့ပေးအပ်ကြပါမည်လော။ ကျွန် တော်မျိုးကြားရသည့်အတိုင်း ရှောလုသည် အကယ်ပင်လာရောက်ပါမည်လော။ အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကျွန်တော်မျိုးအားဗျာ ဒိတ်ပေးသနားတော်မူပါ'' ဟုလျှောက်၏။ ထာဝရဘုရားက``ရှောလုလာလိမ့်မည်'' ဟု ဖြေကြားတော်မူလျှင်၊
12 És mondta Dávid: Ki fognak-e szolgáltatni Keíla urai engem meg embereimet Sául kezébe? Mondta az Örökkévaló: Ki fognak szolgáltatni.
၁၂ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။ ထာဝရဘုရားက``ပေးအပ်ကြလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
13 Erre fölkelt Dávid meg emberei, mintegy hatszáz ember, kimentek Keílából és jártak, amerre járhattak; Sáulnak pedig tudtára adatott, hogy elmenekült Dávid Keílából, akkor felhagyott a kivonulással.
၁၃ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
14 És letelepedett Dávid a pusztában, a hegyvárakban és maradt a hegységben, Zíf pusztájában; kereste őt Sául minden időben, de nem adta őt Isten a kezébe.
၁၄ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-
15 Így látta Dávid, hogy kivonult Sául, hogy életére törjön. Dávid Zíf pusztájában volt az erdőségben;
၁၅ဒါဝိဒ်သည်မိမိ၏အသက်အန္တရာယ်ကို ရှောလုရှာကြံကြောင်းသိမြင်၏။ ဒါဝိဒ်သည်ဇိဖတောကန္တာရရှိဟောရေရှ အရပ်သို့ရောက်ရှိနေစဉ်၊-
16 akkor fölkelt Jónátán, Sául fia, elment Dávidhoz az erdőségbe és megerősítette kezét Istenben.
၁၆ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
17 Szólt ugyanis hozzá: Ne félj, mert nem fog elérni téged Sául atyámnak keze, te leszel király Izrael fölött, én pedig leszek melletted második; Sául atyám is így tudja ezt.
၁၇``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။-
18 És kötöttek ők ketten szövetséget, az Örökkévaló előtt; s maradt Dávid az erdőségben. Jónátán pedig hazament.
၁၈ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။
19 Fölmentek Zífbeliek Sáulhoz Gibeába, mondván: Nemde Dávid nálunk rejtőzködik a hegyvárakban az erdőségben, Chakhíla dombján, mely a sivatagtól jobbra van.
၁၉ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
20 Most tehát, egészen amint kívánja a lelked, oh király, hogy levonulj, vonulj le és ami dolgunk lesz, őt kiszolgáltatni a király kezébe.
၂၀အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
21 Mondta Sául: Áldva legyetek az Örökkévalótól, hogy megszántatok engem.
၂၁ရှောလုက``ဤသို့ငါ့အပေါ်တွင်ကရုဏာ ထားကြသည့်အတွက် သင်တို့အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။-
22 Menjetek, kérlek, állapítsátok még meg, tudjátok és lássátok az ő helyét, ahol lenni szokott a lába, ki látta őt ott; mert azt mondták nekem, hogy ravaszul viselkedik.
၂၂သင်တို့သည်သွား၍တစ်ဖန်သေချာအောင် ပြုကြလော့။ သူသည်အဘယ်အရပ်တွင်ရှိ သည်ကိုလည်းကောင်း၊ ထိုအရပ်တွင်သူ့အား အဘယ်သူတွေ့ရှိခဲ့သည်ကိုလည်းကောင်း အသေအချာစုံစမ်းကြလော့။ သူသည် အလွန်ပါးနပ်လိမ္မာသည်ဟုငါကြားသိ ရသည်။-
23 Lássátok és tudjátok ki mindenikét azon rejtekeknek, ahol rejtőzni szokott, és térjetek hozzám vissza a megállapodás szerint és majd megyek veletek; és lesz, ha az országban van, kikutatom őt mind a Jehuda ezrei között.
၂၃သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
24 Fölkeltek és elmentek Zífbe Sául előtt; Dávid pedig és emberei Máón pusztájában voltak, a síkságban, jobbra a sivatagtól.
၂၄သို့ဖြစ်၍ထိုသူတို့သည်ရှောလု၏အလျင် ဇိဖအရပ်သို့ပြန်လည်ထွက်ခွာလာခဲ့ကြ ၏။ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်ယေရှိမုန် မြို့တောင်ဘက်၊ အာရဗာချိုင့်ဝှမ်းရှိမောန တောကန္တာရတွင်ရှိနေကြ၏။-
25 Midőn ugyanis elment Sául meg emberei keresésre, tudtára adták Dávidnak, akkor lement a sziklához és maradt Máón pusztájában; hallotta Sául és űzőbe vette Dávidot Máón pusztájában.
၂၅ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။-
26 És ment Sául a hegynek oldalán innen, Dávid pedig meg emberei a hegynek oldalán onnan; és ment Dávid sietséggel Sául elől, Sául pedig és emberei bekerítették Dávidot és embereit, hogy elfogják őket.
၂၆ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
27 De jött egy követ Sáulhoz, mondván: Siess és menj, mert rárontottak a filiszteusok az országra.
၂၇ခြေလျင်တော်သည်ရှောလုထံသို့ရောက်ရှိ လာ၍``ဖိလိတ္တိအမျိုးသားတို့သည်အကျွန်ုပ် တို့၏ပြည်ကိုချင်းနင်းဝင်ရောက်လျက်နေ ပါပြီ။ ချက်ချင်းပြန်၍ကြွတော်မူပါ'' ဟုမင်းကြီးအားလျှောက်ထားသဖြင့်၊-
28 Ekkor visszatért Sául Dávid üldözésétől és ment a filiszteusok ellen. Azért nevezték ama helyet a szétválasztás sziklájának.
၂၈ရှောလုသည်ဒါဝိဒ်ကိုဆက်၍လိုက်လံဖမ်း ဆီးမှုမပြုတော့ဘဲ ဖိလိတ္တိအမျိုးသား တို့အားတိုက်ခိုက်ရန်ချီသွားတော်မူ၏။ ထို အရပ်တွင်သူတို့နှစ်စုအားခွဲခြားထား သည်ကိုအကြောင်းပြု၍ ထိုအရပ်ကို``ခွဲ ခြားထားသောတောင်'' ဟုခေါ်ဝေါ်သမုတ် ကြသတည်း။-
29 Erre fölment onnan Dávid és maradt Én-Gédi hegyváraiban.
၂၉ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။