< रोमियों 11 >

1 इसलिए मैं कहता हूँ, क्या परमेश्वर ने अपनी प्रजा को त्याग दिया? कदापि नहीं! मैं भी तो इस्राएली हूँ; अब्राहम के वंश और बिन्यामीन के गोत्र में से हूँ।
သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော် အား ပစ်​ပယ်​တော်​မူ​ပြီ​လော​ဟု​မေး​သော်​ဧ​ကန် မု​ချ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​ပင်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား၊ အာ​ဗြ​ဟံ​မှ​ဆင်း သက်​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။-
2 परमेश्वर ने अपनी उस प्रजा को नहीं त्यागा, जिसे उसने पहले ही से जाना: क्या तुम नहीं जानते, कि पवित्रशास्त्र एलिय्याह की कथा में क्या कहता है; कि वह इस्राएल के विरोध में परमेश्वर से विनती करता है।
ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။-
3 “हे प्रभु, उन्होंने तेरे भविष्यद्वक्ताओं को मार डाला, और तेरी वेदियों को ढा दिया है; और मैं ही अकेला बच रहा हूँ, और वे मेरे प्राण के भी खोजी हैं।”
ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-
4 परन्तु परमेश्वर से उसे क्या उत्तर मिला “मैंने अपने लिये सात हजार पुरुषों को रख छोड़ा है जिन्होंने बाल के आगे घुटने नहीं टेके हैं।”
သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-
5 इसी रीति से इस समय भी, अनुग्रह से चुने हुए कुछ लोग बाकी हैं।
ယ​ခု​ကာ​လ​၌​လည်း​ဤ​နည်း​အ​တိုင်း​ပင်။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ရွေး​ကောက်​ခြင်း​ခံ ရ​သူ​လူ​အ​နည်း​ငယ်​ကျန်​ရှိ​၏။-
6 यदि यह अनुग्रह से हुआ है, तो फिर कर्मों से नहीं, नहीं तो अनुग्रह फिर अनुग्रह नहीं रहा।
ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။
7 फिर परिणाम क्या हुआ? यह कि इस्राएली जिसकी खोज में हैं, वह उनको नहीं मिला; परन्तु चुने हुओं को मिला और शेष लोग कठोर किए गए हैं।
ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။-
8 जैसा लिखा है, “परमेश्वर ने उन्हें आज के दिन तक मंदता की आत्मा दे रखी है और ऐसी आँखें दी जो न देखें और ऐसे कान जो न सुनें।”
ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
9 और दाऊद कहता है, “उनका भोजन उनके लिये जाल, और फंदा, और ठोकर, और दण्ड का कारण हो जाए।
ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊ ``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။
10 १० उनकी आँखों पर अंधेरा छा जाए ताकि न देखें, और तू सदा उनकी पीठ को झुकाए रख।”
၁၀သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။ သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော'' ဟု​မြွက်​ဆို​တော်​မူ​၏။
11 ११ तो मैं कहता हूँ क्या उन्होंने इसलिए ठोकर खाई, कि गिर पड़ें? कदापि नहीं परन्तु उनके गिरने के कारण अन्यजातियों को उद्धार मिला, कि उन्हें जलन हो।
၁၁သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။-
12 १२ अब यदि उनका गिरना जगत के लिये धन और उनकी घटी अन्यजातियों के लिये सम्पत्ति का कारण हुआ, तो उनकी भरपूरी से कितना न होगा।
၁၂ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ်​ကူး​မှု​သည်​ကမ္ဘာ အား ကြွယ်​ဝ​စွာ​ကောင်း​ချီး​ခံ​စား​စေ​သည်။ သူ တို့​၏​ဆုံး​ရှုံး​မှု​သည်​လူ​မျိုး​ခြား​တို့​အား​ကောင်း ချီး​များ​စွာ​ခံ​စား​စေ​ပါ​လျှင် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​က​ခ​ရစ်​တော်​ကို​ယုံ​ကြည်​လက်​ခံ လာ​ကြ​သော​အ​ခါ​ပို​၍​ပင်​ကောင်း​ချီး​ခံ​စား ရ​ကြ​လိမ့်​မည်။
13 १३ मैं तुम अन्यजातियों से यह बातें कहता हूँ। जबकि मैं अन्यजातियों के लिये प्रेरित हूँ, तो मैं अपनी सेवा की बड़ाई करता हूँ,
၁၃လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။-
14 १४ ताकि किसी रीति से मैं अपने कुटुम्बियों से जलन करवाकर उनमें से कई एक का उद्धार कराऊँ।
၁၄ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။-
15 १५ क्योंकि जबकि उनका त्याग दिया जाना जगत के मिलाप का कारण हुआ, तो क्या उनका ग्रहण किया जाना मरे हुओं में से जी उठने के बराबर न होगा?
၁၅ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။
16 १६ जब भेंट का पहला पेड़ा पवित्र ठहरा, तो पूरा गूँधा हुआ आटा भी पवित्र है: और जब जड़ पवित्र ठहरी, तो डालियाँ भी ऐसी ही हैं।
၁၆မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။-
17 १७ और यदि कई एक डाली तोड़ दी गईं, और तू जंगली जैतून होकर उनमें साटा गया, और जैतून की जड़ की चिकनाई का भागी हुआ है।
၁၇လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။-
18 १८ तो डालियों पर घमण्ड न करना; और यदि तू घमण्ड करे, तो जान रख, कि तू जड़ को नहीं, परन्तु जड़ तुझे सम्भालती है।
၁၈သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။
19 १९ फिर तू कहेगा, “डालियाँ इसलिए तोड़ी गई, कि मैं साटा जाऊँ।”
၁၉သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။-
20 २० भला, वे तो अविश्वास के कारण तोड़ी गईं, परन्तु तू विश्वास से बना रहता है इसलिए अभिमानी न हो, परन्तु भय मान,
၂၀သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-
21 २१ क्योंकि जब परमेश्वर ने स्वाभाविक डालियाँ न छोड़ी, तो तुझे भी न छोड़ेगा।
၂၁ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-
22 २२ इसलिए परमेश्वर की दयालुता और कड़ाई को देख! जो गिर गए, उन पर कड़ाई, परन्तु तुझ पर दयालुता, यदि तू उसमें बना रहे, नहीं तो, तू भी काट डाला जाएगा।
၂၂ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။-
23 २३ और वे भी यदि अविश्वास में न रहें, तो साटे जाएँगे क्योंकि परमेश्वर उन्हें फिर साट सकता है।
၂၃ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​ယုံ​ကြည်​သော စိတ်​စွန့်​၍​ယုံ​ကြည်​ကြ​မည်​ဆို​ပါ​က အ​ငုတ် တွင်​ပြန်​လည်​ကိုင်း​ဆက်​စိုက်​ပျိုး​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို ပြု​တော်​မူ​နိုင်​၏။-
24 २४ क्योंकि यदि तू उस जैतून से, जो स्वभाव से जंगली है, काटा गया और स्वभाव के विरुद्ध अच्छी जैतून में साटा गया, तो ये जो स्वाभाविक डालियाँ हैं, अपने ही जैतून में साटे क्यों न जाएँगे।
၂၄လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​မိ​မိ​တို့​၏ န​ဂို​မူ​ရင်း​ရိုင်း​သော​သံ​လွင်​မှ​ခုတ်​ဖြတ်​၍ သင် တို့​၏​န​ဂို​မူ​ရင်း​မ​ဟုတ်​သည့်​ယဉ်​သော​သံ​လွင် တွင်​ကိုင်း​ဆက်​စိုက်​ပျိုး​တော်​မူ​ပါ​လျှင် ယဉ်​သော သံ​လွင်​၏​န​ဂို​မူ​ရင်း​အ​ကိုင်း​များ​ဖြစ်​သည့် ယု​ဒ​အ​မျိုး​သား​တို့​အား မူ​ရင်း​သံ​လွင်​ပင် တွင်​ပို​မို​လွယ်​ကူ​စွာ​ပြန်​လည်​ကိုင်း​ဆက် စိုက်​ပျိုး​တော်​မူ​မည်​မ​ဟုတ်​လော။
25 २५ हे भाइयों, कहीं ऐसा न हो, कि तुम अपने आपको बुद्धिमान समझ लो; इसलिए मैं नहीं चाहता कि तुम इस भेद से अनजान रहो, कि जब तक अन्यजातियाँ पूरी रीति से प्रवेश न कर लें, तब तक इस्राएल का एक भाग ऐसा ही कठोर रहेगा।
၂၅ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-
26 २६ और इस रीति से सारा इस्राएल उद्धार पाएगा; जैसा लिखा है, “छुड़ानेवाला सिय्योन से आएगा, और अभक्ति को याकूब से दूर करेगा।
၂၆ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊ ``ကယ်​တင်​ရှင်​သည်​ဇိ​အုန်​တောင်​မှ​ကြွ​လာ​ပြီး လျှင်၊ ယာ​ကုပ်​၏​သား​မြေး​များ​ထံ​မှ၊ဆိုး​ညစ်​မှု အ​ပေါင်း​ကို ပယ်​ရှား​တော်​မူ​လိမ့်​မည်။
27 २७ और उनके साथ मेरी यही वाचा होगी, जबकि मैं उनके पापों को दूर कर दूँगा।”
၂၇ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ပယ်​ရှား​သော အ​ခါ သူ​တို့​နှင့်​ဤ​ပ​ဋိ​ညာဉ်​ကို​ပြု​မည်။'' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​သည်။-
28 २८ सुसमाचार के भाव से तो तुम्हारे लिए वे परमेश्वर के बैरी हैं, परन्तु चुन लिये जाने के भाव से पूर्वजों के कारण प्यारे हैं।
၂၈သ​တင်း​ကောင်း​ကို​ပစ်​ပယ်​ကြ​သည့်​အ​တွက် ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​၏ ရန်​သူ​ဖြစ်​လာ​ကြ​၏။ ယင်း​သို့​ဖြစ်​လာ​ခြင်း သည်​လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​၏​အ​ကျိုး အ​တွက်​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​သူ​တို့​ကို​ရွေး​ချယ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​ဘိုး​ဘေး​များ​ကို​ထောက်​ထား​လျက် သူ​တို့​အား​ချစ်​တော်​မူ​သေး​၏။-
29 २९ क्योंकि परमेश्वर अपने वरदानों से, और बुलाहट से कभी पीछे नहीं हटता।
၂၉ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။-
30 ३० क्योंकि जैसे तुम ने पहले परमेश्वर की आज्ञा न मानी परन्तु अभी उनके आज्ञा न मानने से तुम पर दया हुई।
၃၀လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​သည်​အ​ခါ​တစ်​ပါး က​ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ကို​မ​နာ​ခံ​ခဲ့ ကြ။ သို့​သော်​လည်း​ယ​ခု​အ​ခါ​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​သည်​မှာ ယု​ဒ အ​မျိုး​သား​တို့​သည်​ကိုယ်​တော်​၏​စ​ကား တော်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
31 ३१ वैसे ही उन्होंने भी अब आज्ञा न मानी कि तुम पर जो दया होती है इससे उन पर भी दया हो।
၃၁ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ကြ​ရ​ခြင်း​ကြောင့် ယု​ဒ အ​မျိုး​သား​တို့​သည်​က​ရု​ဏာ​တော်​ကို​မိ​မိ တို့​လည်း​ခံ​စား​ရ​အံ့​သော​ငှာ ဘု​ရား​သ​ခင် ၏​စ​ကား​တော်​ကို​ယ​ခု​အ​ခါ​မ​နာ​ခံ​ဘဲ နေ​ကြ​၏။-
32 ३२ क्योंकि परमेश्वर ने सब को आज्ञा न मानने के कारण बन्द कर रखा है ताकि वह सब पर दया करे। (eleēsē g1653)
၃၂လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။ (eleēsē g1653)
33 ३३ अहा, परमेश्वर का धन और बुद्धि और ज्ञान क्या ही गम्भीर है! उसके विचार कैसे अथाह, और उसके मार्ग कैसे अगम हैं!
၃၃ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-
34 ३४ “प्रभु कि बुद्धि को किसने जाना? या उनका मंत्री कौन हुआ?
၃၄ကျမ်း​စာ​တော်​က၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။
35 ३५ या किसने पहले उसे कुछ दिया है जिसका बदला उसे दिया जाए?”
၃၅ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင် အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​ကျေး​ဇူး​ပြု​ဖူး သ​နည်း'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
36 ३६ क्योंकि उसकी ओर से, और उसी के द्वारा, और उसी के लिये सब कुछ है: उसकी महिमा युगानुयुग होती रहे। आमीन। (aiōn g165)
၃၆ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ (aiōn g165)

< रोमियों 11 >