< भजन संहिता 19 >

1 प्रधान बजानेवाले के लिये दाऊद का भजन आकाश परमेश्वर की महिमा वर्णन करता है; और आकाशमण्डल उसकी हस्तकला को प्रगट करता है।
မိုး​ကောင်း​ကင်​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင်​စေ​၍ ကိုယ်​တော်​၏ လက်​ရာ​တော်​တို့​ကို​ထင်​ရှား​စွာ​ဖော်​ပြ​၏။
2 दिन से दिन बातें करता है, और रात को रात ज्ञान सिखाती है।
ဤ​အ​ကြောင်း​ကို​တစ်​နေ့​ကို​တစ်​နေ့၊တစ်​ည​ကို​တစ်​ည လက်​ဆင့်​ကမ်း​ကြေ​ညာ​ကြ​ပေ​သည်။
3 न तो कोई बोली है और न कोई भाषा; जहाँ उनका शब्द सुनाई नहीं देता है।
အ​ဘယ်​သို့​မှ​နှုတ်​ဖြင့်​မ​မြွက်​မ​ဆို၊ စ​ကား​လည်း​မ​ပြော၊ မည်​သည့်​အ​သံ​ကို​မျှ​မ​ပြု​သော်​လည်း
4 फिर भी उनका स्वर सारी पृथ्वी पर गूँज गया है, और उनका वचन जगत की छोर तक पहुँच गया है। उनमें उसने सूर्य के लिये एक मण्डप खड़ा किया है,
နေ့​နှင့်​ည​မှ​ထွက်​ပေါ်​လာ​သည့်​အ​သံ​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ပျံ့​နှံ့​သွား​လျက် ယင်း​တို့​ကြေ​ညာ​သော​စ​ကား​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​လေ​၏။ ဘု​ရား​သ​ခင်​သည်​နေ​၏​အ​တွက်​မိုး​ကောင်း ကင်​၌ ဗိ​မာန်​တစ်​ဆောင်​ကို​တည်​တော်​မူ​၏။
5 जो दुल्हे के समान अपने कक्ष से निकलता है। वह शूरवीर के समान अपनी दौड़ दौड़ने में हर्षित होता है।
မိ​မိ​အိပ်​ခန်း​မှ​ထွက်​၍​လာ​သော​မင်္ဂ​လာ ဆောင် သ​တို့​သား​ကဲ့​သို့​လည်း​ကောင်း၊ အ​ပြေး​ပြိုင်​ရန်​ဆန္ဒ​စော​လျက်​ရှိ​သည့် အား​က​စား​သ​မား​ကဲ့​သို့​လည်း​ကောင်း နေ​သည်​ထွက်​ပြူ​လာ​၏။
6 वह आकाश की एक छोर से निकलता है, और वह उसकी दूसरी छोर तक चक्कर मारता है; और उसकी गर्मी से कोई नहीं बच पाता।
သူ​သည်​မိုး​ကောင်း​ကင်​တစ်​စွန်း​မှ​အ​စ​ပြု​ကာ အ​ခြား​တစ်​စွန်း​သို့​လှည့်​ပတ်​၍​သွား၏။ သူ​၏​အ​ပူ​ရှိန်​မှ​ကင်း​လွတ်​သော​အ​ရာ​တစ်​ခု မျှ​မ​ရှိ။
7 यहोवा की व्यवस्था खरी है, वह प्राण को बहाल कर देती है; यहोवा के नियम विश्वासयोग्य हैं, बुद्धिहीन लोगों को बुद्धिमान बना देते हैं;
ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်​ပြီး​ပြည့် စုံ​လင်​အောင်​ကောင်း​မြတ်​သည်​ဖြစ်​၍​စိတ်​ဝိ​ညာဉ် ကို ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​စေ​တတ်​၏။ ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ချက်​တို့​သည် အား​ကိုး​အား​ထား​ထိုက်​သည်​ဖြစ်​၍ မ​လိမ္မာ​သူ​တို့​ကို​လိမ္မာ​စေ​တတ်​၏။
8 यहोवा के उपदेश सिद्ध हैं, हृदय को आनन्दित कर देते हैं; यहोवा की आज्ञा निर्मल है, वह आँखों में ज्योति ले आती है;
ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည် မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။
9 यहोवा का भय पवित्र है, वह अनन्तकाल तक स्थिर रहता है; यहोवा के नियम सत्य और पूरी रीति से धर्ममय हैं।
ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။
10 १० वे तो सोने से और बहुत कुन्दन से भी बढ़कर मनोहर हैं; वे मधु से और छत्ते से टपकनेवाले मधु से भी बढ़कर मधुर हैं।
၁၀ယင်း​တို့​သည်​ရွှေ​ထက်​မ​က၊အ​ကောင်း​ဆုံး ရွှေ​ထက် ပို​မို​နှစ်​သက်​ဖွယ်​ဖြစ်​၏။ ယင်း​တို့​သည်​ပျား​ရည်​ထက်​မ​က၊အ​စစ်​ဆုံး ပျား​ရည်​ထက်​ပို​၍​ချို​ကြ​၏။
11 ११ उन्हीं से तेरा दास चिताया जाता है; उनके पालन करने से बड़ा ही प्रतिफल मिलता है।
၁၁ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အား ထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။
12 १२ अपनी गलतियों को कौन समझ सकता है? मेरे गुप्त पापों से तू मुझे पवित्र कर।
၁၂အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မှား​အ​ယွင်း​များ​ကို မ​မြင်​နိုင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ မ​ထင်​ရှား​သည့်​အ​ပြစ်​များ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​စင်​စေ​တော်​မူ​ပါ။
13 १३ तू अपने दास को ढिठाई के पापों से भी बचाए रख; वह मुझ पर प्रभुता करने न पाएँ! तब मैं सिद्ध हो जाऊँगा, और बड़े अपराधों से बचा रहूँगा।
၁၃တ​မင်​တ​ကာ​ကြံ​ရွယ်​ချက်​ဖြင့်​ပြု​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​လည်း​ကင်း​စင်​စေ​တော်​မူ​ပါ။ ထို​ဒု​စ​ရိုက်​တို့​သည်​ကျွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဖြစ်​လျက်​အ​ပြစ် ဒု​စ​ရိုက်​နှင့် ကင်း​စင်​ပါ​လိမ့်​မည်။
14 १४ हे यहोवा परमेश्वर, मेरी चट्टान और मेरे उद्धार करनेवाले, मेरे मुँह के वचन और मेरे हृदय का ध्यान तेरे सम्मुख ग्रहणयोग्य हों।
၁၄ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့် စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။

< भजन संहिता 19 >