< भजन संहिता 145 >

1 दाऊद का भजन हे मेरे परमेश्वर, हे राजा, मैं तुझे सराहूँगा, और तेरे नाम को सदा सर्वदा धन्य कहता रहूँगा।
ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ကာ​လ​အစဉ် အ​ဆက် ချီး​မွမ်း​ပါ​မည်။
2 प्रतिदिन मैं तुझको धन्य कहा करूँगा, और तेरे नाम की स्तुति सदा सर्वदा करता रहूँगा।
နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
3 यहोवा महान और अति स्तुति के योग्य है, और उसकी बड़ाई अगम है।
ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။
4 तेरे कामों की प्रशंसा और तेरे पराक्रम के कामों का वर्णन, पीढ़ी-पीढ़ी होता चला जाएगा।
ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​သည်​သား​စဉ်​မြေး​ဆက်​ထော​မ​နာ​ပြု ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ထုတ်​ဖော်​ကြေ​ညာ ကြ​ပါ​လိမ့်​မည်။
5 मैं तेरे ऐश्वर्य की महिमा के प्रताप पर और तेरे भाँति-भाँति के आश्चर्यकर्मों पर ध्यान करूँगा।
သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​တို့​ကို​စဉ်း​စား​ဆင်​ခြင် ပါ​မည်။
6 लोग तेरे भयानक कामों की शक्ति की चर्चा करेंगे, और मैं तेरे बड़े-बड़े कामों का वर्णन करूँगा।
လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​လည်း​ကိုယ်​တော်​ရှင်​၏ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေညာ​ပါ​မည်။
7 लोग तेरी बड़ी भलाई का स्मरण करके उसकी चर्चा करेंगे, और तेरे धर्म का जयजयकार करेंगे।
သူ​တို့​သည်​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို မြွက်​ဆို​၍​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
8 यहोवा अनुग्रहकारी और दयालु, विलम्ब से क्रोध करनेवाला और अति करुणामय है।
ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။
9 यहोवा सभी के लिये भला है, और उसकी दया उसकी सारी सृष्टि पर है।
ကိုယ်​တော်​သည်​လူ​တိုင်း​ကို​ကျေး​ဇူး​ပြု​တော် မူ​၍ မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​သတ္တ​ဝါ​တို့ အား က​ရု​ဏာ​ထား​တော်​မူ​၏။
10 १० हे यहोवा, तेरी सारी सृष्टि तेरा धन्यवाद करेगी, और तेरे भक्त लोग तुझे धन्य कहा करेंगे!
၁၀အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။
11 ११ वे तेरे राज्य की महिमा की चर्चा करेंगे, और तेरे पराक्रम के विषय में बातें करेंगे;
၁၁သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​အကြောင်း​ကို​ပြော​ကြား ပါ​လိမ့်​မည်။
12 १२ कि वे मनुष्यों पर तेरे पराक्रम के काम और तेरे राज्य के प्रताप की महिमा प्रगट करें।
၁၂ဤ​နည်း​အား​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​၏ မ​ဟာ​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​လည်း ကောင်း သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
13 १३ तेरा राज्य युग-युग का और तेरी प्रभुता सब पीढ़ियों तक बनी रहेगी।
၁၃ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​နိစ္စ​ထာ​ဝ​ရ တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​က​တိ​တော်​တို့​ကို တည်​စေ​တော်​မူ​၍ ပြု​တော်​မူ​သ​မျှ​သော​အ​မှု​တို့​တွင်​မေတ္တာ​တော်​ကို ဖော်​ပြ​တော်​မူ​၏။
14 १४ यहोवा सब गिरते हुओं को सम्भालता है, और सब झुके हुओं को सीधा खड़ा करता है।
၁၄ကိုယ်​တော်​သည်​ဒုက္ခ​ရောက်​သူ​အ​ပေါင်း​ကို ကူ​မ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​ကို​ကူ​မ​တော်​မူ​၏။
15 १५ सभी की आँखें तेरी ओर लगी रहती हैं, और तू उनको आहार समय पर देता है।
၁၅သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ချိန်​တန်​လျှင် ကျွေး​မွေး​တော်​မူ​၏။
16 १६ तू अपनी मुट्ठी खोलकर, सब प्राणियों को आहार से तृप्त करता है।
၁၆ကိုယ်​တော်​သည်​သူ​တို့​၏​လို​အင်​များ​ကို လုံ​လောက်​စွာ ဖြည့်​တင်း​ပေး​ကာ​သူ​တို့​ကို​ရောင့်​ရဲ​စေ​တော်​မူ​၏။
17 १७ यहोवा अपनी सब गति में धर्मी और अपने सब कामों में करुणामय है।
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။
18 १८ जितने यहोवा को पुकारते हैं, अर्थात् जितने उसको सच्चाई से पुकारते है; उन सभी के वह निकट रहता है।
၁၈ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါ ပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။
19 १९ वह अपने डरवैयों की इच्छा पूरी करता है, और उनकी दुहाई सुनकर उनका उद्धार करता है।
၁၉ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။
20 २० यहोवा अपने सब प्रेमियों की तो रक्षा करता, परन्तु सब दुष्टों को सत्यानाश करता है।
၂၀ကိုယ်​တော်​သည်​မိ​မိ​အား​ချစ်​သော​သူ​အ​ပေါင်း တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သူ​ယုတ်​မာ​အ​ပေါင်း​တို့​ကို​မူ​ကား သုတ်​သင်​တော်​မူ​လိမ့်​မည်။
21 २१ मैं यहोवा की स्तुति करूँगा, और सारे प्राणी उसके पवित्र नाम को सदा सर्वदा धन्य कहते रहें।
၂၁ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​မည်။ သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ​တော်​အား ကာ​လ အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ​ပါ​စေ။

< भजन संहिता 145 >