< यशायाह 24 >

1 सुनों, यहोवा पृथ्वी को निर्जन और सुनसान करने पर है, वह उसको उलटकर उसके रहनेवालों को तितर-बितर करेगा।
ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပျက် ပြုန်း​စေ​တော်​မူ​၍ လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ မျက်​နှာ​ပြင်​ကို​တွန့်​လိမ်​စေ​၍ လူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-
2 और जैसी यजमान की वैसी याजक की; जैसी दास की वैसी स्वामी की; जैसी दासी की वैसी स्वामिनी की; जैसी लेनेवाले की वैसी बेचनेवाले की; जैसी उधार देनेवाले की वैसी उधार लेनेवाले की; जैसी ब्याज लेनेवाले की वैसी ब्याज देनेवाले की; सभी की एक ही दशा होगी।
ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-
3 पृथ्वी शून्य और सत्यानाश हो जाएगी; क्योंकि यहोवा ही ने यह कहा है।
ကမ္ဘာ​မြေ​ကြီး​သည်​က​စင့်​က​လျား​ဖြစ်​လျက် ယို​ယွင်း​ပျက်​စီး​နေ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​သ​ဖြင့်​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​မည်​သာ​တည်း။
4 पृथ्वी विलाप करेगी और मुर्झाएगी, जगत कुम्हलाएगा और मुर्झा जाएगा; पृथ्वी के महान लोग भी कुम्हला जाएँगे।
ကမ္ဘာ​မြေ​ကြီး​သည်​ခြောက်​သွေ့​နွမ်း​နယ်​လျက် ရှိ​၏။ ချီး​မြှောက်​ခြင်း​ခံ​ရ​သော​ကမ္ဘာ​သူ​ကမ္ဘာ သား​အ​ပေါင်း​တို့​သည်​ချည့်​နဲ့​၍​နေ​ကြ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​က​မ္ဘာ​မြေ​ကြီး နှင့်​အ​တူ​ဆွေး​မြေ့​လျက်​ရှိ​ပေ​သည်။-
5 पृथ्वी अपने रहनेवालों के कारण अशुद्ध हो गई है, क्योंकि उन्होंने व्यवस्था का उल्लंघन किया और विधि को पलट डाला, और सनातन वाचा को तोड़ दिया है।
လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​ပစ်​ပယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ကမ္ဘာ မြေ​ကြီး​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
6 इस कारण पृथ्वी को श्राप ग्रसेगा और उसमें रहनेवाले दोषी ठहरेंगे; और इसी कारण पृथ्वी के निवासी भस्म होंगे और थोड़े ही मनुष्य रह जाएँगे।
ထို့​ကြောင့်​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​၏။ ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည်​လည်း​မိ​မိ​တို့​ပြု​ခဲ့​သည့်​မ ကောင်း​မှု​၏​အ​ကျိုး​ဆက်​ကို​ခံ​ယူ​ရကြ​ကုန် ၏။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​များ​သည် လည်း​နည်း​သည်​ထက်​နည်း​၍​လာ​တော့​၏။-
7 नया दाखमधु जाता रहेगा, दाखलता मुर्झा जाएगी, और जितने मन में आनन्द करते हैं सब लम्बी-लम्बी साँस लेंगे।
စ​ပျစ်​ပင်​တို့​သည်​ညှိုး​နွမ်း​သ​ဖြင့်​စ​ပျစ် ရည်​ရှား​ပါး​၍​လာ​လေ​သည်။ အ​ခါ​တစ်​ပါး က​ကြည်​လင်​ရွှင်​လန်း​လျက်​ရှိ​ကြ​သူ​လူ အ​ပေါင်း​တို့​သည် ယ​ခု​အ​ခါ​စိတ်​ညှိုး ငယ်​လျက်​နေ​ကြ​၏။-
8 डफ का सुखदाई शब्द बन्द हो जाएगा, प्रसन्न होनेवालों का कोलाहल जाता रहेगा वीणा का सुखदाई शब्द शान्त हो जाएगा।
သူ​တို့​၏​စောင်း​များ၊ ပတ်​သာ​များ​မှ​ရွှင်​ပျ ချို​သာ​သော​သီ​ချင်း​သံ​သည်​လည်း ဆိတ် သုဉ်း​သွား​လေ​ပြီ။-
9 वे गाकर फिर दाखमधु न पीएँगे; पीनेवाले को मदिरा कड़वी लगेगी।
သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကာ​သီ​ချင်း များ​ကို​မ​ဆို​ကြ​တော့​ပေ။ အ​ဘယ်​သူ​မျှ စ​ပျစ်​ရည်​၏​အ​ရ​သာ​ကို​မ​ခံ​စား​ကြ တော့​ချေ။-
10 १० गड़बड़ी मचानेवाली नगरी नाश होगी, उसका हर एक घर ऐसा बन्द किया जाएगा कि कोई घुस न सकेगा।
၁၀မြို့​တွင်း​၌​အ​စ​စ​အ​ရာ​ရာ​က​စင့်​က​လျား ဖြစ်​လျက်​နေ​၏။ လူ​တို့​မ​ဝင်​နိုင်​ရန်​အိမ်​တိုင်း ကို​လည်း​ပိတ်​ထား​ကြ​၏။-
11 ११ सड़कों में लोग दाखमधु के लिये चिल्लाएँगे; आनन्द मिट जाएगा: देश का सारा हर्ष जाता रहेगा।
၁၁လူ​တို့​သည်​လမ်း​များ​ပေါ်​တွင်​ရပ်​၍​စ​ပျစ် ရည်​ကို​အော်​ဟစ်​တောင့်​တ​လျက်​နေ​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​မှု​ကား​ထာ​ဝ​စဉ်​ကွယ် ပျောက်​သွား​တော့​၏။ ယင်း​ကို​ပြည်​တွင်း​မှ နှင်​ထုတ်​လိုက်​ကြ​လေ​ပြီ။-
12 १२ नगर उजाड़ ही उजाड़ रहेगा, और उसके फाटक तोड़कर नाश किए जाएँगे।
၁၂မြို့​သည်​ပျက်​စီး​ယို​ယွင်း​လျက်​ကျန်​ခဲ့​၏။ မြို့​တံ​ခါး​များ​သည်​လည်း​ကျိုး​ပျက်​၍ သွား​လေ​ပြီ။-
13 १३ क्योंकि पृथ्वी पर देश-देश के लोगों में ऐसा होगा जैसा कि जैतून के झाड़ने के समय, या दाख तोड़ने के बाद कोई-कोई फल रह जाते हैं।
၁၃ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။
14 १४ वे लोग गला खोलकर जयजयकार करेंगे, और यहोवा के माहात्म्य को देखकर समुद्र से ललकारेंगे।
၁၄အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​သူ​တို့​သည် ရွှင် လန်း​ဝမ်း​မြောက်​လျက်​သီ​ချင်း​ဆို​ကြ​လိမ့် မည်။ အ​နောက်​အ​ရပ်​မှ​လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဖော်​ပြ​၍၊-
15 १५ इस कारण पूर्व में यहोवा की महिमा करो, और समुद्र के द्वीपों में इस्राएल के परमेश्वर यहोवा के नाम का गुणानुवाद करो।
၁၅အ​ရှေ့​အ​ရပ်​မှ​လူ​တို့​က​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ပင်​လယ်​ကမ်း​ခြေ တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။-
16 १६ पृथ्वी की छोर से हमें ऐसे गीत की ध्वनि सुन पड़ती है, कि धर्मी की महिमा और बड़ाई हो। परन्तु मैंने कहा, “हाय, हाय! मैं नाश हो गया, नाश! क्योंकि विश्वासघाती विश्वासघात करते, वे बड़ा ही विश्वासघात करते हैं।”
၁၆ငါ​တို့​သည်​သူ​တော်​ကောင်း​တ​ရား​ကျင့်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကမ္ဘာ​ရပ်​စွန်း ရပ်​ဖျား​များ​မှ​ချီး​ကူး​ကြ​သည့်​သီ​ချင်း သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက် လုံး​ပါး​ပါး​၍​နေ​ပါ​သည်​တ​ကား။ သစ္စာ​မဲ့ သူ​တို့​သည်​ဆက်​လက်​၍​သစ္စာ​ဖောက်​လျက် ဆိုး​ရွား​သည်​ထက်​ဆိုး​ရွား​၍​လာ​ကြ​၏။-
17 १७ हे पृथ्वी के रहनेवालों तुम्हारे लिये भय और गड्ढा और फंदा है!
၁၇အို ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့၊ ထိတ်​လန့်​ဖွယ်​ရာ ဘေး​ဥ​ပဒ်​များ၊ မြေ​တွင်း​များ​နှင့်​ကျော့​ကွင်း များ​သည်​သင်​တို့​အား​စောင့်​မျှော်​လျက်​နေ ကြ​၏။-
18 १८ जो कोई भय के शब्द से भागे वह गड्ढे में गिरेगा, और जो कोई गड्ढे में से निकले वह फंदे में फँसेगा। क्योंकि आकाश के झरोखे खुल जाएँगे, और पृथ्वी की नींव डोल उठेगी।
၁၈ထိတ်​လန့်​ဖွယ်​ရာ​ဘေး​ဥ​ပဒ်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့​ကျ လိမ့်​မည်။ မြေ​တွင်း​မှ​လွတ်​မြောက်​လာ​သူ​သည် ကျော့​ကွင်း​တွင်​မိ​လိမ့်​မည်။ ကောင်း​ကင်​မှ​မိုး ကြီး​သည်း​ထန်​စွာ​ရွာ​သွန်း​၍ ကမ္ဘာ​မြေ​ကြီး ၏​အုတ်​မြစ်​များ​သည်​တုန်​လှုပ်​လိမ့်​မည်။-
19 १९ पृथ्वी फटकर टुकड़े-टुकड़े हो जाएगी पृथ्वी अत्यन्त कम्पायमान होगी।
၁၉ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-
20 २० वह मतवाले के समान बहुत डगमगाएगी और मचान के समान डोलेगी; वह अपने पाप के बोझ से दबकर गिरेगी और फिर न उठेगी।
၂၀ကမ္ဘာ​မြေ​ကြီး​သည်​လေ​မုန်​တိုင်း​မိ​သည့်​တဲ ကဲ့​သို့​လည်း​ကောင်း၊ သေ​သောက်​ကြူး​သူ​ကဲ့​သို့ လည်း​ကောင်း​ယိမ်း​ယိုင်​လျက်​နေ​လိမ့်​မည်။ ကမ္ဘာ လော​က​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ သ​ဖြင့် ပြို​လဲ​သွား​လိမ့်​မည်။ နောက်​တစ်​ဖန် ပြန်​၍​ထ​နိုင်​တော့​မည်​မ​ဟုတ်။
21 २१ उस समय ऐसा होगा कि यहोवा आकाश की सेना को आकाश में और पृथ्वी के राजाओं को पृथ्वी ही पर दण्ड देगा।
၂၁မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-
22 २२ वे बन्दियों के समान गड्ढे में इकट्ठे किए जाएँगे और बन्दीगृह में बन्द किए जाएँगे; और बहुत दिनों के बाद उनकी सुधि ली जाएगी।
၂၂ဘု​ရား​သ​ခင်​သည်​ပြည်​ရှင်​မင်း​တို့​အား အ​ကျဉ်း​သ​မား​များ​သ​ဖွယ် တွင်း​တစ်​ခု​တွင် ပြွတ်​သိပ်​၍​ချုပ်​နှောင်​ထား​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​အ​ချိန်​မ​ရောက် မ​ချင်း သူ​တို့​အား​ကိုယ်​တော်​သည်​အ​ကျဉ်း ချ​၍​ထား​တော်​မူ​လိမ့်​မည်။-
23 २३ तब चन्द्रमा संकुचित हो जाएगा और सूर्य लज्जित होगा; क्योंकि सेनाओं का यहोवा सिय्योन पर्वत पर और यरूशलेम में अपनी प्रजा के पुरनियों के सामने प्रताप के साथ राज्य करेगा।
၂၃အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

< यशायाह 24 >