< प्रेरितों के काम 18 >

1 इसके बाद पौलुस एथेंस को छोड़कर कुरिन्थुस में आया।
ထို​နောက်​ပေါ​လု​သည်​အာ​သင်​မြို့​မှ​ထွက် ခွာ​၍ ကော​ရိ​န္သု​မြို့​သို့​ရောက်​၏။-
2 और वहाँ अक्विला नामक एक यहूदी मिला, जिसका जन्म पुन्तुस में हुआ था; और अपनी पत्नी प्रिस्किल्ला के साथ इतालिया से हाल ही में आया था, क्योंकि क्लौदियुस ने सब यहूदियों को रोम से निकल जाने की आज्ञा दी थी, इसलिए वह उनके यहाँ गया।
ထို​မြို့​တွင်​ပုန္တု​ပြည်​သား​အာ​ကု​လ​နာ​မည်​ရှိ သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​နှင့်​သူ​၏​ဇ​နီး ပြစ်​ကိ​လ​ကို​တွေ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​ရော​မ​မြို့​မှ​ထွက်​ခွာ​သွား​ရန် က​လော​ဒိ​ဘု​ရင် အ​မိန့်​ထုတ်​ဆင့်​သ​ဖြင့် သူ​တို့​သည်​မ​ကြာ​မီ​က ပင်​ဣ​တ​လိ​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​သူ​များ ဖြစ်​၏။-
3 और उसका और उनका एक ही व्यापार था; इसलिए वह उनके साथ रहा, और वे काम करने लगे, और उनका व्यापार तम्बू बनाने का था।
ထို​သူ​တို့​သည်​ပေါ​လု​ကဲ့​သို့​သား​ရေ​အ​လုပ် သ​မား​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​ပေါ​လု​သည် သူ​တို့​ထံ​သို့​သွား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ နေ​၍​အ​လုပ်​လုပ်​၏။-
4 और वह हर एक सब्त के दिन आराधनालय में वाद-विवाद करके यहूदियों और यूनानियों को भी समझाता था।
ယု​ဒ​အ​မျိုး​သား​နှင့်​ဂ​ရိ​အ​မျိုး​သား​များ နား​လည်​သ​ဘော​ပေါက်​လာ​ကြ​စေ​ရန် သူ​သည် ဥ​ပုသ်​နေ့​တိုင်း​တ​ရား​ဇ​ရပ်​တွင်​တ​ရား​ဆွေး နွေး​၏။
5 जब सीलास और तीमुथियुस मकिदुनिया से आए, तो पौलुस वचन सुनाने की धुन में लगकर यहूदियों को गवाही देता था कि यीशु ही मसीह है।
သိ​လ​နှင့်​တိ​မော​သေ​တို့​မာ​ကေ​ဒေါ​နိ​ပြည် မှ​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​တ​ရား ဟော​ခြင်း​အ​မှု​ကို​သာ​ဆောင်​ရွက်​လျက် မေ​ရှိ​ယ သည်​သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း​ယု​ဒ​အ​မျိုး သား​တို့​အား​သေ​ချာ​စွာ​ရှင်း​ပြ​၏။-
6 परन्तु जब वे विरोध और निन्दा करने लगे, तो उसने अपने कपड़े झाड़कर उनसे कहा, “तुम्हारा लहू तुम्हारी सिर पर रहे! मैं निर्दोष हूँ। अब से मैं अन्यजातियों के पास जाऊँगा।”
ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​အ​တိုက်​အ​ခံ ပြု​၍ ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​ပေါ​လု​သည် မိ​မိ​အ​ဝတ်​မှ​ဖုံ​များ​ကို​ခါ​ချ​၍ ``သင်​တို့ သေ​ကြေ​ပျက်​စီး​ကြ​လျှင်​သင်​တို့​၏​တာ​ဝန် ပင်​ဖြစ်​၏။ ငါ့​မှာ​တာ​ဝန်​မ​ရှိ​တော့​ပြီ။ ယ​ခု မှ​အ​စ​ပြု​၍​ငါ​သည်​လူ​မျိုး​ခြား​တို့​အား တ​ရား​ဟော​တော့​အံ့'' ဟု​ဆို​၏။-
7 और वहाँ से चलकर वह तीतुस यूस्तुस नामक परमेश्वर के एक भक्त के घर में आया, जिसका घर आराधनालय से लगा हुआ था।
ထို​နောက်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​တိ​တု​ယုတ္တု​နာ​မည် ရှိ​သော ယု​ဒ​အ​မျိုး​သား​မ​ဟုတ်​သူ​၏​အိမ် သို့​သွား​ရောက်​တည်း​ခို​လေ​သည်။ ထို​အိမ်​သည် တ​ရား​ဇ​ရပ်​နှင့်​ကပ်​လျက်​ရှိ​၏။-
8 तब आराधनालय के सरदार क्रिस्पुस ने अपने सारे घराने समेत प्रभु पर विश्वास किया; और बहुत से कुरिन्थवासियों ने सुनकर विश्वास किया और बपतिस्मा लिया।
တ​ရား​ဇ​ရပ်​အုပ်​ချုပ်​မှူး​ကရိပ္ပု​နှင့်​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ အ​ခြား ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​သည် လည်း နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​ရ​၍ ယုံ​ကြည်​ကာ​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ခံ​ယူ​ကြ​၏။
9 और प्रभु ने रात को दर्शन के द्वारा पौलुस से कहा, “मत डर, वरन् कहे जा और चुप मत रह;
တစ်​ည​သ​၌​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​၏။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​က ``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​သည်​ဖြစ်​၍​မ ကြောက်​နှင့်။ ဆက်​လက်​ဟော​ပြော​လော့။ လက် မ​လျှော့​နှင့်။-
10 १० क्योंकि मैं तेरे साथ हूँ, और कोई तुझ पर चढ़ाई करके तेरी हानि न करेगा; क्योंकि इस नगर में मेरे बहुत से लोग हैं।”
၁၀အ​ဘယ်​သူ​မျှ​သင့်​ကို​ဘေး​အန္တ​ရာယ်​မ​ပြု​နိုင်။ ဤ​မြို့​ရှိ​လူ​အ​မြောက်​အ​မြား​တို့​သည် ငါ့ လူ​စု​တော်​ဝင်​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​၏။-
11 ११ इसलिए वह उनमें परमेश्वर का वचन सिखाते हुए डेढ़ वर्ष तक रहा।
၁၁သို့​ဖြစ်​၍​ပေါ​လု​သည်​ထို​မြို့​တွင်​တစ်​နှစ်​နှင့် ခြောက်​လ​မျှ​နေ​ထိုင်​ကာ ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သွန် သင်​လျက်​နေ​၏။
12 १२ जब गल्लियो अखाया देश का राज्यपाल था तो यहूदी लोग एका करके पौलुस पर चढ़ आए, और उसे न्याय आसन के सामने लाकर कहने लगे,
၁၂ဂါ​လျုန်​သည်​အ​ခါ​ယ​ပြည်​ဘု​ရင်​ခံ​ဖြစ်​စဉ် အ​ခါ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စု​ရုံး​လျက် ပေါ​လု​ကို​ဖမ်း​ဆီး​ပြီး​လျှင် တ​ရား​ခွင်​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။-
13 १३ “यह लोगों को समझाता है, कि परमेश्वर की उपासना ऐसी रीति से करें, जो व्यवस्था के विपरीत है।”
၁၃သူ​တို့​က ``ဤ​သူ​သည်​ပ​ညတ်​တ​ရား​တော် နှင့်​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြ​စေ​ရန်​လူ​တို့​အား​သွေး​ဆောင်​လျက် နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
14 १४ जब पौलुस बोलने पर था, तो गल्लियो ने यहूदियों से कहा, “हे यहूदियों, यदि यह कुछ अन्याय या दुष्टता की बात होती तो उचित था कि मैं तुम्हारी सुनता।
၁၄ပေါ​လု​သည်​ချေ​ပ​ပြော​ဆို​မည်​အ​ပြု​တွင် ဂါ​လျုန်​က ``ယု​ဒ​အ​မျိုး​သား​တို့၊ ဤ​အ​မှု သည်​ဆိုး​ယုတ်​သော​ပြစ်​မှု​သို့​မ​ဟုတ်​လိမ်​လည် မှု​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​၏​စွပ်​စွဲ​ချက်​ကို စိတ်​ရှည်​လက်​ရှည်​နား​ထောင်​နိုင်​ပေ​မည်။-
15 १५ परन्तु यदि यह वाद-विवाद शब्दों, और नामों, और तुम्हारे यहाँ की व्यवस्था के विषय में है, तो तुम ही जानो; क्योंकि मैं इन बातों का न्यायी बनना नहीं चाहता।”
၁၅သို့​ရာ​တွင်​ဤ​အ​မှု​၏​စ​ကား​များ၊ နာ​မည် များ​သည်​သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​သက် ဆိုင်​သည့်​အ​မှု​ဖြစ်​သ​ဖြင့် သင်​တို့​ကိုယ်​တိုင် ပင်​စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့။ ထို​အ​မှု​မျိုး ကို​ငါ​မ​စီ​ရင်​ပြီ'' ဟု​ဆို​၍၊-
16 १६ और उसने उन्हें न्याय आसन के सामने से निकलवा दिया।
၁၆ယု​ဒ​အ​မျိုး​သား​တို့​အား​တ​ရား​ခွင်​မှ နှင်​ထုတ်​လိုက်​၏။-
17 १७ तब सब लोगों ने आराधनालय के सरदार सोस्थिनेस को पकड़ के न्याय आसन के सामने मारा। परन्तु गल्लियो ने इन बातों की कुछ भी चिन्ता न की।
၁၇ထို​သူ​တို့​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သု​ဿင်​ကို​ဖမ်း​ဆီး​၍​တ​ရား​ခွင်​ရှေ့​တွင်​ရိုက် နှက်​ကြ​၏။ သို့​ရာ​တွင်​ဂါ​လျုန်​သည်​ထို​အ​ပြု အ​မူ​ကို​လုံး​ဝ​ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။
18 १८ अतः पौलुस बहुत दिन तक वहाँ रहा, फिर भाइयों से विदा होकर किंख्रिया में इसलिए सिर मुँड़ाया, क्योंकि उसने मन्नत मानी थी और जहाज पर सीरिया को चल दिया और उसके साथ प्रिस्किल्ला और अक्विला थे।
၁၈ပေါ​လု​သည်​ကော​ရိန္သု​မြို့​တွင်​ရက်​ပေါင်း​များ စွာ​နေ​၏။ ထို​နောက်​ညီ​အစ်​ကို​တို့​ကို​နှုတ်​ဆက်​၍ ပြစ်​ကိ​လ၊ အာ​ကု​လ​တို့​နှင့်​အ​တူ​ရှု​ရိ​ပြည် သို့​သင်္ဘော​လွှင့်​လေ​၏။ ကင်​ခြေ​မြို့​မှ​သင်္ဘော မ​ထွက်​မီ သူ​သည်​ဘု​ရား​သ​ခင်​အား​သစ္စာ က​တိ​ပြု​ခဲ့​သ​ဖြင့်​မိ​မိ​၏​ဦး​ခေါင်း​ကို ရိတ်​၏။-
19 १९ और उसने इफिसुस में पहुँचकर उनको वहाँ छोड़ा, और आप ही आराधनालय में जाकर यहूदियों से विवाद करने लगा।
၁၉ဧ​ဖက်​မြို့​သို့​ရောက်​သော​အ​ခါ​ပေါ​လု​သည် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို​မြို့​တွင်​ထား ခဲ့​၏။ သူ​သည်​တ​ရား​ဇ​ရပ်​သို့​ဝင်​ပြီး​လျှင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​တ​ရား​စ​ကား ဆွေး​နွေး​၏။-
20 २० जब उन्होंने उससे विनती की, “हमारे साथ और कुछ दिन रह।” तो उसने स्वीकार न किया;
၂၀လူ​တို့​သည်​မိ​မိ​တို့​ထံ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း​ပေါ​လု​သည် ငြင်း​ဆန်​လျက်၊-
21 २१ परन्तु यह कहकर उनसे विदा हुआ, “यदि परमेश्वर चाहे तो मैं तुम्हारे पास फिर आऊँगा।” तब इफिसुस से जहाज खोलकर चल दिया;
၂၁``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​သင်​တို့ ထံ​သို့​ငါ​ပြန်​လာ​ခဲ့​မည်'' ဟု​ဆို​ပြီး​လျှင် သ​င်္ဘော​လွှင့်​လေ​၏။-
22 २२ और कैसरिया में उतरकर (यरूशलेम को) गया और कलीसिया को नमस्कार करके अन्ताकिया में आया।
၂၂သူ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်​သင်္ဘော​မှ ဆင်း​ပြီး​နောက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​၏။ ထို​နောက်​အန္တိ အုတ်​မြို့​သို့​သွား​၏။-
23 २३ फिर कुछ दिन रहकर वहाँ से चला गया, और एक ओर से गलातिया और फ्रूगिया में सब चेलों को स्थिर करता फिरा।
၂၃ထို​မြို့​တွင်​ကာ​လ​အ​တန်​ကြာ​နေ​ပြီး​နောက် ခ​ရီး​ထွက်​ခဲ့​ရာ​ဂ​လာ​တိ​ပြည်​နှင့်​ဖြု​ဂိ ပြည်​တို့​သို့​ရောက်​ရှိ​လျက် ယုံ​ကြည်​သူ အ​ပေါင်း​တို့​ကို​ကြံ့​ခိုင်​စေ​လေ​သည်။
24 २४ अपुल्लोस नामक एक यहूदी जिसका जन्म सिकन्दरिया में हुआ था, जो विद्वान पुरुष था और पवित्रशास्त्र को अच्छी तरह से जानता था इफिसुस में आया।
၂၄အာ​လေ​ဇန္ဒြိ​မြို့​သား​အာ​ပေါ​လု​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​သည်​ဧ​ဖက်​မြို့​သို့ ရောက်​လာ​၏။ သူ​သည်​အ​ဟော​အ​ပြော​ကောင်း​၍ ကျမ်း​စာ​တော်​ကို​အ​ထူး​ပင်​တတ်​ကျွမ်း​သူ ဖြစ်​၏။-
25 २५ उसने प्रभु के मार्ग की शिक्षा पाई थी, और मन लगाकर यीशु के विषय में ठीक-ठीक सुनाता और सिखाता था, परन्तु वह केवल यूहन्ना के बपतिस्मा की बात जानता था।
၂၅သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​အ​ကြောင်း​ကို စုံ​လင်​စွာ​လေ့​လာ​သင်​ယူ​ထား​သူ​လည်း​ဖြစ် ၏။ သူ​သည်​သ​ခင်​ယေ​ရှု​နှင့်​သက်​ဆိုင်​သော တိ​ကျ​မှန်​ကန်​သည့်​အ​ကြောင်း​ပြ​ချက်​များ ကို စိတ်​အား​ထက်​သန်​စွာ​ဟော​ပြော​သွန်​သင်​၏။ သို့​သော်​သူ​သည်​ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​သာ သိ​၏။-
26 २६ वह आराधनालय में निडर होकर बोलने लगा, पर प्रिस्किल्ला और अक्विला उसकी बातें सुनकर, उसे अपने यहाँ ले गए और परमेश्वर का मार्ग उसको और भी स्पष्ट रूप से बताया।
၂၆သူ​သည်​တရား​ဇ​ရပ်​တွင်​ရဲ​ရင့်​စွာ​ဟော​ပြော လေ​၏။ သူ​၏​ဟော​ပြော​ချက်​ကို​ကြား​ရ​သော ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည် သူ့​ကို​အိမ် သို့​ခေါ်​ဖိတ်​၍ ဘု​ရား​သ​ခင်​၏​လမ်း​စဉ်​တော် အ​ကြောင်း​ကို​ပို​မို​တိ​ကျ​စွာ​ရှင်း​လင်း​ပေး ကြ​၏။-
27 २७ और जब उसने निश्चय किया कि पार उतरकर अखाया को जाए तो भाइयों ने उसे ढाढ़स देकर चेलों को लिखा कि वे उससे अच्छी तरह मिलें, और उसने पहुँचकर वहाँ उन लोगों की बड़ी सहायता की जिन्होंने अनुग्रह के कारण विश्वास किया था।
၂၇သူ​သည်​အ​ခါ​ယ​ပြည်​သို့​သွား​လို​သ​ဖြင့် ဧ​ဖက် မြို့​ရှိ​ညီ​အစ်​ကို​များ​သည်​သူ​၏​အ​တွက် အ​ခါ ယ​ပြည်​ရှိ​တ​ပည့်​တော်​တို့​ထံ​သို့​မိတ်​ဆက် စာ​ရေး​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​၏။ သူ​သည် အ​ခါ​ယ​ပြည်​သို့​ရောက်​သော​အ​ခါ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ယုံ​ကြည် လာ​သူ​များ​အား​များ​စွာ​အ​ကူ​အ​ညီ ပေး​၏။-
28 २८ अपुल्लोस ने अपनी शक्ति और कौशल के साथ यहूदियों को सार्वजनिक रूप से अभिभूत किया, पवित्रशास्त्र से प्रमाण दे देकर कि यीशु ही मसीह है।
၂၈အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​ထု​ရှေ့ ဆွေး​နွေး​ပွဲ​များ​တွင် ကျမ်း​စာ​တော်​မှ​အ​ထောက် အ​ထား​များ​ဖြင့် သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ပင်​ဖြစ်​ကြောင်း​ကို ယု​ဒ​အ​မျိုး​သား​တို့​အား ပိုင်​နိုင်​စွာ​ချေ​ပ​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။

< प्रेरितों के काम 18 >