< 2 तीमुथियुस 1 >

1 पौलॉस की ओर से, जो मसीह येशु में उस जीवन की प्रतिज्ञा के अनुसार, परमेश्वर की इच्छा के द्वारा मसीह येशु का प्रेरित है,
ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ၊ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​မည်​ဟု​က​တိ​ထား​တော်​မူ​သော အ​သက်​အ​ကြောင်း​ကို​ကြေ​ညာ​သူ​ငါ​ပေါ​လု ထံ​မှ၊-
2 प्रिय पुत्र तिमोथियॉस को: हमारे पिता परमेश्वर और मसीह येशु, हमारे प्रभु की ओर से अनुग्रह, कृपा और शांति मिले.
ငါ​၏​ချစ်​သော​တိ​မော​သေ​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။ သင်​သည်​ခ​မည်း​တော်​ဘု​ရား​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ​ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။
3 मैं रात-दिन अपनी प्रार्थनाओं में तुम्हें याद करते हुए परमेश्वर को धन्यवाद देता हूं, जिनकी सेवा मैं शुद्ध विवेक से उसी प्रकार करता हूं, जैसे मेरे पूर्वज करते थे.
ငါ​သည်​နေ့​ညဥ့်​မ​ပြတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု ရာ​တွင် သင့်​အား​အ​စဉ်​ပင်​အောက်​မေ့​သ​တိ​ရ လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။ ငါ​သည်​ဘိုး​ဘေး​များ​နည်း​တူ​ကိုယ် တော်​၏​အ​မှု​တော်​ကို​ကြည်​လင်​သော​သြတ္တ​ပ္ပ စိတ်​နှင့်​ဆောင်​ရွက်​သူ​ဖြစ်​၏။-
4 तुम्हारे आंसुओं को याद करते हुए, मुझे तुमसे मिलने की लालसा होती है कि मेरा आनंद पूरा हो जाए.
သင်​အ​ဘယ်​သို့​မျက်​ရည်​ကျ​သည်​ကို​သ​တိ ရ​လျက် ငါ​သည်​သင့်​အား​အ​လွန်​တွေ့​မြင်​လို ၏။ သင့်​ကို​တွေ့​မြင်​ရ​ခြင်း​သည်​ငါ့​အား​ဝမ်း မြောက်​စေ​လိမ့်​မည်။-
5 मुझे तुम्हारा निष्कपट विश्वास याद आता है, जो सबसे पहले तुम्हारी नानी लोइस तथा तुम्हारी माता यूनिके में मौजूद था, और जो निश्चित ही तुममें भी मौजूद है.
သင်​သည်​သင်​၏​အ​ဖွား​လော​ဣ​နှင့်​အ​မိ​ဥ​နိတ် တို့​ကဲ့​သို့​ဟန်​ဆောင်​မှု​မ​ရှိ​ဘဲ ယုံ​ကြည်​ကြောင်း ကို​ငါ​သ​တိ​ရ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း မျိုး​သည်​သင်​၌​လည်း​ရှိ​သည်​ဟု​ငါ​စိတ်​ချ​၏။-
6 यही कारण है कि मैं तुम्हें याद दिला रहा हूं कि परमेश्वर द्वारा दी गई उस क्षमता को पुनर-ज्वलित करो, जो तुम पर मेरे हाथ रखने के द्वारा तुममें थी.
သို့​ဖြစ်​၍​သင့်​အ​ပေါ်​ငါ​သိက္ခာ​တင်​မင်္ဂလာ​ပေး စဉ်​အ​ခါ​က သ​ခင်​ဘု​ရား​ထံ​တော်​မှ​သင်​ရ ရှိ​သည့်​ဆု​ကျေး​ဇူး​ကို​ရှင်​သန်​လျက်​ရှိ​နေ စေ​ရန်​သင့်​အား​ငါ​သ​တိ​ပေး​နှိုး​ဆော်​၏။-
7 यह इसलिये कि परमेश्वर ने हमें भय का नहीं परंतु सामर्थ्य, प्रेम तथा आत्म-अनुशासन का मन दिया है.
ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။
8 इसलिये न तो हमारे प्रभु के विषय में गवाही देने में और न मुझसे, जो उनके लिए बंदी हूं, लज्जित होना परंतु परमेश्वर द्वारा दी गई सामर्थ्य के अनुसार ईश्वरीय सुसमाचार के लिए कष्ट उठाने में मेरे साथ शामिल हो जाओ.
သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။-
9 परमेश्वर ने ही हमें उद्धार प्रदान किया तथा पवित्र जीवन के लिए हमें बुलाया है—हमारे कामों के आधार पर नहीं परंतु सनातन काल से मसीह येशु में हमारे लिए आरक्षित अपने ही उद्देश्य तथा अनुग्रह के अंतर्गत. (aiōnios g166)
ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။- (aiōnios g166)
10 इस अनुग्रह की अभिव्यक्ति अब हमारे उद्धारकर्ता मसीह येशु के प्रकट होने के द्वारा हुई है, जिन्होंने एक ओर तो मृत्यु को नष्ट किया तथा दूसरी ओर ईश्वरीय सुसमाचार के द्वारा जीवन तथा अमरता को प्रकाशित किया.
၁၀သို့​ရာ​တွင်​ယ​ခု​အ​ခါ​ငါ​တို့​၏​ကယ်​တင် ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော်​မူ​ခြင်း အား​ဖြင့် ထို​ကျေး​ဇူး​တော်​သည်​ပေါ်​လွင် ထင်​ရှား​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​သေ ခြင်း​တ​ရား​ကို​ပယ်​ရှား​တော်​မူ​ပြီး​လျှင် သ​တင်း​ကောင်း​အား​ဖြင့် သင်္ခါ​ရ​ကင်း​ခြင်း တ​ရား​ကို​ပေါ်​လွင်​ထင်​ရှား​စေ​တော် မူ​သ​တည်း။
11 इसी ईश्वरीय सुसमाचार के लिए मैं प्रचारक, प्रेरित तथा शिक्षक चुना गया.
၁၁ဘု​ရား​သ​ခင်​သည်​ထို​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန် ငါ့​ကို​တ​မန်​တော်​နှင့်​ဆ​ရာ အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-
12 यही कारण है कि मैं ये यातनाएं भी सह रहा हूं किंतु यह मेरे लिए लज्जास्पद नहीं है क्योंकि मैं जानता हूं कि मैंने किन में विश्वास किया है तथा मुझे यह पूरा निश्चय है कि वह उस दिन तक मेरी धरोहर की रक्षा करने में पूरी तरह सामर्थ्यी हैं.
၁၂ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။-
13 जो सच्ची शिक्षा तुमने मुझसे प्राप्‍त की है, उसे उस विश्वास और प्रेम में, जो मसीह येशु में बसा है, अपना आदर्श बनाए रखो.
၁၃ငါ​သွန်​သင်​သည့်​မှန်​ကန်​သော​သြ​ဝါ​ဒ​ကို သင်​လိုက်​နာ​ရန်​စံ​န​မူ​နာ​အ​ဖြစ်​စွဲ​မြဲ​စွာ ခံ​ယူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​တ​ရား​နှင့်​မေတ္တာ​တ​ရား​ကို စွဲ​လမ်း​လော့။-
14 पवित्र आत्मा के द्वारा, जिनका हमारे भीतर वास है, उस अनुपम धरोहर की रक्षा करो.
၁၄သင့်​အား​ပေး​အပ်​ထား​သော​ကောင်း​မြတ်​သည့် အ​ရာ​များ​ကို​ငါ​တို့​တွင်​ကိန်း​အောင်း​တော်​မူ သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး တော်​အား​ဖြင့်​ထိန်း​သိမ်း​စောင့်​ရှောက်​လော့။
15 तुम्हें यह मालूम ही है कि आसिया प्रदेश के सभी विश्वासी मुझसे दूर हो गए हैं, उनमें फ़िगेलस तथा हरमोगेनेस भी हैं.
၁၅သင်​သိ​ရှိ​သည်​အ​တိုင်း​ဖု​ဂေ​လု​နှင့်​ဟေ​ရ မော​ဂင်​တို့​အ​ပါ​အ​ဝင်​အာ​ရှ​နယ်​ပယ်​၌ နေ​သူ​အ​ပေါင်း​တို့​သည်​ငါ​တို့​ကို​စွန့်​သွား ကြ​လေ​ပြီ။-
16 ओनेसिफ़ोरस के परिवार पर प्रभु कृपा करें. उसने अक्सर मुझमें नई स्फूर्ति का संचार किया है. मेरी बेड़ियां उसके लिए लज्जा का विषय नहीं थी.
၁၆သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊-
17 जब वह रोम नगर में था, उसने यत्नपूर्वक मुझे खोजा और मुझसे भेंट की.
၁၇ရော​မ​မြို့​သို့​ရောက်​လျှင်​ရောက်​ခြင်း​ငါ့​ကို မ​တွေ့​တွေ့​အောင်​ရှာ​၏။-
18 इफ़ेसॉस नगर में की गई उसकी सेवाओं से तुम भली-भांति परिचित हो. प्रभु करें कि उस दिन उसे प्रभु की कृपा प्राप्‍त हो!
၁၈ဧ​ဖက်​မြို့​တွင်​သူ​သည်​ငါ့​အား​အ​ဘယ်​မျှ ပြု​စု​သည်​ကို​သင်​ကောင်း​စွာ​သိ​၏။ တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​၌​သ​ခင် ဘု​ရား​သည်​သူ့​အား​က​ရု​ဏာ​တော်​ကို ခံ​စား​ခွင့်​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

< 2 तीमुथियुस 1 >