< תהילים 82 >
מזמור לאסף אלהים נצב בעדת אל בקרב אלהים ישפט׃ | 1 |
၁ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
עד מתי תשפטו עול ופני רשעים תשאו סלה׃ | 2 |
၂``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။ သူယုတ်မာတို့၏မျက်နှာကိုထောက်၍ တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
שפטו דל ויתום עני ורש הצדיקו׃ | 3 |
၃ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။ ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။
פלטו דל ואביון מיד רשעים הצילו׃ | 4 |
၄သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။
לא ידעו ולא יבינו בחשכה יתהלכו ימוטו כל מוסדי ארץ׃ | 5 |
၅``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
אני אמרתי אלהים אתם ובני עליון כלכם׃ | 6 |
၆သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
אכן כאדם תמותון וכאחד השרים תפלו׃ | 7 |
၇သို့ရာတွင်သင်တို့သည်လူသာမန်များနည်းတူ သေရကြမည်။ မင်းသားတို့နည်းတူအသက်ကုန်ဆုံးရကြမည်။''
קומה אלהים שפטה הארץ כי אתה תנחל בכל הגוים׃ | 8 |
၈အို ဘုရားသခင်၊ ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။ လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။