< תהילים 58 >
למנצח אל תשחת לדוד מכתם האמנם אלם צדק תדברון מישרים תשפטו בני אדם׃ | 1 |
၁အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။
אף בלב עולת תפעלון בארץ חמס ידיכם תפלסון׃ | 2 |
၂တရားသဖြင့်စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသော အကြံကို ကြံစည်၍ မြေကြီး ပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ် ကြ၏။
זרו רשעים מרחם תעו מבטן דברי כזב׃ | 3 |
၃မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းကလမ်းလွှဲ၍ မုသာစကားကို ပြောတတ်ကြ၏။
חמת למו כדמות חמת נחש כמו פתן חרש יאטם אזנו׃ | 4 |
၄သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊
אשר לא ישמע לקול מלחשים חובר חברים מחכם׃ | 5 |
၅လိမ္မာသောအလမ္ပမြွက်ဆိုသော မန္တရားစကား ကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
אלהים הרס שנימו בפימו מלתעות כפירים נתץ יהוה׃ | 6 |
၆အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများ ကို ချိုးတော်မူပါ။
ימאסו כמו מים יתהלכו למו ידרך חצו כמו יתמללו׃ | 7 |
၇ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြ ပါစေသော။ လေးကိုတင်သောအခါ မြှားတို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော။
כמו שבלול תמס יהלך נפל אשת בל חזו שמש׃ | 8 |
၈ခရုသည် သွားစဉ်တွင် ရွေ့လျားသကဲ့သို့၎င်း၊ ပျက် သော ကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော။
בטרם יבינו סירתיכם אטד כמו חי כמו חרון ישערנו׃ | 9 |
၉ဆူးပင်နှင့်မွေးသော မီးပူမှန်းကို အိုးတို့သည် မသိမှီ၊ အသက်ရှင် သောဆူးပင်နှင့် မီးလောင်လျက်ရှိ သော ဆူးပင်တို့ကို လေတွေတိုက်သွားပါစေသော။
ישמח צדיק כי חזה נקם פעמיו ירחץ בדם הרשע׃ | 10 |
၁၀ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။
ויאמר אדם אך פרי לצדיק אך יש אלהים שפטים בארץ׃ | 11 |
၁၁သူတပါးကလည်း၊ ဖြောင့်မတ်သော သူသည် အကျိုးကို ဧကန်အမှန်ခံရ၏။ မြေကြီးပေါ်မှာ တရား စီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူ သည်ဟု ဝန်ခံကြပါလိမ့်မည်။