< תהילים 41 >
למנצח מזמור לדוד אשרי משכיל אל דל ביום רעה ימלטהו יהוה׃ | 1 |
၁ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
יהוה ישמרהו ויחיהו יאשר בארץ ואל תתנהו בנפש איביו׃ | 2 |
၂ထာဝရဘုရားသည်သူ့အား ကွယ်ကာစောင့်ထိန်းတော်မူ၍သူ၏အသက်ကို စောင့်ထိန်းတော်မူလိမ့်မည်။ ကိုယ်တော်သည်သူ့အားပြည်တော်တွင်ဝမ်း မြောက်စွာ နေရသောအခွင့်ကိုပေးတော်မူလိမ့်မည်။ ရန်သူတို့၏လက်သို့အပ်တော်မူမည်မဟုတ်။
יהוה יסעדנו על ערש דוי כל משכבו הפכת בחליו׃ | 3 |
၃သူဖျားနာချိန်၌ကိုယ်တော်သည်ကူမတော်မူ၍ သူ့အားပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
אני אמרתי יהוה חנני רפאה נפשי כי חטאתי לך׃ | 4 |
၄``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှားပါပြီ။ ကျွန်တော်မျိုးအားသနားတော်မူ၍ရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုငါလျှောက်ထား၏။
אויבי יאמרו רע לי מתי ימות ואבד שמו׃ | 5 |
၅ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
ואם בא לראות שוא ידבר לבו יקבץ און לו יצא לחוץ ידבר׃ | 6 |
၆ငါ့အားလာ၍ကြည့်ကြသူများသည် စိတ်ရိုးသဘောရိုးရှိသူများမဟုတ်။ သူတို့သည်ငါ၏အကြောင်းမကောင်းသတင်း များကို ရှာဖွေစုဆောင်းလျက်နေရာအနှံ့အပြားသို့ သွား၍ပြောဆိုတတ်ကြ၏။
יחד עלי יתלחשו כל שנאי עלי יחשבו רעה לי׃ | 7 |
၇ငါ့ကိုမုန်းသောသူအပေါင်းတို့သည်ငါ့အကြောင်း အချင်းချင်းတီးတိုးပြောဆိုတတ်ကြ၏။
דבר בליעל יצוק בו ואשר שכב לא יוסיף לקום׃ | 8 |
၈သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။ နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။
גם איש שלומי אשר בטחתי בו אוכל לחמי הגדיל עלי עקב׃ | 9 |
၉ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
ואתה יהוה חנני והקימני ואשלמה להם׃ | 10 |
၁၀အို ထာဝရဘုရား၊ ရန်သူတို့ကိုကလဲ့စားချေနိုင်ရန် ကျွန်တော်မျိုးအားသနားတော်မူ၍ ပြန်လည်ကျန်းမာစေတော်မူပါ။
בזאת ידעתי כי חפצת בי כי לא יריע איבי עלי׃ | 11 |
၁၁ရန်သူတို့သည်ကျွန်တော်မျိုးအား အနိုင်ရစေတော်မမူမည်ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင် နှစ်သက်တော်မူကြောင်းကိုကျွန်တော်မျိုး သိရပါလိမ့်မည်။
ואני בתמי תמכת בי ותציבני לפניך לעולם׃ | 12 |
၁၂ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်သူဖြစ် သဖြင့် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကူမတော်မူ၍ ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ်နေရခွင့်ကို ပေးတော်မူလိမ့်မည်။
ברוך יהוה אלהי ישראל מהעולם ועד העולם אמן ואמן׃ | 13 |
၁၃ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။