< תהילים 101 >
לדוד מזמור חסד ומשפט אשירה לך יהוה אזמרה׃ | 1 |
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်သစ္စာစောင့်သိခြင်းနှင့် တရားမျှတခြင်းအကြောင်းကိုသီချင်းဆိုပါမည်။ ရှေ့တော်၌သီချင်းဆိုပါမည်။
אשכילה בדרך תמים מתי תבוא אלי אתהלך בתם לבבי בקרב ביתי׃ | 2 |
၂ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
לא אשית לנגד עיני דבר בליעל עשה סטים שנאתי לא ידבק בי׃ | 3 |
၃မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။
לבב עקש יסור ממני רע לא אדע׃ | 4 |
၄ငါသည်လိမ်လည်ကောက်ကျစ်မည်မဟုတ်ပါ။ မကောင်းမှုပြုသူတို့နှင့်ပေါင်းဖော်မည်မဟုတ်ပါ။
מלושני בסתר רעהו אותו אצמית גבה עינים ורחב לבב אתו לא אוכל׃ | 5 |
၅သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
עיני בנאמני ארץ לשבת עמדי הלך בדרך תמים הוא ישרתני׃ | 6 |
၆ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။ သူတို့အားငါ၏နန်းတော်တွင်နေခွင့်ပြုပါမည်။ လိမ်လည်ကောက်ကျစ်မှုကင်းရှင်းသူတို့အား ငါ၏အမှုတို့ကိုထမ်းဆောင်စေပါမည်။
לא ישב בקרב ביתי עשה רמיה דבר שקרים לא יכון לנגד עיני׃ | 7 |
၇လိမ်လည်ပြောဆိုတတ်သူသည်ငါ၏နန်းတော်တွင် နေရမည်မဟုတ်ပါ။ သူတော်ယောင်ဆောင်တတ်သူသည် ငါ၏ရှေ့မှောက်တွင်နေရမည်မဟုတ်ပါ။
לבקרים אצמית כל רשעי ארץ להכרית מעיר יהוה כל פעלי און׃ | 8 |
၈ငါတို့တိုင်းနိုင်ငံတွင်ရှိသမျှသောသူယုတ်မာ တို့ကို ငါသည်နေ့စဉ်နေ့တိုင်းသုတ်သင်ပစ်ပါမည်။ ဆိုးညစ်သူအပေါင်းတို့အားထာဝရဘုရား၏ မြို့တော်မှနှင်ထုတ်ပါမည်။