< מִשְׁלֵי 9 >
חכמות בנתה ביתה חצבה עמודיה שבעה׃ | 1 |
၁ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
טבחה טבחה מסכה יינה אף ערכה שלחנה׃ | 2 |
၂သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
שלחה נערתיה תקרא על גפי מרמי קרת׃ | 3 |
၃ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
מי פתי יסר הנה חסר לב אמרה לו׃ | 4 |
၄ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
לכו לחמו בלחמי ושתו ביין מסכתי׃ | 5 |
၅လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
עזבו פתאים וחיו ואשרו בדרך בינה׃ | 6 |
၆မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
יסר לץ לקח לו קלון ומוכיח לרשע מומו׃ | 7 |
၇မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
אל תוכח לץ פן ישנאך הוכח לחכם ויאהבך׃ | 8 |
၈မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
תן לחכם ויחכם עוד הודע לצדיק ויוסף לקח׃ | 9 |
၉ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
תחלת חכמה יראת יהוה ודעת קדשים בינה׃ | 10 |
၁၀ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
כי בי ירבו ימיך ויוסיפו לך שנות חיים׃ | 11 |
၁၁အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
אם חכמת חכמת לך ולצת לבדך תשא׃ | 12 |
၁၂သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
אשת כסילות המיה פתיות ובל ידעה מה׃ | 13 |
၁၃မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
וישבה לפתח ביתה על כסא מרמי קרת׃ | 14 |
၁၄မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
לקרא לעברי דרך המישרים ארחותם׃ | 15 |
၁၅လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
מי פתי יסר הנה וחסר לב ואמרה לו׃ | 16 |
၁၆ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
מים גנובים ימתקו ולחם סתרים ינעם׃ | 17 |
၁၇ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
ולא ידע כי רפאים שם בעמקי שאול קראיה׃ (Sheol ) | 18 |
၁၈ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol )