< במדבר 11 >
ויהי העם כמתאננים רע באזני יהוה וישמע יהוה ויחר אפו ותבער בם אש יהוה ותאכל בקצה המחנה׃ | 1 |
၁လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
ויצעק העם אל משה ויתפלל משה אל יהוה ותשקע האש׃ | 2 |
၂ထိုအခါလူတို့သည်မောရှေအားအော်ဟစ်၍ အကူအညီတောင်းခံ၏။ မောရှေသည်ထာဝရ ဘုရားထံဆုတောင်းသဖြင့်မီးငြိမ်းသွား လေသည်။-
ויקרא שם המקום ההוא תבערה כי בערה בם אש יהוה׃ | 3 |
၃သူတို့အပေါ်တွင်ထာဝရဘုရားမှလောင် မီးကျသဖြင့် ထိုအရပ်ကိုတဗေရဟု သမုတ်ကြ၏။
והאספסף אשר בקרבו התאוו תאוה וישבו ויבכו גם בני ישראל ויאמרו מי יאכלנו בשר׃ | 4 |
၄ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။-
זכרנו את הדגה אשר נאכל במצרים חנם את הקשאים ואת האבטחים ואת החציר ואת הבצלים ואת השומים׃ | 5 |
၅ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
ועתה נפשנו יבשה אין כל בלתי אל המן עינינו׃ | 6 |
၆ယခုငါတို့အင်အားကုန်ခန်းပါပြီ။ တစ်နေ့ နောက်တစ်နေ့ဤမန္နမုန့်အပြင်စားစရာ မရှိပါ'' ဟုညည်းတွားကြလေသည်။
והמן כזרע גד הוא ועינו כעין הבדלח׃ | 7 |
၇(မန္နမုန့်သည်ဝါဖျော့ဖျော့အရောင်ရှိသော သစ်စေ့ကလေးများနှင့်တူ၏။-
שטו העם ולקטו וטחנו ברחים או דכו במדכה ובשלו בפרור ועשו אתו עגות והיה טעמו כטעם לשד השמן׃ | 8 |
၈ညအခါနှင်းနှင့်အတူစခန်းထဲသို့ကျ၏။ နံနက်အချိန်တွင်လူတို့သည်မန္နမုန့်ကိုလှည့် လည်စုသိမ်းပြီးလျှင်ကြိတ်၍ဖြစ်စေ၊ ထောင်း ၍ဖြစ်စေမုန့်ညက်ပြုလုပ်ကြ၏။ ထိုနောက် မုန့်ညက်ကိုပေါင်း၍မုန့်ပြားပြုလုပ်ကြ၏။ အရသာသည်သံလွင်ဆီနှင့်ဖုတ်သောမုန့် အရသာနှင့်တူ၏။)
וברדת הטל על המחנה לילה ירד המן עליו׃ | 9 |
၉
וישמע משה את העם בכה למשפחתיו איש לפתח אהלו ויחר אף יהוה מאד ובעיני משה רע׃ | 10 |
၁၀လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။-
ויאמר משה אל יהוה למה הרעת לעבדך ולמה לא מצתי חן בעיניך לשום את משא כל העם הזה עלי׃ | 11 |
၁၁မောရှေက``ကိုယ်တော်အဘယ်ကြောင့်အကျွန်ုပ် အား ဆင်းရဲဒုက္ခရောက်စေတော်မူပါသနည်း။ အဘယ်ကြောင့်အကျွန်ုပ်သည်ရှေ့တော်၌မျက်နှာ မရပါသနည်း။ ဤသူအပေါင်းတို့အတွက် အကျွန်ုပ်အား အဘယ်ကြောင့်တာဝန်ပေးတော် မူပါသနည်း။-
האנכי הריתי את כל העם הזה אם אנכי ילדתיהו כי תאמר אלי שאהו בחיקך כאשר ישא האמן את הינק על האדמה אשר נשבעת לאבתיו׃ | 12 |
၁၂အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။-
מאין לי בשר לתת לכל העם הזה כי יבכו עלי לאמר תנה לנו בשר ונאכלה׃ | 13 |
၁၃ဤသူအပေါင်းတို့စားရန်အသားကိုအကျွန်ုပ် အဘယ်မှာရှာ၍ရနိုင်ပါမည်နည်း။ သူတို့သည် အသားစားလိုပါသည်ဟူ၍ ညည်းတွားတောင်း ဆိုလျက်ရှိကြပါသည်။-
לא אוכל אנכי לבדי לשאת את כל העם הזה כי כבד ממני׃ | 14 |
၁၄ဤသူအပေါင်းတို့အတွက်အကျွန်ုပ်တစ်ဦး တည်းကတာဝန်မယူနိုင်ပါ။ ထိုတာဝန် သည်အကျွန်ုပ်အတွက်ကြီးလွန်းပါ၏။-
ואם ככה את עשה לי הרגני נא הרג אם מצאתי חן בעיניך ואל אראה ברעתי׃ | 15 |
၁၅အကျွန်ုပ်သည်ဤတာဝန်ထမ်းဆောင်ရမည် ဟုဆိုလျှင် ကိုယ်တော်သည်အကျွန်ုပ်အား သနားသဖြင့်ယခုပင်အသက်သေစေ၍ ဤဆင်းရဲဒုက္ခမှကင်းလွတ်စေတော်မူပါ'' ဟုထာဝရဘုရားအားလျှောက်ထားလေ သည်။
ויאמר יהוה אל משה אספה לי שבעים איש מזקני ישראל אשר ידעת כי הם זקני העם ושטריו ולקחת אתם אל אהל מועד והתיצבו שם עמך׃ | 16 |
၁၆ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့အထဲမှဂုဏ်အသရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို ပဋိညာဉ်တဲတော် သို့လာရောက်စုရုံးစေပြီးလျှင်သင်နှင့် အတူရပ်နေစေလော့။-
וירדתי ודברתי עמך שם ואצלתי מן הרוח אשר עליך ושמתי עליהם ונשאו אתך במשא העם ולא תשא אתה לבדך׃ | 17 |
၁၇ငါသည်ကြွလာ၍သင်နှင့်စကားပြောဆိုမည်။ ငါသည်သင့်အားပေးအပ်ထားသောစွမ်းရည် အချို့ကိုယူ၍ သူတို့အားပေးအပ်မည်။ ထို အခါဤသူများအတွက်ထမ်းရသောတာဝန် ကိုသူတို့သည်သင့်အားကူညီထမ်းရွက်နိုင် သဖြင့် ထိုတာဝန်ကိုသင်တစ်ဦးတည်းထမ်း ရန်မလိုတော့ချေ။-
ואל העם תאמר התקדשו למחר ואכלתם בשר כי בכיתם באזני יהוה לאמר מי יאכלנו בשר כי טוב לנו במצרים ונתן יהוה לכם בשר ואכלתם׃ | 18 |
၁၈ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
לא יום אחד תאכלון ולא יומים ולא חמשה ימים ולא עשרה ימים ולא עשרים יום׃ | 19 |
၁၉သူတို့သည်အသားကိုတစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်မျှသာ စားကြရမည်မကဘဲ၊-
עד חדש ימים עד אשר יצא מאפכם והיה לכם לזרא יען כי מאסתם את יהוה אשר בקרבכם ותבכו לפניו לאמר למה זה יצאנו ממצרים׃ | 20 |
၂၀အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
ויאמר משה שש מאות אלף רגלי העם אשר אנכי בקרבו ואתה אמרת בשר אתן להם ואכלו חדש ימים׃ | 21 |
၂၁မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
הצאן ובקר ישחט להם ומצא להם אם את כל דגי הים יאסף להם ומצא להם׃ | 22 |
၂၂သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။
ויאמר יהוה אל משה היד יהוה תקצר עתה תראה היקרך דברי אם לא׃ | 23 |
၂၃ထာဝရဘုရားက``ငါမတတ်နိုင်သည့်အရာ ရှိသလော။ ငါမိန့်တော်မူသမျှအတိုင်းဖြစ် မည်မဖြစ်မည်ကိုသင်မကြာမီတွေ့မြင်ရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ויצא משה וידבר אל העם את דברי יהוה ויאסף שבעים איש מזקני העם ויעמד אתם סביבת האהל׃ | 24 |
၂၄မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။-
וירד יהוה בענן וידבר אליו ויאצל מן הרוח אשר עליו ויתן על שבעים איש הזקנים ויהי כנוח עליהם הרוח ויתנבאו ולא יספו׃ | 25 |
၂၅ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
וישארו שני אנשים במחנה שם האחד אלדד ושם השני מידד ותנח עליהם הרוח והמה בכתבים ולא יצאו האהלה ויתנבאו במחנה׃ | 26 |
၂၆ခေါင်းဆောင်ခုနစ်ဆယ်ထဲမှဧလဒဒ်နှင့်မေဒဒ် ဆိုသူနှစ်ဦးသည် တဲတော်သို့မသွားဘဲစခန်း ထဲတွင်ကျန်ရစ်ခဲ့ကြ၏။ သူတို့အပေါ်သို့ဝိညာဉ် တော်သက်ဆင်းလာသောအခါ သူတို့သည်လည်း ပရောဖက်များကဲ့သို့ကြွေးကြော်ကြသည်။-
וירץ הנער ויגד למשה ויאמר אלדד ומידד מתנבאים במחנה׃ | 27 |
၂၇လူငယ်တစ်ဦးကဧလဒဒ်နှင့်မေဒဒ်တို့ပြု မူပုံကို မောရှေထံသို့ပြေး၍ပြောကြား၏။
ויען יהושע בן נון משרת משה מבחריו ויאמר אדני משה כלאם׃ | 28 |
၂၈ထိုအခါငယ်စဉ်ကတည်းကမောရှေကိုကူ ညီခဲ့သောနုန်၏သားဖြစ်သော ယောရှုက မောရှေအား``အရှင်၊ သူတို့ကိုတားမြစ် ပါ'' ဟုတိုက်တွန်းလေသည်။
ויאמר לו משה המקנא אתה לי ומי יתן כל עם יהוה נביאים כי יתן יהוה את רוחו עליהם׃ | 29 |
၂၉မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
ויאסף משה אל המחנה הוא וזקני ישראל׃ | 30 |
၃၀ထိုနောက်မောရှေနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်ခုနစ်ဆယ်တို့သည် စခန်းသို့ပြန် သွားကြ၏။
ורוח נסע מאת יהוה ויגז שלוים מן הים ויטש על המחנה כדרך יום כה וכדרך יום כה סביבות המחנה וכאמתים על פני הארץ׃ | 31 |
၃၁ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
ויקם העם כל היום ההוא וכל הלילה וכל יום המחרת ויאספו את השלו הממעיט אסף עשרה חמרים וישטחו להם שטוח סביבות המחנה׃ | 32 |
၃၂သို့ဖြစ်၍လူတို့သည်တစ်နေ့လုံး၊ တစ်ညလုံး နှင့်နောက်တစ်နေ့လုံးငုံးငှက်များကိုဖမ်းဆီး ကြ၏။ ယုတ်စွအဆုံးလူတစ်ဦးလျှင်ငုံးငှက် တင်းငါးဆယ်မျှဖမ်းဆီးမိသည်။ သူတို့သည် စခန်းပတ်လည်တွင်ငှက်များကိုဖြန့်၍ အခြောက်လှန်းကြသည်။-
הבשר עודנו בין שניהם טרם יכרת ואף יהוה חרה בעם ויך יהוה בעם מכה רבה מאד׃ | 33 |
၃၃ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-
ויקרא את שם המקום ההוא קברות התאוה כי שם קברו את העם המתאוים׃ | 34 |
၃၄ထိုအရပ်တွင်အသားကိုတောင့်တသူတို့၏ အလောင်းများကိုမြုပ်နှံခဲ့ရသဖြင့် ကိဗြုတ် ဟတ္တဝါသို့မဟုတ်တောင့်တသူတို့၏သင်္ချိုင်း ဟူ၍နာမည်မှည့်ခေါ်လေ၏။
מקברות התאוה נסעו העם חצרות ויהיו בחצרות׃ | 35 |
၃၅သူတို့သည်ထိုအရပ်မှခရီးဆက်ကြ၍ ဟာဇရုတ်အရပ်သို့ရောက်လျှင်စခန်းချ ကြလေသည်။