< ויקרא 25 >

וידבר יהוה אל משה בהר סיני לאמר׃ 1
တဖန် သိနာ တောင် ပေါ် မှာ၊ မောရှေ အား ထာဝရဘုရား က၊
דבר אל בני ישראל ואמרת אלהם כי תבאו אל הארץ אשר אני נתן לכם ושבתה הארץ שבת ליהוה׃ 2
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် သောအခါ ၊ ထိုပြည် သည် ထာဝရဘုရား အဘို့ ဥပုသ် စောင့် ရမည်။
שש שנים תזרע שדך ושש שנים תזמר כרמך ואספת את תבואתה׃ 3
ခြောက် နှစ် ပတ်လုံးလယ် လုပ်လျက်၊ စပျစ် ဥယျာဉ်ကို သုတ်သင် ၍ အသီး ကို သိမ်း လျက် နေရမည်။
ובשנה השביעת שבת שבתון יהיה לארץ שבת ליהוה שדך לא תזרע וכרמך לא תזמר׃ 4
သတ္တမ နှစ် သည်၊ ထာဝရဘုရား အဘို့ ဥပုသ် နှစ်၊ တပြည်လုံး ငြိမ်ဝပ် စွာနေ၍ ဥပုသ် စောင့်ရသောနှစ်ဖြစ်၏။ လယ် မ လုပ် ရ။ စပျစ် ဥယျာဉ်ကို မ သုတ်သင် ရ။
את ספיח קצירך לא תקצור ואת ענבי נזירך לא תבצר שנת שבתון יהיה לארץ׃ 5
လယ်၌ အလိုလို ပေါက်သော အသီး အနှံကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ် အသီး ကိုမျှ မ ဆွတ် ရ။ တပြည်လုံး ငြိမ်ဝပ် စွာ နေရသော နှစ် ဖြစ် ၏။
והיתה שבת הארץ לכם לאכלה לך ולעבדך ולאמתך ולשכירך ולתושבך הגרים עמך׃ 6
ပြည် ဥပုသ် တည်းဟူသောအလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍သင် ၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည် စားစရာ၊
ולבהמתך ולחיה אשר בארצך תהיה כל תבואתה לאכל׃ 7
သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲ စားစရာဖြစ် ရမည်။
וספרת לך שבע שבתת שנים שבע שנים שבע פעמים והיו לך ימי שבע שבתת השנים תשע וארבעים שנה׃ 8
ဥပုသ် နှစ် ခုနစ် နှစ်ကို ရေတွက် ၍ ၊ ခုနှစ် နှစ် ခုနှစ် လီ တည်းဟူသောလေး ဆယ်ကိုး နှစ် စေ့ပြီးမှ၊
והעברת שופר תרועה בחדש השבעי בעשור לחדש ביום הכפרים תעבירו שופר בכל ארצכם׃ 9
သတ္တမ လ ဆယ် ရက်နေ့၊ အပြစ် ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုး ကို တပြည်လုံး မှုတ် စေရမည်။
וקדשתם את שנת החמשים שנה וקראתם דרור בארץ לכל ישביה יובל הוא תהיה לכם ושבתם איש אל אחזתו ואיש אל משפחתו תשבו׃ 10
၁၀ငါး ဆယ်မြောက်သောနှစ် ကို သန့်ရှင်း စေသဖြင့် ၊ တပြည်လုံး ၌ ပြည်သား အပေါင်း တို့အား ၊ လွတ် ရာ အခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလ နှစ်ဖြစ်၍၊ လူတိုင်း မိမိ ပိုင် သောမြေ၊ မိမိ အဆွေ အမျိုးထံ သို့ပြန် ရမည်။
יובל הוא שנת החמשים שנה תהיה לכם לא תזרעו ולא תקצרו את ספיחיה ולא תבצרו את נזריה׃ 11
၁၁ငါး ဆယ်မြောက်သောနှစ် သည် ယုဘိလ နှစ် ဖြစ် သောကြောင့် လယ် မ လုပ်ရ။ အလိုလို ပေါက်သော အပင်ကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မ ဆွတ် ရ။
כי יובל הוא קדש תהיה לכם מן השדה תאכלו את תבואתה׃ 12
၁၂ယုဘိလ နှစ်သည် သန့်ရှင်း သော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသောအသီး အနှံကိုသာ စား ရမည်။
בשנת היובל הזאת תשבו איש אל אחזתו׃ 13
၁၃ယုဘိလ နှစ် တွင် လူ တိုင်း မိမိ ပိုင် သော မြေသို့ ပြန် ရမည်။
וכי תמכרו ממכר לעמיתך או קנה מיד עמיתך אל תונו איש את אחיו׃ 14
၁၄သင်တို့သည် အချင်းချင်း ရောင်း ဝယ် မှုကို ပြုလျှင် ၊ တယောက် ကို တယောက်မ ညှဉ်းဆဲ ရ။
במספר שנים אחר היובל תקנה מאת עמיתך במספר שני תבואת ימכר לך׃ 15
၁၅ယုဘိလ နှစ်လွန် ၍ လိုသေးသော နှစ် ပေါင်း၊ အသီး အနှံသီးလတံ့သော နှစ် ပေါင်းကို ရေတွက်၍ ရောင်း ဝယ်မှုကို ပြုရမည်။
לפי רב השנים תרבה מקנתו ולפי מעט השנים תמעיט מקנתו כי מספר תבואת הוא מכר לך׃ 16
၁၆ထိုသို့ အသီးသီးရသောနှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုး လျော့ လျက်၊ တိုး လျက် ရောင်း ဝယ်ရမည်။
ולא תונו איש את עמיתו ויראת מאלהיך כי אני יהוה אלהיכם׃ 17
၁၇သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
ועשיתם את חקתי ואת משפטי תשמרו ועשיתם אתם וישבתם על הארץ לבטח׃ 18
၁၈သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် စောင့်လျှင်၊ ထိုပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
ונתנה הארץ פריה ואכלתם לשבע וישבתם לבטח עליה׃ 19
၁၉မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
וכי תאמרו מה נאכל בשנה השביעת הן לא נזרע ולא נאסף את תבואתנו׃ 20
၂၀သင်တို့ကလည်း၊ သတ္တမ နှစ် တွင် ငါတို့သည် အဘယ် သို့စား ရမည်နည်း။ လယ် မ လုပ်ရ။ အသီး အနှံကို မ သိမ်း ရပါတကားဟု ဆို လျှင်၊
וצויתי את ברכתי לכם בשנה הששית ועשת את התבואה לשלש השנים׃ 21
၂၁ဆဌမ နှစ် တွင် သင် တို့ကို ငါ ကောင်းကြီး ပေး၍ ၊ ထိုနှစ်တွင် သုံး နှစ် အဘို့ အသီး အနှံကို ဖြစ် စေမည်။
וזרעתם את השנה השמינת ואכלתם מן התבואה ישן עד השנה התשיעת עד בוא תבואתה תאכלו ישן׃ 22
၂၂သင်တို့သည် အဋ္ဌမ နှစ် တွင် လယ် လုပ်၍ နဝမ နှစ် တွင် အသီး အနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်း သော အသီး အနှံကို စား ရကြမည်။
והארץ לא תמכר לצמתת כי לי הארץ כי גרים ותושבים אתם עמדי׃ 23
၂၃မြေ ကို သူတပါး အစဉ် ပိုင်စေခြင်းငှါမ ရောင်း ရ။ မြေ သည် ငါ့ ဥစ္စာဖြစ်၏။ သင် တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
ובכל ארץ אחזתכם גאלה תתנו לארץ׃ 24
၂၄သင် တို့သည် မြေ ကို ပိုင် လေရာရာ ၌ ရွေးနှုတ် ရသောအခွင့်ကိုပေး ရကြမည်။
כי ימוך אחיך ומכר מאחזתו ובא גאלו הקרב אליו וגאל את ממכר אחיו׃ 25
၂၅သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍၊ မိမိ ပိုင် သောမြေကို ရောင်း လျှင် ၎င်း ၊ သူ ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာ လျှင် ၎င်း၊ မိမိ ပေါက်ဘော် ရောင်း သောဥစ္စာကို ရွေးနှုတ် ရသောအခွင့်ရှိရမည်။
ואיש כי לא יהיה לו גאל והשיגה ידו ומצא כדי גאלתו׃ 26
၂၆ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊
וחשב את שני ממכרו והשיב את העדף לאיש אשר מכר לו ושב לאחזתו׃ 27
၂၇မိမိ မြေ သို့ ပြန် အံ့သောငှါ ၊ ရောင်း ၍လွန်သော နှစ် ပေါင်းကို ရေတွက် ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်း ခဲ့သော သူ အား ပြန် ပေးရမည်။
ואם לא מצאה ידו די השיב לו והיה ממכרו ביד הקנה אתו עד שנת היובל ויצא ביבל ושב לאחזתו׃ 28
၂၈ပြန်၍မ ပေး နိုင်လျှင် ရောင်း ခဲ့သောဥစ္စာကို ယုဘိလ နှစ် တိုင်အောင် ဝယ် သောသူလက် ၌ ရှိ စေရမည်။ ယုဘိလ နှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက် စေရမည်။
ואיש כי ימכר בית מושב עיר חומה והיתה גאלתו עד תם שנת ממכרו ימים תהיה גאלתו׃ 29
၂၉မြို့ ထဲ၌ရှိသောအိမ် ကို အိမ်ရှင်ရောင်း လျှင် ၊ တနှစ် အတွင်းတွင် ရွေးနှုတ် သော အခွင့်ရှိ စေရမည်။
ואם לא יגאל עד מלאת לו שנה תמימה וקם הבית אשר בעיר אשר לא חמה לצמיתת לקנה אתו לדרתיו לא יצא ביבל׃ 30
၃၀တနှစ် အတွင်းတွင် မ ရွေးနှုတ် လျှင် ၊ ထို အိမ် ကို ဝယ် သောသူမှစ၍သားစဉ် မြေးဆက်တို့သည် အမြဲ ပိုင်ရကြမည်။ ယုဘိလ နှစ်ရောက်သော်လည်းလက်မ လွှတ် ရ။
ובתי החצרים אשר אין להם חמה סביב על שדה הארץ יחשב גאלה תהיה לו וביבל יצא׃ 31
၃၁မြို့ရိုး မ ရှိ၊ ရွာ ၌ရှိသောအိမ် ကို လယ်ယာ ကဲ့သို့မှတ် ၍ ရွေးနှုတ် ရသောအခွင့်ရှိ ၏။ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။
וערי הלוים בתי ערי אחזתם גאלת עולם תהיה ללוים׃ 32
၃၂သို့ရာတွင် လေဝိ သားပိုင်သော မြို့ နှင့်မြို့ အိမ် တို့ကို၊ အဘယ် ကာလအချိန်မဆိုဘဲ ရွေးနှုတ် ရသောအခွင့်ရှိ ၏။
ואשר יגאל מן הלוים ויצא ממכר בית ועיר אחזתו ביבל כי בתי ערי הלוים הוא אחזתם בתוך בני ישראל׃ 33
၃၃လေဝိ သားပိုင် သော မြို့ ကို၎င်း၊ အိမ် ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။ အကြောင်း မူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိ သားတို့သည်၊ ကိုယ် နေရာ မြို့ အိမ် မှတပါး အခြားသော ဥစ္စာမရှိ။
ושדה מגרש עריהם לא ימכר כי אחזת עולם הוא להם׃ 34
၃၄သို့ ဆိုသော်လည်း၊ လေဝိ သားမြို့ နယ် ၌ရှိသောလယ်ယာ တို့ကို မ ရောင်း ရ။ အစဉ် အမြဲပိုင် ရမည်။
וכי ימוך אחיך ומטה ידו עמך והחזקת בו גר ותושב וחי עמך׃ 35
၃၅သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ လက် အားလျော့ သဖြင့် တပါး အမျိုးသားဧည့်သည် အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့် ထံ မှာနေ စေခြင်းငှါ သူ့ ကို မစ ရမည်။
אל תקח מאתו נשך ותרבית ויראת מאלהיך וחי אחיך עמך׃ 36
၃၆သူ၌ အတိုး အပွားကို မ ယူ ရ။ သင် ၏ အမျိုးသား ချင်းသည် သင့် ထံ မှာနေ စေခြင်းငှါ ၊ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ လော့။
את כספך לא תתן לו בנשך ובמרבית לא תתן אכלך׃ 37
၃၇အတိုး အပွါး ကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာ ကို၎င်း၊ သူ ၌ မ ချေး မငှါးရ။
אני יהוה אלהיכם אשר הוצאתי אתכם מארץ מצרים לתת לכם את ארץ כנען להיות לכם לאלהים׃ 38
၃၈ငါသည် ခါနာန် ပြည် ကို သင် တို့အား ပေး ၍ ၊ သင် တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
וכי ימוך אחיך עמך ונמכר לך לא תעבד בו עבדת עבד׃ 39
၃၉သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်း ခံလျှင် ၊ အစေခံ ကျွန်ကိုပြု သကဲ့သို့သူ့ ကို အနိုင်မ ပြု ရ။
כשכיר כתושב יהיה עמך עד שנת היבל יעבד עמך׃ 40
၄၀သူသည် သူငှါး ကဲ့သို့ ၎င်း၊ ဧည့်သည် ကဲ့သို့ ၎င်း၊ သင့် ထံ မှာနေ ၍ ယုဘိလ နှစ် တိုင်အောင် အစေခံ ရမည်။
ויצא מעמך הוא ובניו עמו ושב אל משפחתו ואל אחזת אבתיו ישוב׃ 41
၄၁ထိုအခါ သူ သည် သား သမီးနှင့်တကွ ထွက် ၍ ၊ မိမိ အဆွေ အမျိုး၊ မိမိ ဘိုး ဘပိုင် သောမြေသို့ ပြန် ရမည်။
כי עבדי הם אשר הוצאתי אתם מארץ מצרים לא ימכרו ממכרת עבד׃ 42
၄၂အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော ငါ ၏ အမှုထမ်း ဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မ ရောင်း ရ။
לא תרדה בו בפרך ויראת מאלהיך׃ 43
၄၃သူ့ ကို ကြမ်းတမ်း စွာ မ စီရင် ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။
ועבדך ואמתך אשר יהיו לך מאת הגוים אשר סביבתיכם מהם תקנו עבד ואמה׃ 44
၄၄သင် သည် စေခိုင်းသောကျွန် ၊ ကျွန် မတို့ကို၊ သင့် ပတ်လည် ဝန်းကျင်တို့၌ နေသော သာသနာပ လူတို့ တွင် ဝယ် ရမည်။
וגם מבני התושבים הגרים עמכם מהם תקנו וממשפחתם אשר עמכם אשר הולידו בארצכם והיו לכם לאחזה׃ 45
၄၅ထိုမှတပါး၊ သင် တို့တွင် တည်း နေသောတကျွန်း တနိုင်ငံသားတို့ကို၎င်း၊ သင် တို့ပြည် ၌ သူတို့ရ သော သား သမီးများကို ၎င်းဝယ် ၍ ပိုင် ရမည်။
והתנחלתם אתם לבניכם אחריכם לרשת אחזה לעלם בהם תעבדו ובאחיכם בני ישראל איש באחיו לא תרדה בו בפרך׃ 46
၄၆သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင် တို့နှင့် သင် တို့သား သမီးတို့သည် အမွေ ခံ၍ ပိုင် ရမည်။ ကိုယ် အမျိုးသား ချင်းတည်းဟူသောဣသရေလ အမျိုးသား ဖြစ်လျှင်၊ တယောက် ကိုတယောက်ကြမ်းတမ်း စွာ မ စီရင် ရ။
וכי תשיג יד גר ותושב עמך ומך אחיך עמו ונמכר לגר תושב עמך או לעקר משפחת גר׃ 47
၄၇သင့် အနား မှာတည်းနေသောတကျွန်း တနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏အနား မှာနေသောသင် ၏ အမျိုးသားချင်း ဆင်းရဲ သဖြင့် ၊ သင့် အနား မှာ တည်းနေသောတကျွန်း တနိုင်ငံသား၌ ၎င်း၊ သူ၏ သား မြေး၌ ၎င်း၊ ကိုယ်ကိုရောင်းချ လျှင်၊
אחרי נמכר גאלה תהיה לו אחד מאחיו יגאלנו׃ 48
၄၈ရောင်း ပြီးမှ ရွေးနှုတ် သော အခွင့်ရှိ စေရမည်။ မိမိ အမျိုးသား တစုံ တယောက်သည် ရွေးနှုတ် ရမည်။
או דדו או בן דדו יגאלנו או משאר בשרו ממשפחתו יגאלנו או השיגה ידו ונגאל׃ 49
၄၉ဘကြီး ၊ ဘထွေး၊ ညီအစ်ကို တော်မှစ၍အဆွေ အမျိုးပေါက်ဘော် ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင် လျှင်လည်း ကိုယ်ကိုရွေးနှုတ် ရမည်။
וחשב עם קנהו משנת המכרו לו עד שנת היבל והיה כסף ממכרו במספר שנים כימי שכיר יהיה עמו׃ 50
၅၀သခင်နှင့် ကျွန်တို့သည်၊ ရောင်း ဝယ်သော နှစ် မှစ၍ ယုဘိလ နှစ် တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါး လုပ် ရသည် ကာလ ကို ထောက်၍၎င်း၊ ကိုယ် အဘိုး ကို စီရင် ရမည်။
אם עוד רבות בשנים לפיהן ישיב גאלתו מכסף מקנתו׃ 51
၅၁ယုဘိလ နှစ် မ ရောက်မှီ၊ အစေခံရသောနှစ် ပေါင်း အနည်း အများကို ရေတွက် ၍၊
ואם מעט נשאר בשנים עד שנת היבל וחשב לו כפי שניו ישיב את גאלתו׃ 52
၅၂လိုသေးသော နှစ် ပေါင်း အနည်းအများ အလိုက် ရွေးရန်အဘိုးကို၊ ဝယ် ရင်းငွေ ထဲက နှုတ် ၍ ပြန် ပေး ရမည်။
כשכיר שנה בשנה יהיה עמו לא ירדנו בפרך לעיניך׃ 53
၅၃ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါး ကဲ့သို့ နေ ရမည်။ သင့် မျက်မှောက် ၌ ညှဉ်းဆဲ ခြင်းကို မ ခံရ။
ואם לא יגאל באלה ויצא בשנת היבל הוא ובניו עמו׃ 54
၅၄ထိုသို့သောနည်းဖြင့် မ ရွေး မနှုတ်လျှင် ၊ ယုဘိလ နှစ် ရောက်သောအခါ ၊ သူ့ ကို သား မယားနှင့်တကွ သခင်လက်မှ လွှတ် ရမည်။
כי לי בני ישראל עבדים עבדי הם אשר הוצאתי אותם מארץ מצרים אני יהוה אלהיכם׃ 55
၅၅အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည်၊ ငါ ၏ အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

< ויקרא 25 >