< שופטים 1 >

ויהי אחרי מות יהושע וישאלו בני ישראל ביהוה לאמר מי יעלה לנו אל הכנעני בתחלה להלחם בו׃ 1
ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။
ויאמר יהוה יהודה יעלה הנה נתתי את הארץ בידו׃ 2
ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​သည် ပ​ထ​မ​သွား​ရောက်​ရ​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​လက်​သို့​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။
ויאמר יהודה לשמעון אחיו עלה אתי בגורלי ונלחמה בכנעני והלכתי גם אני אתך בגורלך וילך אתו שמעון׃ 3
ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊-
ויעל יהודה ויתן יהוה את הכנעני והפרזי בידם ויכום בבזק עשרת אלפים איש׃ 4
ယု​ဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင် ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​သူ​တို့​အား ခါ​နာန်​ပြည်​သား​များ​နှင့်​ဖေ​ရ​ဇိ​ပြည်​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဗေ​ဇက်​မြို့​တွင်​ရန်​သူ​တပ်​သား ပေါင်း​တစ်​သောင်း​ကို​တိုက်​ခိုက်​အောင်​မြင် လိုက်​ကြ​၏။-
וימצאו את אדני בזק בבזק וילחמו בו ויכו את הכנעני ואת הפרזי׃ 5
ထို​မြို့​တွင်​သူ​တို့​သည်​အ​ဒေါ​နိ​ဗေ​ဇက် မင်း​ကို​တွေ့​၍​သူ့​အား​တိုက်​ခိုက်​သဖြင့်၊-
וינס אדני בזק וירדפו אחריו ויאחזו אתו ויקצצו את בהנות ידיו ורגליו׃ 6
သူ​သည်​ထွက်​ပြေး​လေ​သည်။ သူ​တို့​သည်​ထို မင်း​အား​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် သူ​၏ လက်​မ​ခြေ​မ​များ​ကို​ဖြတ်​တောက်​ပစ် ကြ​၏။-
ויאמר אדני בזק שבעים מלכים בהנות ידיהם ורגליהם מקצצים היו מלקטים תחת שלחני כאשר עשיתי כן שלם לי אלהים ויביאהו ירושלם וימת שם׃ 7
အ​ဒေါ​နိ​ဗေ​ဇက်​က``ငါ​သည်​ဘု​ရင်​ခု​နစ်​ဆယ် တို့​အား​ခြေ​မ​လက်​မ​များ​ဖြတ်​တောက်​ပစ်​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စား​ပွဲ​အောက်​မှ​စား​ကြွင်း​စား ကျန်​များ​ကို​ကောက်​၍​စား​ခဲ့​ကြ​ရ​၏။ ယ​ခု​မှာ မူ​ဘု​ရား​သ​ခင်​သည် ထို​သူ​တို့​အား​ငါ​ပြု​ခဲ့ သည်​အ​တိုင်း​ငါ့​ကို​ပြု​တော်​မူ​လေ​ပြီ'' ဟု ဆို​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ခြင်း​ကို ခံ​ရ​ပြီး​လျှင်​ထို​မြို့​၌​ပင်​ကွယ်​လွန် သွား​လေ​၏။
וילחמו בני יהודה בירושלם וילכדו אותה ויכוה לפי חרב ואת העיר שלחו באש׃ 8
ယု​ဒ​အ​နွယ်​ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​၏။ မြို့​သား​တို့​ကို သတ်​၍​မြို့​ကို​မီး​ရှို့​ကြ​လေ​သည်။-
ואחר ירדו בני יהודה להלחם בכנעני יושב ההר והנגב והשפלה׃ 9
ထို​နောက်​တောင်​ကုန်း​ဒေ​သ​၌​လည်း​ကောင်း၊ တောင် ခြေ​ရင်း​ဒေ​သ​နှင့်​တောင်​ဘက်​သွေ့​ခြောက်​သည့် ဒေ​သ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​သော​ခါ​နာန် ပြည်​သား​တို့​အား​သွား​ရောက်​တိုက်​ခိုက်​ကြ​၏။-
וילך יהודה אל הכנעני היושב בחברון ושם חברון לפנים קרית ארבע ויכו את ששי ואת אחימן ואת תלמי׃ 10
၁၀ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။
וילך משם אל יושבי דביר ושם דביר לפנים קרית ספר׃ 11
၁၁ထို​မှ​တစ်​ဖန်​ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ထို​စဉ် အခါ​က​ကိ​ရ​ယ​ဿေ​ဖာ​ဟု​နာ​မည်​တွင်​သည့် ဒေ​ဗိ​ရ​မြို့​သို့​ချီ​တက်​ကြ​၏။-
ויאמר כלב אשר יכה את קרית ספר ולכדה ונתתי לו את עכסה בתי לאשה׃ 12
၁၂ထို​သူ​တို့​အ​နက်​ကာ​လက်​ဆို​သူ​က``ငါ​သည် ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​တိုက်​ခိုက်​အောင်​မြင် သော​သူ​အား​ငါ့​သ​မီး​အာ​ခ​သ​နှင့် ပေး​စား​မည်'' ဟု​ဆို​၏။-
וילכדה עתניאל בן קנז אחי כלב הקטן ממנו ויתן לו את עכסה בתו לאשה׃ 13
၁၃ယင်း​သို့​ဆို​သည်​အ​တိုင်း​သြ​သံ​ယေ​လ​သည် ထို မြို့​ကို​အောင်​မြင်​စွာ​တိုက်​ခိုက်​နိုင်​သည်​ဖြစ်​၍ ကာ​လက်​၏​သ​မီး​ကို​ရ​လေ​သည်။ သူ​သည် ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​ဖြစ်​သ​တည်း။-
ויהי בבואה ותסיתהו לשאול מאת אביה השדה ותצנח מעל החמור ויאמר לה כלב מה לך׃ 14
၁၄မင်္ဂ​လာ​ဆောင်​သော​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​တွင်​လယ်​မြေ တစ်​ကွက်​ကို​တောင်း​ခံ​စေ​၏။ အာ​ခ​သ​သည် မြည်း​အ​ပေါ်​မှ​ဆင်း​လိုက်​သော​အ​ခါ​ကာ​လက် က``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှင်၊-
ותאמר לו הבה לי ברכה כי ארץ הנגב נתתני ונתתה לי גלת מים ויתן לה כלב את גלת עלית ואת גלת תחתית׃ 15
၁၅``ကျွန်​မ​အား​ဖ​ခင်​ပေး​ထား​သည့်​မြေ​ယာ သည်​ခြောက်​သွေ့​သည့်​အ​ရပ်​တွင်​တည်​ရှိ​ပါ သည်။ သို့​ဖြစ်​၍​ကျွန်​မ​အား​စမ်း​ရေ​တွင်း​တို့ ကို​လည်း​ပေး​စေ​ချင်​ပါ​သည်'' ဟု​ဆို​၏။ ထို အ​ခါ​ကာ​လက်​သည်​သူ့​အား​အ​ထက်​စမ်း ရေ​တွင်း​များ​နှင့်​အောက်​စမ်း​ရေ​တွင်း​များ ကို​ပေး​လေ​သည်။
ובני קיני חתן משה עלו מעיר התמרים את בני יהודה מדבר יהודה אשר בנגב ערד וילך וישב את העם׃ 16
၁၆မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-
וילך יהודה את שמעון אחיו ויכו את הכנעני יושב צפת ויחרימו אותה ויקרא את שם העיר חרמה׃ 17
၁၇ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ရှိ​မောင်​အ​နွယ်​ဝင် တို့​နှင့်​အ​တူ​လိုက်​၍ ဇေ​ဖတ်​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် နှိမ်​နင်း​လိုက်​ကြ​၏။ သူ​တို့​သည်​ထို​မြို့​ကို ကျိန်​ဆဲ​ကာ​ဖျက်​ဆီး​ပစ်​ပြီး​နောက်​ဟော်​မာ နာ​မည်​ဖြင့်​သ​မုတ်​ကြ​လေ​သည်။-
וילכד יהודה את עזה ואת גבולה ואת אשקלון ואת גבולה ואת עקרון ואת גבולה׃ 18
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား ကူ​မ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ ကို​သိမ်း​ပိုက်​နိုင်​ကြ​၏။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ အာ​ရှ ကေ​လုန်​မြို့၊ ဧ​ကြုံ​မြို့​နှင့်​ထို​မြို့​များ​၏​အ​နီး​ရှိ နယ်​ပယ်​များ​ကို​မူ​မ​သိမ်း​ပိုက်​နိုင်​ကြ​ချေ။ ပင် လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သော ဤ​သူ​တို့ တွင်​သံ​ရ​ထား​များ​ရှိ​သ​ဖြင့်​ယု​ဒ​အ​မျိုး သား​တို့​သည်​သူ​တို့​အား​နှင်​ထုတ်​ခြင်း​ငှာ မ​စွမ်း​ကြ။-
ויהי יהוה את יהודה וירש את ההר כי לא להוריש את ישבי העמק כי רכב ברזל להם׃ 19
၁၉
ויתנו לכלב את חברון כאשר דבר משה ויורש משם את שלשה בני הענק׃ 20
၂၀မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း​ကာ​လက်​သည် ဟေ​ဗြုန်​မြို့​ကို​ရ​ရှိ​လေ​သည်။ သူ​သည်​အာ​နက် မှ​ဆင်း​သက်​လာ​သော​သား​ချင်း​စု​သုံး​စု အား​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-
ואת היבוסי ישב ירושלם לא הורישו בני בנימן וישב היבוסי את בני בנימן בירושלם עד היום הזה׃ 21
၂၁ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​မူ​ကား​ယေ​ရု​ရှ​လင် မြို့​တွင် နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ အား​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​မ​ပြု​ကြ​ချေ။ သို့ ဖြစ်​၍​ထို​အ​ချိန်​အ​ခါ​မှ​အ​စ​ပြု​၍​ယေ​ဗု​သိ အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ခဲ့ ကြ​သ​တည်း။
ויעלו בית יוסף גם הם בית אל ויהוה עמם׃ 22
၂၂ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင် တို့​သည်​ဗေ​သ​လ​မြို့​ကို​တိုက်​ခိုက်​ရန်​သွား ရောက်​ကြ​၏။ ထို​စဉ်​အ​ခါ​က​ထို​မြို့​သည် လု​ဇ​မြို့​ဟု​အ​မည်​တွင်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​ကူ​ညီ​မ​စ​တော် မူ​၏။ မြို့​တွင်း​သို့​သူ​တို့​စေ​လွှတ်​လိုက်​သော သူ​လျှို​တို့​သည်၊-
ויתירו בית יוסף בבית אל ושם העיר לפנים לוז׃ 23
၂၃
ויראו השמרים איש יוצא מן העיר ויאמרו לו הראנו נא את מבוא העיר ועשינו עמך חסד׃ 24
၂၄မြို့​ထဲ​မှ​လူ​တစ်​ယောက်​ထွက်​လာ​သည်​ကို​မြင် ကြ​၏။ သူ​တို့​က​ထို​သူ​အား``မြို့​ထဲ​သို့​ဝင်​ရန် ငါ​တို့​အား​လမ်း​ပြ​မည်​ဆို​လျှင်​သင့်​ကို​ငါ တို့​အ​ဘယ်​သို့​မျှ​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ် ပါ'' ဟု​ပြော​ကြ​၏။-
ויראם את מבוא העיר ויכו את העיר לפי חרב ואת האיש ואת כל משפחתו שלחו׃ 25
၂၅ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-
וילך האיש ארץ החתים ויבן עיר ויקרא שמה לוז הוא שמה עד היום הזה׃ 26
၂၆ထို​သူ​သည်​ဟိတ္တိ​ပြည်​သို့​သွား​ပြီး​လျှင် မြို့ တစ်​မြို့​ကို​တည်​ထောင်​ကာ ထို​မြို့​ကို​လု​ဇ​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​သ​ဖြင့် ထို​မြို့​သည်​ယ​နေ့ တိုင်​အောင်​လု​ဇ​မြို့​ဟူ​၍​နာ​မည်​တွင်​လျက် ရှိ​သ​တည်း။
ולא הוריש מנשה את בית שאן ואת בנותיה ואת תענך ואת בנתיה ואת ישב דור ואת בנותיה ואת יושבי יבלעם ואת בנתיה ואת יושבי מגדו ואת בנותיה ויואל הכנעני לשבת בארץ הזאת׃ 27
၂၇မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှန်​မြို့၊ တာ​နက် မြို့၊ ဒေါ​ရ​မြို့၊ ဣ​ဗ​လံ​မြို့၊ မေ​ဂိဒ္ဒေါ​မြို့​တို့​နှင့်​ထို မြို့​တို့​၏​အ​နီး​ရှိ​မြို့​ရွာ​များ​မှ​လူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ရွာ​များ​၌​ပင်​ဆက်​လက် နေ​ထိုင်​ကြ​လေ​သည်။-
ויהי כי חזק ישראל וישם את הכנעני למס והוריש לא הורישו׃ 28
၂၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပို​၍​အင်​အား တောင့်​တင်း​လာ​သော​အ​ခါ ခါ​နာန်​အ​မျိုး​သား တို့​အား​ချွေး​တပ်​ဆွဲ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ အား​နှင်​ထုတ်​ခြင်း​ကို​မူ​မ​ပြု​ကြ။
ואפרים לא הוריש את הכנעני היושב בגזר וישב הכנעני בקרבו בגזר׃ 29
၂၉ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​သည်​လည်း ဂေ​ဇာ​မြို့​တွင် နေ​ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​နှင် မ​ထုတ်​ဘဲ​နေ​ကြ​၏။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက်​လက်​နေ ထိုင်​ကြ​၏။
זבולן לא הוריש את יושבי קטרון ואת יושבי נהלל וישב הכנעני בקרבו ויהיו למס׃ 30
၃၀ဇေ​ဗု​လုန်​အ​နွယ်​ဝင်​တို့​က​လည်း ကိ​တ​ရုန် မြို့​နှင့်​န​ဟာ​လော​လ​မြို့​တို့​တွင်​နေ​ထိုင်​သူ တို့​အား​နှင်​မ​ထုတ်​ဘဲ​နေ​ကြ​သ​ဖြင့် ခါ​နာန် အ​မျိုး​သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက် လက်​နေ​လျက်​သူ​တို့​၏​ချွေး​တပ်​ဆွဲ​ခြင်း ကို​ခံ​ရ​ကြ​၏။
אשר לא הוריש את ישבי עכו ואת יושבי צידון ואת אחלב ואת אכזיב ואת חלבה ואת אפיק ואת רחב׃ 31
၃၁အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​အက္ခော​မြို့၊ ဇိ​ဒုန်​မြို့၊ အာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊ ဟေ​လ​ဗ​မြို့၊ အာ​ဖိတ် မြို့၊ ရ​ဟော​ဘ​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။-
וישב האשרי בקרב הכנעני ישבי הארץ כי לא הורישו׃ 32
၃၂ထို့​ကြောင့်​အာ​ရှာ​အ​မျိုး​သား​တို့​သည်​ယင်း ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား​တို့​နှင့်​အ​တူ နေ​ထိုင်​ရ​ကြ​၏။
נפתלי לא הוריש את ישבי בית שמש ואת ישבי בית ענת וישב בקרב הכנעני ישבי הארץ וישבי בית שמש ובית ענת היו להם למס׃ 33
၃၃န​ဿ​လိ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ ဗေ​သ​နတ်​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား​နှင် မ​ထုတ်​ကြ​ဘဲ ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ​ကာ​သူ​တို့​အား ချွေး​တပ်​ဆွဲ​ကြ​လေ​သည်။
וילחצו האמרי את בני דן ההרה כי לא נתנו לרדת לעמק׃ 34
၃၄အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​ဒန်​အ​နွယ်​ဝင် တို့​အား တောင်​ကုန်း​ဒေ​သ​သို့​နှင်​ထုတ်​လိုက်​ကြ ပြီး​လျှင်​ချိုင့်​ဝှမ်း​ဒေ​သ​သို့​ပြန်​လာ​ခွင့်​မ​ပြု ကြ။-
ויואל האמרי לשבת בהר חרס באילון ובשעלבים ותכבד יד בית יוסף ויהיו למס׃ 35
၃၅အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့​နှင့်​ဟေ​ရက်​တောင်​စ​ခန်း​မြို့​တို့ တွင်​ဆက်​လက်​နေ​ထိုင်​ကြ​၏။ သို့​ရာ​တွင်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​သူ တို့​အား​ဆက်​လက်​အုပ်​စိုး​၍​ချွေး​တပ်​ဆွဲ​ကြ လေ​သည်။
וגבול האמרי ממעלה עקרבים מהסלע ומעלה׃ 36
၃၆သေ​လ​မြို့​၏​မြောက်​ဘက်​တွင်​ဧ​ဒုံ​ပြည်​နယ် နိ​မိတ်​သည် အ​က​ရဗ္ဗိမ်​တောင်​ကြား​လမ်း​ကို ဖြတ်​၍​သွား​သ​တည်း။

< שופטים 1 >