< שופטים 4 >
ויספו בני ישראל לעשות הרע בעיני יהוה ואהוד מת׃ | 1 |
၁ဧဟုဒသေလွန်ပြီးနောက်ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား အားတစ်ဖန်ပြစ်မှားကြပြန်၏။-
וימכרם יהוה ביד יבין מלך כנען אשר מלך בחצור ושר צבאו סיסרא והוא יושב בחרשת הגוים׃ | 2 |
၂သို့ဖြစ်၍ထာဝရဘုရားသည်ဟာဇာမြို့ ၌မင်းပြုသူခါနာန်ဘုရင်ရာဘိန်အား သူတို့ ကိုတိုက်ခိုက်အောင်မြင်စေတော်မူ၏။ ထိုမင်း ၏စစ်သူကြီးမှာလူမျိုးခြားတို့နေရာ၊ ဟာ ရောရှက်မြို့သားသိသရဖြစ်၏။-
ויצעקו בני ישראל אל יהוה כי תשע מאות רכב ברזל לו והוא לחץ את בני ישראל בחזקה עשרים שנה׃ | 3 |
၃ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
ודבורה אשה נביאה אשת לפידות היא שפטה את ישראל בעת ההיא׃ | 4 |
၄ထိုအခါလဝိဒုတ်၏ဇနီးဒေဗောရသည် ပရောဖက်မဖြစ်၍ ဣသရေလအမျိုးသား တို့အတွက်တရားသူကြီးတစ်ဦးအဖြစ် အမှုထမ်းလျက်နေ၏။-
והיא יושבת תחת תמר דבורה בין הרמה ובין בית אל בהר אפרים ויעלו אליה בני ישראל למשפט׃ | 5 |
၅သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။-
ותשלח ותקרא לברק בן אבינעם מקדש נפתלי ותאמר אליו הלא צוה יהוה אלהי ישראל לך ומשכת בהר תבור ולקחת עמך עשרת אלפים איש מבני נפתלי ומבני זבלון׃ | 6 |
၆တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
ומשכתי אליך אל נחל קישון את סיסרא שר צבא יבין ואת רכבו ואת המונו ונתתיהו בידך׃ | 7 |
၇သင့်ကိုတိုက်ခိုက်စေရန်ရာဘိန်မင်း၏စစ်သူ ကြီးသိသရကိုကိရှုန်မြစ်သို့ငါခေါ်ဆောင် ခဲ့မည်။ သူ၏ထံတွင်ရထားများနှင့်စစ်သည် ဗိုလ်ပါများပါရှိလိမ့်မည်။ သို့ရာတွင်ငါသည် သင့်အားသူ့ကိုနိုင်နင်းအောင်မြင်စေမည်' ဟု သင့်အားမိန့်တော်မူလေပြီ'' ဟုပြော၏။
ויאמר אליה ברק אם תלכי עמי והלכתי ואם לא תלכי עמי לא אלך׃ | 8 |
၈ထိုအခါဗာရက်က``အကယ်၍အကျွန်ုပ်နှင့် အတူ အရှင်လိုက်မည်ဆိုလျှင်အကျွန်ုပ်သွား ပါမည်။ အရှင်မလိုက်လိုပါကအကျွန်ုပ် လည်းမသွားလိုပါ'' ဟုဆို၏။
ותאמר הלך אלך עמך אפס כי לא תהיה תפארתך על הדרך אשר אתה הולך כי ביד אשה ימכר יהוה את סיסרא ותקם דבורה ותלך עם ברק קדשה׃ | 9 |
၉ဒေဗောရကလည်း``ကောင်းပြီ၊ သင်နှင့်အတူ ငါလိုက်ပါအံ့။ သို့ရာတွင်သင်သည်ထိုအောင် ပွဲနှင့်ဆိုင်သောဂုဏ်အသရေကိုရရှိလိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည်သိသရကိုအမျိုးသမီးလက် သို့ပေးအပ်တော်မူလိမ့်မည်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ သို့ဖြစ်၍ဒေဗောရသည် ဗာရက်နှင့်အတူကိရှန်မြစ်သို့ထွက်ခွာ သွား၏။-
ויזעק ברק את זבולן ואת נפתלי קדשה ויעל ברגליו עשרת אלפי איש ותעל עמו דבורה׃ | 10 |
၁၀ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
וחבר הקיני נפרד מקין מבני חבב חתן משה ויט אהלו עד אלון בצענים אשר את קדש׃ | 11 |
၁၁ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။
ויגדו לסיסרא כי עלה ברק בן אבינעם הר תבור׃ | 12 |
၁၂တာဗော်တောင်သို့ဗာရက်တက်သွားသည့် အကြောင်းကို သိသရကြားသိသောအခါ၊-
ויזעק סיסרא את כל רכבו תשע מאות רכב ברזל ואת כל העם אשר אתו מחרשת הגוים אל נחל קישון׃ | 13 |
၁၃သူသည်သံရထားကိုးရာနှင့်မိမိ၏လူ အပေါင်းတို့ကိုစုရုံးစေပြီးလျှင် လူမျိုး ခြားတို့နေရာဟာရောရှက်မြို့မှကိရှုန် မြစ်သို့စေလွှတ်လိုက်လေသည်။
ותאמר דברה אל ברק קום כי זה היום אשר נתן יהוה את סיסרא בידך הלא יהוה יצא לפניך וירד ברק מהר תבור ועשרת אלפים איש אחריו׃ | 14 |
၁၄ထိုအခါဒေဗောရကဗာရက်အား``သင်သွား လော့။ ထာဝရဘုရားသည်သင့်အားရှေ့ဆောင် လျက်နေတော်မူပြီ။ ယနေ့၌ပင်ကိုယ်တော် သည်သင့်အားသိသရအပေါ်တွင်အောင်ပွဲ ခံစေတော်မူလေပြီ'' ဟုပြော၏။ သို့ဖြစ်၍ ဗာရက်သည်မိမိ၏လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းပြီးနောက်၊-
ויהם יהוה את סיסרא ואת כל הרכב ואת כל המחנה לפי חרב לפני ברק וירד סיסרא מעל המרכבה וינס ברגליו׃ | 15 |
၁၅ရန်သူကိုတိုက်ခိုက်ရာထာဝရဘုရားသည် သိသရ၏သံရထားများနှင့်တပ်သားတို့ ကိုကစဥ့်ကရဲဖြစ်စေတော်မူသဖြင့် သိသရ သည်မိမိရထားမှဆင်း၍ခြေလျင်ထွက် ပြေးလေ၏။-
וברק רדף אחרי הרכב ואחרי המחנה עד חרשת הגוים ויפל כל מחנה סיסרא לפי חרב לא נשאר עד אחד׃ | 16 |
၁၆ဗာရက်သည်လည်းသူ၏ရထားများနှင့်တပ် သားတို့ကို လူမျိုးခြားတို့နေရာဟာရောရှက် မြို့သို့တိုင်အောင်လိုက်လံတိုက်ခိုက်ရာ သိသရ ၏တပ်သားတို့သည်တစ်ယောက်မျှမကျန် သေဆုံးကြကုန်၏။
וסיסרא נס ברגליו אל אהל יעל אשת חבר הקיני כי שלום בין יבין מלך חצור ובין בית חבר הקיני׃ | 17 |
၁၇သိသရသည်ကေနိအမျိုးသားဟေဗာ ၏ဇနီးယေလ၏တဲသို့ထွက်ပြေးသွားလေ သည်။ အဘယ်ကြောင့်ဆိုသော်ဟာဇော်ဘုရင် ယာဘိန်နှင့်ဟေဗာ၏မိသားစုသင့်မြတ် မှုရှိသောကြောင့်ဖြစ်၏။-
ותצא יעל לקראת סיסרא ותאמר אליו סורה אדני סורה אלי אל תירא ויסר אליה האהלה ותכסהו בשמיכה׃ | 18 |
၁၈ယေလသည်ထွက်၍သိသရအား``ကြွတော် မူပါ။ ကျွန်တော်မတဲထဲသို့ဝင်တော်မူပါ။ ကြောက်လန့်တော်မမူပါနှင့်'' ဟုဖိတ်ခေါ် လေသည်။ သို့ဖြစ်၍စစ်သူကြီးသည်တဲထဲ သို့ဝင်လေသော်ယေလသည်သူ့အားကန့်လန့် ကာတစ်ခု၏နောက်တွင်ကွယ်ဝှက်၍ထား၏။-
ויאמר אליה השקיני נא מעט מים כי צמאתי ותפתח את נאוד החלב ותשקהו ותכסהו׃ | 19 |
၁၉သူကလည်း``ငါရေငတ်သည်၊ ရေတစ်ပေါက် လောက်သောက်ပါရစေ'' ဟုယေလအားပြော လျှင်ယေလသည်နွားနို့ထည့်ထားသော သားရေဘူးကိုဖွင့်၍ နို့တစ်ခွက်ကိုပေးပြီး နောက်သူ့အားပြန်၍ဝှက်ထားလေသည်။-
ויאמר אליה עמד פתח האהל והיה אם איש יבוא ושאלך ואמר היש פה איש ואמרת אין׃ | 20 |
၂၀ထိုနောက်သိသရက``သင်သည်တဲတံခါးဝ ၌စောင့်နေပါလော့။ အကယ်၍တဲထဲတွင်လူ တစ်စုံတစ်ယောက်ရှိပါသလောဟုမေးမြန်း လာသူရှိပါက`မရှိပါ' ဟုပြန်ပြောပါ လေ'' ဟုယေလအားမှာထားလိုက်၏။
ותקח יעל אשת חבר את יתד האהל ותשם את המקבת בידה ותבוא אליו בלאט ותתקע את היתד ברקתו ותצנח בארץ והוא נרדם ויעף וימת׃ | 21 |
၂၁သိသရသည်အလွန်မောပန်းသဖြင့်အိပ် ပျော်သွားလေသည်။ ထိုအခါယေလသည်တူ တစ်လက်နှင့်တဲရှင်ငုတ်ချွန်တစ်ချောင်းကိုယူ၍ သူ့ထံသို့တိတ်ဆိတ်စွာသွားပြီးလျှင်ငုတ် ချွန်ကိုမြေ၌စွဲသည်တိုင်အောင်သူ၏နား ထင်သို့ရိုက်သွင်းလိုက်လေသည်။-
והנה ברק רדף את סיסרא ותצא יעל לקראתו ותאמר לו לך ואראך את האיש אשר אתה מבקש ויבא אליה והנה סיסרא נפל מת והיתד ברקתו׃ | 22 |
၂၂သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။
ויכנע אלהים ביום ההוא את יבין מלך כנען לפני בני ישראל׃ | 23 |
၂၃ထိုနေ့၌ထာဝရဘုရားသည်ခါနာန်ဘုရင် ယာဘိန်၏အပေါ်၌ ဣသရေလအမျိုးသား တို့အားအောင်ပွဲခံစေတော်မူသတည်း။-
ותלך יד בני ישראל הלוך וקשה על יבין מלך כנען עד אשר הכריתו את יבין מלך כנען׃ | 24 |
၂၄သူတို့သည်ထိုဘုရင်အားဆုံးရှုံးပျက်စီးသွား သည့်တိုင်အောင်တိုး၍တိုး၍ပြင်းပြင်းထန် ထန်တိုက်ခိုက်ကြ၏။