< שופטים 13 >
ויספו בני ישראל לעשות הרע בעיני יהוה ויתנם יהוה ביד פלשתים ארבעים שנה׃ | 1 |
၁ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
ויהי איש אחד מצרעה ממשפחת הדני ושמו מנוח ואשתו עקרה ולא ילדה׃ | 2 |
၂ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
וירא מלאך יהוה אל האשה ויאמר אליה הנה נא את עקרה ולא ילדת והרית וילדת בן׃ | 3 |
၃ထာဝရဘုရား၏ကောင်းကင်တမန်သည် ထို အမျိုးသမီး၏ရှေ့တွင်ပေါ်လာ၍``သင်သည် အဘယ်အခါမျှသားသမီးမရနိုင်ခဲ့ သော်လည်း မကြာမီကိုယ်ဝန်ဆောင်၍သား ယောကျာ်းကိုဖွားမြင်လိမ့်မည်။-
ועתה השמרי נא ואל תשתי יין ושכר ואל תאכלי כל טמא׃ | 4 |
၄သို့ဖြစ်၍စပျစ်ရည်ကိုသော်လည်းကောင်း၊ သေ ရည်သေရက်ကိုသော်လည်းကောင်း ဘယ်အခါ ၌မျှမသောက်နှင့်။ တားမြစ်ထားသည့်အစား အစာမှန်သမျှကိုလည်းရှောင်လော့။-
כי הנך הרה וילדת בן ומורה לא יעלה על ראשו כי נזיר אלהים יהיה הנער מן הבטן והוא יחל להושיע את ישראל מיד פלשתים׃ | 5 |
၅သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
ותבא האשה ותאמר לאישה לאמר איש האלהים בא אלי ומראהו כמראה מלאך האלהים נורא מאד ולא שאלתיהו אי מזה הוא ואת שמו לא הגיד לי׃ | 6 |
၆ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
ויאמר לי הנך הרה וילדת בן ועתה אל תשתי יין ושכר ואל תאכלי כל טמאה כי נזיר אלהים יהיה הנער מן הבטן עד יום מותו׃ | 7 |
၇သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
ויעתר מנוח אל יהוה ויאמר בי אדוני איש האלהים אשר שלחת יבוא נא עוד אלינו ויורנו מה נעשה לנער היולד׃ | 8 |
၈ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
וישמע האלהים בקול מנוח ויבא מלאך האלהים עוד אל האשה והיא יושבת בשדה ומנוח אישה אין עמה׃ | 9 |
၉ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
ותמהר האשה ותרץ ותגד לאישה ותאמר אליו הנה נראה אלי האיש אשר בא ביום אלי׃ | 10 |
၁၀သို့ဖြစ်၍သူသည်ချက်ချင်းပြေး၍မိမိ၏ ခင်ပွန်းအား``တစ်နေ့ကကျွန်မထံသို့လာ သူသည်ယခုပြန်လည်ရောက်ရှိနေပါပြီ'' ဟုပြော၏။
ויקם וילך מנוח אחרי אשתו ויבא אל האיש ויאמר לו האתה האיש אשר דברת אל האשה ויאמר אני׃ | 11 |
၁၁မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။ ``မှန်ပါသည်'' ဟုထိုသူကဆို၏။
ויאמר מנוח עתה יבא דבריך מה יהיה משפט הנער ומעשהו׃ | 12 |
၁၂မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
ויאמר מלאך יהוה אל מנוח מכל אשר אמרתי אל האשה תשמר׃ | 13 |
၁၃ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-
מכל אשר יצא מגפן היין לא תאכל ויין ושכר אל תשת וכל טמאה אל תאכל כל אשר צויתיה תשמר׃ | 14 |
၁၄သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။
ויאמר מנוח אל מלאך יהוה נעצרה נא אותך ונעשה לפניך גדי עזים׃ | 15 |
၁၅မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
ויאמר מלאך יהוה אל מנוח אם תעצרני לא אכל בלחמך ואם תעשה עלה ליהוה תעלנה כי לא ידע מנוח כי מלאך יהוה הוא׃ | 16 |
၁၆
ויאמר מנוח אל מלאך יהוה מי שמך כי יבא דבריך וכבדנוך׃ | 17 |
၁၇မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
ויאמר לו מלאך יהוה למה זה תשאל לשמי והוא פלאי׃ | 18 |
၁၈ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
ויקח מנוח את גדי העזים ואת המנחה ויעל על הצור ליהוה ומפלא לעשות ומנוח ואשתו ראים׃ | 19 |
၁၉သို့ဖြစ်၍မာနော်သည်ဆိတ်ငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ကျောက်ယဇ်ပလ္လင်ပေါ် တွင်တင်ပြီးလျှင် အံ့သြဖွယ်အမှုတို့ကိုပြု တော်မူသောထာဝရဘုရားအားပူဇော် လေ၏။-
ויהי בעלות הלהב מעל המזבח השמימה ויעל מלאך יהוה בלהב המזבח ומנוח ואשתו ראים ויפלו על פניהם ארצה׃ | 20 |
၂၀ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
ולא יסף עוד מלאך יהוה להראה אל מנוח ואל אשתו אז ידע מנוח כי מלאך יהוה הוא׃ | 21 |
၂၁
ויאמר מנוח אל אשתו מות נמות כי אלהים ראינו׃ | 22 |
၂၂မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
ותאמר לו אשתו לו חפץ יהוה להמיתנו לא לקח מידנו עלה ומנחה ולא הראנו את כל אלה וכעת לא השמיענו כזאת׃ | 23 |
၂၃သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။
ותלד האשה בן ותקרא את שמו שמשון ויגדל הנער ויברכהו יהוה׃ | 24 |
၂၄ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။-
ותחל רוח יהוה לפעמו במחנה דן בין צרעה ובין אשתאל׃ | 25 |
၂၅သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။