< איוב 34 >
၁တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊
שמעו חכמים מלי וידעים האזינו לי׃ | 2 |
၂အကြားအမြင်များသော ပညာရှိ တို့၊ ငါ့ စကား ကို နားထောင် နာယူ ကြလော့။
כי אזן מלין תבחן וחך יטעם לאכל׃ | 3 |
၃ခံတွင်း သည် အစာကို မြည်းစမ်း သကဲ့သို့၊ နား သည် စကား ကို စုံစမ်း တတ်၏။
משפט נבחרה לנו נדעה בינינו מה טוב׃ | 4 |
၄ငါတို့သည် ကိုယ် အဘို့ အလိုငှါ စစ် ၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်း သောအရာ ကို ကိုယ်တိုင် အားဖြင့်သိမှတ် ကြကုန်အံ့။
כי אמר איוב צדקתי ואל הסיר משפטי׃ | 5 |
၅ယောဘ က၊ ငါဖြောင့်မတ် ၏။ ဘုရား သခင်သည် ငါ့ ကို အမှု ရှုံး စေတော်မူ၏။
על משפטי אכזב אנוש חצי בלי פשע׃ | 6 |
၆ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
מי גבר כאיוב ישתה לעג כמים׃ | 7 |
၇ယောဘ နှင့် တူသော သူ တစုံတယောက်ရှိလိမ့်မည်လော။ ရေ ကို သောက်သကဲ့သို့ ကဲ့ရဲ့ ခြင်းကို မျို တတ်၏။
וארח לחברה עם פעלי און וללכת עם אנשי רשע׃ | 8 |
၈မ တရားသဖြင့်ကျင့် သောသူတို့ နှင့် ပေါင်းဘော် ၍၊ လူဆိုး တို့နှင့် သွား လာတတ်၏။
כי אמר לא יסכן גבר ברצתו עם אלהים׃ | 9 |
၉လူ သည်ဘုရား သခင်၌ မွေ့လျော် ၍၊ အကျိုး မ ရှိဟု ယောဘသည် ဆို မိပြီ။
לכן אנשי לבב שמעו לי חללה לאל מרשע ושדי מעול׃ | 10 |
၁၀သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။
כי פעל אדם ישלם לו וכארח איש ימצאנו׃ | 11 |
၁၁လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။
אף אמנם אל לא ירשיע ושדי לא יעות משפט׃ | 12 |
၁၂အကယ် စင်စစ်ဘုရား သခင်သည် ဒုစရိုက် ကို ပြုတော်မ မူ။ အနန္တ တန်ခိုးရှင်သည် မ တရားသဖြင့် စီရင် တော်မ မူ။
מי פקד עליו ארצה ומי שם תבל כלה׃ | 13 |
၁၃မြေကြီး ကို ဘုရားသခင်၌ အဘယ်သူ အပ် သနည်း။ လောကဓါတ်လုံး ကို အဘယ်သူ စီရင်ပြုပြင် သနည်း။
אם ישים אליו לבו רוחו ונשמתו אליו יאסף׃ | 14 |
၁၄ဘုရားသခင်သည် လူကို အလို တော်မရှိ၍ ၊ လူ၏အသက် ဝိညာဉ် ကို ရုပ်သိမ်း တော်မူလျှင်၊
יגוע כל בשר יחד ואדם על עפר ישוב׃ | 15 |
၁၅ခပ်သိမ်း သော လူ သတ္တဝါတို့သည် ချက်ခြင်း သေ ပျောက်၍ မြေမှုန့် သို့ တဖန် ရောက်ရကြလိမ့်မည်။
ואם בינה שמעה זאת האזינה לקול מלי׃ | 16 |
၁၆ယခု မှာသင်သည် ဉာဏ် ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့ စကား သံ ကို နားထောင် ဦးလော့။
האף שונא משפט יחבוש ואם צדיק כביר תרשיע׃ | 17 |
၁၇တရား ကို မုန်း သောသူသည် အစိုးရ ရမည်လော။ တရား သဖြင့် စီရင်၍ တန်ခိုး ကြီးသောသူကို အပြစ် တင်သင့်သလော။
האמר למלך בליעל רשע אל נדיבים׃ | 18 |
၁၈သင်သည်လူဆိုး ဖြစ်၏ဟု ရှင်ဘုရင် ကို ၎င်း၊ သင်တို့သည် အဓမ္မ လူဖြစ်ကြ၏ဟုမင်း တို့ကို ၎င်းဆို သင့် သလော ။
אשר לא נשא פני שרים ולא נכר שוע לפני דל כי מעשה ידיו כלם׃ | 19 |
၁၉ထိုမျှမက၊ မင်း တို့၏မျက်နှာ ကို ထောက် တော်မ မူ။ ဆင်းရဲ သောသူကို အားနာသည်ထက်၊ ရ တတ် သောသူကိုသာ၍အားနာ တော်မ မူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်း တော်မူပြီ။
רגע ימתו וחצות לילה יגעשו עם ויעברו ויסירו אביר לא ביד׃ | 20 |
၂၀တခဏ ခြင်းတွင် သတ္တဝါတို့သည် သေ တတ်ကြ၏။ သန်းခေါင် အချိန်၌ လူမျိုး တစုံတမျိုး တုန်လှုပ် ကွယ်ပျောက် ၍၊ အားကြီး သောသူသော်လည်းအဘယ်သူမျှမ ပြု ဘဲ သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
כי עיניו על דרכי איש וכל צעדיו יראה׃ | 21 |
၂၁အကြောင်း မူကား၊ လူ သွားရာလမ်း တို့ကို ဘုရားသခင် ကြည့်ရှု ၍၊ လူခြေရာ ရှိသမျှ တို့ကို မြင် တော်မူ၏။
אין חשך ואין צלמות להסתר שם פעלי און׃ | 22 |
၂၂မ တရားသဖြင့် ကျင့် သောသူ၏ ပုန်းရှောင် ရာ မှောင်မိုက် ၊ သေမင်း အရိပ်တစုံတခုမျှမ ရှိ။
כי לא על איש ישים עוד להלך אל אל במשפט׃ | 23 |
၂၃ဘုရား သခင့်ရှေ့တော်၌ လူ သည် တရား တွေ့ သောအခါ ၊ အထပ်ထပ် စစ်ကြော တော်မူစရာ အကြောင်းမ ရှိ။
ירע כבירים לא חקר ויעמד אחרים תחתם׃ | 24 |
၂၄အားကြီး သောသူတို့ကိုပင် မ စစ်ကြော ဘဲ ချိုးဖျက် ၍ ၊ သူ တို့အရာ ၌ အခြား သောသူကို ခန့်ထား တော်မူ၏။
לכן יכיר מעבדיהם והפך לילה וידכאו׃ | 25 |
၂၅သို့ဖြစ်၍ သူ တို့ပြု သမျှကို သိ တော်မူသဖြင့် ၊ ညဉ့် မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီး တော်မူ၏။
תחת רשעים ספקם במקום ראים׃ | 26 |
၂၆သူ တို့အပြစ် ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။
אשר על כן סרו מאחריו וכל דרכיו לא השכילו׃ | 27 |
၂၇အကြောင်း မူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ် ကြ၏။ ပြုတော်မူသောအမှု တို့ကို အလျှင်း မ ဆင်ခြင် ကြ။
להביא עליו צעקת דל וצעקת עניים ישמע׃ | 28 |
၂၈ထိုသို့ပြုသောကြောင့်ဆင်းရဲသား ငိုကြွေး သံသည် ရှေ့တော်သို့ တက်၍ ၊ ညှဉ်းဆဲ ခံရသောသူ၏ ငိုကြွေး သံကိုကြား တော်မူရ၏။
והוא ישקט ומי ירשע ויסתר פנים ומי ישורנו ועל גוי ועל אדם יחד׃ | 29 |
၂၉ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
ממלך אדם חנף ממקשי עם׃ | 30 |
၃၀ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်းအဓမ္မ မင်းတို့ကို နှိမ့်ချတော်မူ၏။
כי אל אל האמר נשאתי לא אחבל׃ | 31 |
၃၁အကျွန်ုပ်သည် ဆုံးမ တော်မူခြင်းကိုခံရပါပြီ။ နောက်တဖန် မ ပြစ်မှား ပါ။
בלעדי אחזה אתה הרני אם עול פעלתי לא אסיף׃ | 32 |
၃၂အကျွန်ုပ်နား မ လည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက် ကို ပြု မိသည်ဖြစ်၍၊ နောက် တဖန် မ ပြုဘဲ နေပါမည်ဟု ဘုရား သခင်အား လျှောက်သင့် သည် မဟုတ်လော။
המעמך ישלמנה כי מאסת כי אתה תבחר ולא אני ומה ידעת דבר׃ | 33 |
၃၃သင်သည် ငြင်းပယ် သည်ဖြစ်စေ၊ ရွေးယူ သည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍ ၊ အလိုတော် သို့မ လိုက်ဘဲ အကျိုးအပြစ်ကိုပေး တော်မူရမည် လော ။ သို့ဖြစ်လျှင် နားလည် သည်အတိုင်း ပြော ပါ။
אנשי לבב יאמרו לי וגבר חכם שמע לי׃ | 34 |
၃၄ဉာဏ် ကောင်းသောသူ တို့ သည် စကားပြော ပါစေ။ ပညာ ရှိသောသူတို့ သည် ငါ့ စကားကို နားထောင် ပါစေ။
איוב לא בדעת ידבר ודבריו לא בהשכיל׃ | 35 |
၃၅ယောဘ သည် နား မ လည်ဘဲပြော မိပြီ။ သူ ပြော သောစကား သည် ပညာ စကားမ ဟုတ်။
אבי יבחן איוב עד נצח על תשבת באנשי און׃ | 36 |
၃၆ယောဘ သည် မတရား သော သူ ကဲ့သို့ပြန်ပြော တတ်သောကြောင့် ၊ အဆုံး တိုင်အောင် စုံစမ်း စေခြင်းငှါ ငါအလိုရှိ ၏။
כי יסיף על חטאתו פשע בינינו יספוק וירב אמריו לאל׃ | 37 |
၃၇ဒုစရိုက် ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ် ရှိသေး၏။ ငါ တို့တွင် အောင်ပွဲ ကိုခံ၍ ၊ ဘုရား သခင်ကို ပြစ်မှားသောစကား နှင့် များစွာ ပြော တတ်သည်ဟု မြွက်ဆို၏။