< ירמיה 43 >
ויהי ככלות ירמיהו לדבר אל כל העם את כל דברי יהוה אלהיהם אשר שלחו יהוה אלהיהם אליהם את כל הדברים האלה׃ | 1 |
၁ငါသည်လူတို့ကိုပြောကြားရန်သူတို့၏ ဘုရားသခင်ထာဝရဘုရား စေလွှတ်မှာ ကြားတော်မူသမျှသောစကားတို့ကို ဆင့်ဆိုပြီးသောအခါ၊-
ויאמר עזריה בן הושעיה ויוחנן בן קרח וכל האנשים הזדים אמרים אל ירמיהו שקר אתה מדבר לא שלחך יהוה אלהינו לאמר לא תבאו מצרים לגור שם׃ | 2 |
၂ဟောရှဲ၏သားအာဇရိ၊ ကာရာ၏သား ယောဟနန်နှင့်အခြားမောက်မာထောင်လွှား သူလူအပေါင်းတို့သည် ငါ့အား``သင်သည်မု သားစကားကိုပြော၏။ ငါတို့ဘုရားသခင် သည်ငါတို့အားအီဂျစ်ပြည်သို့သွားရောက် နေထိုင်မှုမပြုရဟုပြောကြားရန် သင့်ကို စေလွှတ်တော်မူခဲ့သည်မဟုတ်။-
כי ברוך בן נריה מסית אתך בנו למען תת אתנו ביד הכשדים להמית אתנו ולהגלות אתנו בבל׃ | 3 |
၃နေရိ၏သားဗာရုတ်သည်ငါတို့အားဗာဗု လုန်အမျိုးသားတို့သတ်ဖြတ်နိုင်ကြစေရန် သော်လည်းကောင်း၊ ဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားနိုင်ကြစေရန်သော်လည်းကောင်း သူတို့ လက်သို့ငါတို့အားပေးအပ်ရန်သင့်ကို လှုံ့ဆော်ထားလေပြီ'' ဟုပြောဆိုကြ၏။-
ולא שמע יוחנן בן קרח וכל שרי החילים וכל העם בקול יהוה לשבת בארץ יהודה׃ | 4 |
၄သို့ဖြစ်၍ယောဟနန်၊ တပ်မှူးများနှင့်လူ အပေါင်းတို့သည် ယုဒပြည်တွင်နေထိုင်ရန် ထာဝရဘုရား၏အမိန့်တော်ကိုမနာ ခံကြ။-
ויקח יוחנן בן קרח וכל שרי החילים את כל שארית יהודה אשר שבו מכל הגוים אשר נדחו שם לגור בארץ יהודה׃ | 5 |
၅ထိုနောက်ယောဟနန်နှင့်တပ်မှူးအပေါင်း တို့သည် ယုဒပြည်တွင်ကျန်ရှိနေသမျှ သောလူတို့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် သွားကြ၏။ သူတို့သည်နိုင်ငံတကာတွင် ကွဲလွင့်၍နေရာမှ ယုဒပြည်တွင်နေထိုင် ရန်ပြန်လည်ရောက်ရှိလာသူများဖြစ်သည့်၊-
את הגברים ואת הנשים ואת הטף ואת בנות המלך ואת כל הנפש אשר הניח נבוזראדן רב טבחים את גדליהו בן אחיקם בן שפן ואת ירמיהו הנביא ואת ברוך בן נריהו׃ | 6 |
၆အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် နှင့်ဘုရင့်သမီးတော်အစရှိသည့်လူအ ပေါင်းတို့ကိုလည်းကောင်း၊ ဂေဒလိလက်တွင် နေဗုဇာရဒန်အပ်နှံထားခဲ့သောငါနှင့် ဗာရုတ်အစရှိသည့်လူအပေါင်းတို့ကို လည်းကောင်းခေါ်ဆောင်သွားသတည်း။-
ויבאו ארץ מצרים כי לא שמעו בקול יהוה ויבאו עד תחפנחס׃ | 7 |
၇သူတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်ကာ တာပနက်မြို့တိုင်အောင် အီဂျစ်ပြည်ထဲသို့ဝင်ရောက်ကြလေသည်။
ויהי דבר יהוה אל ירמיהו בתחפנחס לאמר׃ | 8 |
၈တာပနက်မြို့၌ထာဝရဘုရားသည်ငါ့အား၊-
קח בידך אבנים גדלות וטמנתם במלט במלבן אשר בפתח בית פרעה בתחפנחס לעיני אנשים יהודים׃ | 9 |
၉``ကျောက်တုံးကြီးအချို့ကိုယူ၍ ဤမြို့ရှိ အစိုးရအိမ်တော်အဝင်ဝနေရာတွင်မြှုပ် ထားလော့။ ဤသို့သင်ပြုသည်ကိုလည်းအချို့ သောယုဒအမျိုးသားတို့မြင်ပါစေ။-
ואמרת אליהם כה אמר יהוה צבאות אלהי ישראל הנני שלח ולקחתי את נבוכדראצר מלך בבל עבדי ושמתי כסאו ממעל לאבנים האלה אשר טמנתי ונטה את שפרורו עליהם׃ | 10 |
၁၀ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
ובאה והכה את ארץ מצרים אשר למות למות ואשר לשבי לשבי ואשר לחרב לחרב׃ | 11 |
၁၁နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
והצתי אש בבתי אלהי מצרים ושרפם ושבם ועטה את ארץ מצרים כאשר יעטה הרעה את בגדו ויצא משם בשלום׃ | 12 |
၁၂ငါသည်အီဂျစ်ဘုရားဝတ်ကျောင်းများကို မီးရှို့မည်။ ဗာဗုလုန်ဘုရင်အားထိုဝတ်ကျောင်း များမှဘုရားတို့ကိုမီးရှို့စေမည်။ သို့မဟုတ် လျှင်လည်းသိမ်းယူသွားစေမည်။ သိုးထိန်းသည် မိမိ၏အဝတ်မှသန်းများကိုကုန်စင်အောင် ရှာသကဲ့သို့ ဗာဗုလုန်ဘုရင်သည်ဤပြည် မှပစ္စည်းဥစ္စာများကိုအကုန်အစင်ရှာ၍ ယူပြီးလျှင်အောင်မြင်စွာထွက်ခွာသွား လိမ့်မည်။-
ושבר את מצבות בית שמש אשר בארץ מצרים ואת בתי אלהי מצרים ישרף באש׃ | 13 |
၁၃သူသည်အီဂျစ်ပြည်ရှိနေမင်းမြို့တော်အ ထိမ်းအမှတ်ကျောက်တိုင်များကိုချိုးဖျက် ၍အီဂျစ်ဘုရားဝတ်ကျောင်းများကိုမီးရှို့ လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။